သရုပ်ဆောင်တော်လွန်းလို့ ပရိသတ်တွေ မချီးကျူးပဲ မနေနိုင်တဲ့ မိန်းမချောနဲ့မုန်းမာန်





CRD-Momolay

UNICODE

အခုတလောပရိသတ်တွေကြားမှာရေပန်းစားနေတဲ့”ကျွန်မကမဟေသီ”ဇာတ်လမ်းတွဲကိုမကြည့်ဖူးတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။တည်ငြိမ်ပြီးစိတ်ဓာတ်ခိုင်မာသူစံမြန်းနဲ့လောဘတွေအတ္တတွေဖုံးလွှမ်းနေတဲ့မိန်းမချောဆိုတဲ့ဇာတ်ကောင်နှစ်ယောက်ရဲ့အားပြိုင်မှုကိုစိတ်ဝင်စားဖွယ်ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲပဲဖြစ်ပါတယ်။”ကျွန်မကမဟေသီ”ကသျှင်မရဲ့နမည်ကြီးဝတ္ထုတစ်ပုဒ်ကို ဇာတ်လမ်းတွဲအဖြစ် ဒါရိုက်တာ အိအိခိုင်က အသက်သွင်း ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။

“ကျွန်မကမဟေသီ”ဇာတ်လမ်းတွဲကြီးမှာအောင်ရေချမ်း၊ဝင့်ယမုံနိုင်၊သံသာမိုးသိမ့်၊အကယ်ဒမီရဲအောင်၊အကယ်ဒမီမေသဉ္ဖာဦး၊အကယ်ဒမီဇော်ဦးတို့ကအဓိကသရုပ်ဆောင်ထားတာဖြစ်ပြီးကလေးသရုပ်ဆောင်များအဖြစ်အားကိုးရာနဲ့ပြည့်သုတနိုင်တို့က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ထိုထဲကမှ မိန်းမချောနဲ့ မုန်းမာန်ဆိုတဲ့ သားအမိ ဇာတ်ကောင်အတွက် သံသာမိုးသိမ့်နဲ့ ကလေးသရုပ်ဆောင် အားကိုးရာ တို့က သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ သံသာမိုးသိမ့်ကလဲ သူမရဲ့ နုနယ်တဲ့မျက်နှာနဲ့ မလိုက်ဖက်လွန်းလောက်အောင် အတ္တကြီးတဲ့မိန်းမတစ်ဦးအဖြစ်သရုပ်ဆောင်ထားသလိုအားကိုးရာကလဲအရွယ်နဲ့မလိုက်အောင်ကိုခေါင်းမာနဲ့ကလေးဆိုးအဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားကြတာတွေ့ရပါတယ်။ဈေးသည်လေးအဖြစ်ကနေပိုက်ဆံလောဘနောက်လိုက်ပြီးမျက်လုံးထဲဘာမှကို မမြင်နိုင်တော့တဲ့ မိန်းမချော အဖြစ် သံသာမိုးသိမ့်

မုန်းမာန်နဲ့ မိန်းမချောတို့ကို ပရိသတ်တွေက မုန်းပေမယ့် အားမာန်နဲ့ သံသာမိုးသိမ့်တို့ကိုတော့ သူတို့ရဲ့ ထူးချွန်တဲ့ အနုပညာ ပါရမီကြောင့်အားပေးချစ်ခင်ကြပါတယ်။”ကျွန်မကမဟေသီ”ဇာတ်လမ်းတွဲကလက်ရှိမှာလဲစံမြန်းတစ်ယောက်မင်းမျိုးနွယ်တို့ရဲ့စံအိမ်ကိုရောက်ရှိလာပြီးဘာတွေဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရမယ်နော်။အားကိုးရာနဲ့သံသာမိုးသိမ့်တို့ကိုချစ်ရင်ဒီပိုစ့်လေးကိုLike&Shareလုပ်ဖို့မမေ့ပါနဲ့နော်။အချိန်ပေးပြီးဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

Share From Global Myanmar Media