မောင့်ရဲ့ အနီးနားလေးမှာနေနေရပေမယ့် မျက်နှာလေးကိုသာ ငေးခွင့်ရပြီး မြင်သာမြင်ရ မကြင်ရတဲ့ ဘဝပါ ဆိုတဲ့ စံမြန်း

ပရိတ်သတ်ကြီးရေ မင်းသမီးချောလေး ဝင့်ယမုံနိုင်ကတော့ ပရိတ်သတ်တွေသိကြတဲ့အတိုင်းပဲ Mrtv4 က ထုတ်လွှင့်တဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးလေးပါနော်။သူမပါဝင်ထားတဲ့ စိတ်၏ခြေရာ ဇာတ်ကားကတော့ မကြာသေးခင်ကမှ ဇာတ်သိမ်းသွားခဲ့ပြီး ဇာတ်ကားလေးက ပရိတ်သတ်တွေကို အရမ်းဆွဲဆောင်နိုင်ပါတယ်။အခုလက်တလောမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ကျွန်မကမဟေသီ ဇာတ်ကားထဲမှာလည်း ခေါင်းဆောင်မင်းသမီးနေရာကနေ ပါဝင်ထားပါတယ်နော်။

မင်းသမီးချောလေး ဝင့်ယမုံနိုင်က ပြည့်ပြည့်လေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ မင်းသမီးလေးပါနော်။စိတ်သဘောထားဖြူစင်ပြီး တည်ငြိမ်အေးချမ်းလို့လည်း မျက်နှာလေးက အမြဲတမ်းကြည်လင်နေတာဖြစ်ပါတယ်။ဝင့်ယမုံနိုင်ကတော့ အခုဆိုရင် ပရိတ်သတ်တွေရဲ့ ကြားမှာ အရမ်းကို ရေပန်းစားနေပြီး ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုလည်း ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ကျွန်မက မဟေသီ ဇာတ်လမ်းတွဲမှာဆိုရင်လည်း ဝင့်ယမုံနိုင်က ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်ပြီး သူမရဲ့ အိုင်တင်တွေက ပရိတ်သတ်ကို ဇာတ်ကားထဲနစ်မျောအောင် ဆွဲခေါ်နိုင်ပါတယ်။အခုဆိုရင်တော့ ဇာတ်ကားက ဇာတ်ရှိန်တတ်နေတဲ့ အပိုင်းကို ရောက်နေပြီဖြစ်လို့ ပရိတ်သတ်တွေအတွက် အသည်းယားစရာပါနော်။ပရိတ်သတ်ကြီးအတွက် သူတို့ရဲ့ဇာတ်ကားပုံရိပ်လေးတွေကို မျှဝေလိုက်ပါတယ်နော်။

Source:Wint Yamone Naing

Share From swelsonenews