သရဲ နဲ့ အကြီး အကျယ်ကြုံေ တွ့ရတာနှစ်ကြိမ် ရှိ ခဲ့ပြီဆိုတဲ့ မေမီကိုကို

ပရိ သတ်တွေအထူးနှစ်ခြိုက်သဘောကျခဲ့တဲ့ ပျားရည်အိုင် ဇာတ်လမ်းတွဲမှာ မြိုင်ဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်ရင်ထဲကိုရောက်ရှိလာခဲ့တဲ့ မေမီကိုကိုကတော့ အခုဆိုရင် နောက်ထပ် ဇာတ်လမ်းတွဲတစ်ခုကိုရိုက်ကူးနေပြီ ဖြစ်ပါတယ် ။ ဒီဇာတ်လမ်းတွဲက မေမီ

အတွက်အရမ်းထူးခြားတဲ့ ကားလေးဖြစ်ပြီး သူမ ရိုက်ကူးသမျှကားထဲမှာ အခက်ခဲဆုံးလို့ပြောလို့ရတဲ့ကား ဖြစ်တယ်လို့ လည်းသိရပါတယ် ။ ဒီကားမှာ မေမီက သရဲမ အဖြစ်သရုပ်ဆောင်ရတာဖြစ်ပြီး

သာမန်ကာရိုက်တာနဲ့မတူလို့ခက်ခဲခဲ့တယ်လို့လည်းသိရပါတယ် ။

အရ မ်းအငြိုးကြီးတဲ့ သရဲမနေရာကနေ သရုပ်ဆောင်ထားရတာဖြစ်ပြီး နှစ်ခန်းသုံးခန်းလောက်ရိုက်ပြီးတာနဲ့ အသံက လုံးဝပျောက်ထွက်သွားလို့ ငုံဆေးပြားတွေ ငုံပြီး အသံကိုပြန်ရှင်းရတာ တော်တော်ခက်ခဲခဲ့တယ်လို့မေမီက ဆိုပါတယ် ။ အပြင်မှာလဲ

သရဲနှစ်ခါတိတိ အခြောက်ခံရပြီးဘ၀မှာ မမေ့နိုင်ဆုံး ဖြစ်ရပ်အဖြစ် အမှတ်တရဖြစ်နေတယ်လို့လည်း ပြောပြခဲ့ပါတယ် ။ ပထမ တစ်ခါကတော့ သရုပ်ဆောင်မဖြစ်ခင် မော်ဒယ်လ် ဘ၀မှာ ကလောက ဟိုတယ်တစ်ခုမှာ

သူငယ်ချင်းတွေနဲ့ထမင်းစားပြီး ပြန်လာတဲ့အချိန် ပရိသတ်တွေနဲ့တွေ့တော့ ကျန်တဲ့သူတွေက နေခဲ့ပြီး မေမီကတော့ သူငယ်ချင်းမလေး တစ်ယောက်နဲ့ဟိုတယ်ထဲပြန်ဝင်လာခဲ့ပါတယ် တဲ့ ။ ယောက်ျားလေးတွေနေတဲ့အခန်းထဲကနေ တံခါးတွေ အတင်းဆွဲဖွင့်နေသံကြားလို့

သူခိုးလားမသိဘူးဆိုပြီး တံခါးဖွင့်ကြည့်ဖို့ကြိုးစားပေမယ့် ဘယ်လိုမှ ဖွင့်လို့မရခဲ့ဘူး လို့သိရပါတယ် ။ အထဲဝင်ကြည့်တော့ဘယ်သူမှမရှိတဲ့အပြင် မိန်းကလေးတွေ နေတဲ့အခန်းက ရယ်သံတွေကြားရလို့ပြေးထွက်လာ ခဲ့ရတယ်လို့လည်း သူမရဲ့ အတွေ့ကြုံကိုပြောပြခဲ့ပါတယ် ။

နောက် တစ်ခုကတော့ သရုပ်ဆောင်ဖြစ်ပြီး ဇာတ်လမ်းတွဲတစ်ခုရိုက်နေတဲ့အချိန်မှာ ဟိုတယ်ခန်းထဲမှာ အ၀တ်အဖြူနဲ့ဆံပင်ဖားလျားချထားတဲ့ကောင်မလေး တစ်ယောက် စောင်ကိုလာဆွဲချပြီး ကုတင်ခြေရင်းမှာ တောက်လျှောက်ခုန်နေတာမျိုးလည်း

ကြုံဖူးတယ်လို့မေမီက ပြောပြခဲ့ပါတယ် ။ ဘယ်လိုမှအိပ်မရတဲ့အဆုံး ကုတင်ဘေးပတ်လည် ကို စည်းချပြီး အိပ်ခဲ့ရတယ်လို့လည်းသိရပါတယ် ။ မြိုင့်ကိုချစ်တဲ့ CeleGabar ပရိသတ်တွေလည်း သရဲအခြောက်ခံရဖူးရင် ပြန်လည်မျှဝေပေးခဲ့ပါဦးနော် ။

Source : Sunday

Molly CeleGabar