ရိုက်ကွင်းမှာ ဖောင်စီးရင်း ဖောင်ပေါ်ကဓားနဲ့ မတော်တဆ ခြေထောက် ဒဏ်ရာရခဲ့တဲ့ အလင်းရောင်..

သရုပ်ဆောင် အလင်းရောင်ဟာယခုနောက်ပိုင်းမှာ အနုပညာလောကထဲ နာမည်ရလာတဲ့ မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ ချမ်းချမ်းရဲ့ MTV သီချင်းကနေစတင်ပြီး သတိထားမိလာတဲ့အလင်းရောင်ဟာ ဒါရိုက်တာဝိုင်းနဲ့တွဲဖက်ပြီးတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးလာခဲ့ရသူဖြစ်ပါတယ်။

လတ်တလောမှာတော့ အလင်ရောင်ဟာ “ဂမ္ဘီရ မျက်လုံး” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုရိုက်ကူးနေတာပဲဖြစ်ပါတယ်။ အလင်းရောင်က ရိုက်ကွင်းမှာ ဖောင်စီးရင်း ဖောင်ပေါ်ကဓားနဲ့ မတော်တဆ ခြေထောက် ဒဏ်ရာရခဲ့တာပဲဖြစ်ပါတယ်။ ပရိတ်သတ်အတွက် အကောင်းဆုံး ကြိုးစားနေတဲ့ အလင်းရောင် 😱 “ဂမ္ဘီရ မျက်လုံး” ရုပ်ရှင်ဇာတ်ကား ရိုက်ကွင်းပေါ်က သရုပ်ဆောင် အလင်းရောင် နဲ့ ရွှေသမီး တို့ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

အလင်းရောင်ကတော့ ၂၀၁၈ အကယ်ဒမီ ပေးပွဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီး နဲ့အကယ်ဒမီရဖို့ ရေပန်းစားနေတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။ အလင်ရောင်ကိုချစ်တဲ့ ပရိသတ်တွေကလဲ အလင်းရောင်ကို အကယ်ဒမီရအောင် ဆုတောင်းပေးကြပါဦးနော်။

Share From swelsonenews