သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့ ကျော်ထက်အောင်ကတော့ ပါရမီထူးတဲ့ အသံကို ပိုင်ဆိုင်ထားသူတစ်ဦးဖြစ်ပြီး အဆိုပိုင်းမှာလည်း မခေသူတစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သင်္ကြန်အချိန်လည်း နီးလာပြီမို့ ကျော်ထက်အောင်က “တန်ခူးလေပြေ” ဆိုတဲ့ သီချင်းလေးကို လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က “သင်္ကြန်မိုး”သီချင်းပုံစံမျိုးလေး MV ရိုက်ပြီး အမိုက်စား ဖန်တီးထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် နီနီခင်ဇော်နဲ့အတူ ခံစားချက်အပြည့်နဲ့ အကောင်းဆုံး ပုံဖော်ထားတဲ့ ကျော်ထက်အောင်ရဲ့”တန်ခူးလေပြေ” ဆိုတဲ့ သီချင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ကျော်ထက်အောင်ကတော့ “ဤသီချင်းလေးဖြစ်တည်လာဖို့အတွက် သန္ဓေတည်စေခဲ့သော အနုသုခုမပညာရှင်ကြီးများ ၊ အနုပညာရှင် ၊ အတတ်ပညာရှင်များ အားလုံးကို ဒီသီချင်းလေးနဲ့ ဂါရဝပြုအပ်ပါတယ်။ အနှစ်နှစ်ဆယ်ကျော်နီးပါးတစ်နှစ်တစ်ခါတစ်မြတ်တနိုးကြည့်ခဲ့ရတဲ့ အနုပညာလွမ်းမိုးမှုတွေကြောင့် အတက်နိုင်ဆုံးကြိုးစားထားတဲ့ တန်ခူးလေပြေပါ…… (Fans တစ်ဦးရဲ့ အကြံပေးစာတန်း)” ဆိုပြီး သီချင်းလေးကို ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။
ကျော်ထက်အောင်ရဲ့”တန်ခူးလေပြေ” သီချင်းဗီဒီယို
ကျော်ထက်အောင်ရဲ့”တန်ခူးလေပြေ” သီချင်းလေးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်ကျော်က နာမည်ကြီးခဲ့တဲ့ ဒီနေ့ထိတိုင်လည်း နာမည်ကြီးနေဆဲဖြစ်တဲ့ “သင်္ကြန်မိုး” သီချင်းလေးကို မှီငြမ်းပြီး ရိုက်ကူးထားတာဖြစ်ပြီး တစ်မျိုးလေးအမြင်ဆန်းပြီး ကြည့်လို့ကောင်းလှပါတယ်။ ချစ်ပရိသတ်တွေလည်း ကျော်ထက်အောင် အကောင်းဆုံး ကြိုးစားထားတဲ့ “တန်ခူးလေပြေ” ဆိုတဲ့ သီချင်းလေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source;Kyaw Htet Aung
Share From swelsonenews