You are here
Home > KNOWLEDGE > .ၾကာသပေတး သားသမီး​ေလး​ေတြကို ခ်စ္သူ ေတာ္မယ္ ဆိုရင္

.ၾကာသပေတး သားသမီး​ေလး​ေတြကို ခ်စ္သူ ေတာ္မယ္ ဆိုရင္

Zawgyi ျဖင့္ဖတ္၇န္

ခ်စ္သူက ၾကာသပေတး သားသမီးေလးဆိုရင္ေတာ့

ၾကာသပေတးသားသမီးေတြက ကုိယ့္ထက္ႀကီးတဲ့ သူေတြအေပၚ အားထားႏွစ္လိုစိတ္ ႐ွိၾကတယ္။ ေက်ာင္းသား ေက်ာင္းသူဘဝကို ပုိမို ေပ်ာ္ေမြ႔တတ္ၾကတယ္။

ၾကာသပေတးသားသမီးေတြက ကုိယ့္ထက္ႀကီးတဲ့ သူေတြအေပၚ အားထားႏွစ္လိုစိတ္ ႐ွိၾကတယ္။ ေက်ာင္းသား ေက်ာင္းသူဘဝကို ပုိမို ေပ်ာ္ေမြ႔တတ္ၾကတယ္။ အတတ္ပညာပိုင္း ဆိုင္ရာေတြမွာ ဝါသနာႀကီးတယ္။ ရယူလုိစိတ္ ထက္သန္ၾကတယ္။ သူတို႔ယုံၾကည္တဲ့ ဆရာသမား မိဘမ်ားအေပၚ အလြန္ေကာင္းၾကတယ္။ ၿငိမ္းခ်မ္းေရးကုိ လိုလားၾကသူေတြေပါ့။ အရမ္းစိတ္ညစ္ရမဲ့ ပတ္ဝန္းက်င္ေတြကုိ ေ႐ွာင္ခြာတတ္ၾကတယ္။

အက်င့္စ႐ိုက္ ဆိုရင္လည္း

ေပါ့ပါးရြင္လန္း လိုစိတ္ ႐ွိတယ္။ လြတ္လပ္စြာ ေနထိုင္လိုစိတ္ ႐ွိၾကတယ္။ ဝါသနာအေလ်ာက္ ဓာတ္ပုံ႐ုိက္ ဗီြဒီယုိ႐ုိက္ မွတ္တမ္းတင္တာေတြ သေဘာက်တတ္တယ္။ အရည္အေသြး ေကာင္းေတြ ပိုင္ဆိုင္ၾကတယ္။ က်ီစယ္လိုစိတ္ ႐ွိတတ္ၾကတယ္။ အသိဉာဏ္႐ွိတယ္။ ဗဟုသုတအေနနဲ႔ စိတ္ပိုင္းဆိုင္ရာ ထက္ျမက္တယ္။ လုပ္ငန္းပိုင္းေတြမွာ လုပ္ရင္ ေတာ္တယ္ ထက္တယ္။ ေမ်ာ္လင့္ခ်က္ႀကီးတယ္။ အကူအညီေပးတဲ့ အလုပ္ေတြ လုပ္တာ ဝါသနာပါတယ္။

စိတ္ထားေလးဆိုတာကလည္း

မာနကေတာ့ အရမ္းမႀကီးဘူး။ စိတ္မ႐ွည္တတ္ဘူး။ စိတ္ဆိုးစိတ္ေကာက္ လြယ္တယ္။ အားနည္းခ်က္အေနနဲ႔ ယုံၾကည္ လြယ္တတ္တယ္။ ႐ႈပ္ေပြတာကုိ မုန္းတယ္ သစၥာတရားကုိ တန္ဖိုး ထားတတ္တဲ့စိတ္ အျပည့္႐ွိတယ္။ ပညာေရး ေကာင္းတယ္။ ႐ုပ္ေခ်ာေခ်ာ မေခ်ာေခ်ာ စတိုင္႐ွိေခတ္မွီေနရင္ ငယ္ရြယ္ၿပီး သြက္လက္တဲ့ သူေတြကုိ သေဘာၾကႏွစ္သက္ၾကတယ္။ ေခတ္မွီ စတိုင္႐ွိေနတဲ့သူေတြဆိုရင္ ေမတၱာသက္ဝင္ ခ်စ္ခင္မိတတ္တဲ့ ခလုတ္ေလးက ေမြးရာပါ ပါလာတဲ့သူမ်ဳိး။ ေရာဂါခံစား ရလြယ္တယ္။

အသက္အ႐ြယ္ အလိုက္ ေျပာင္းလဲမႈ အရ

သူတို႔ဟာ ငယ္ရြယ္ခ်ိန္မွာဆို စကားေျပာေႏွးတယ္။ ဉာဏ္ရည္ဖြ႔ံၿဖိဳးမႈ နည္းပါးတတ္ၾကတယ္။ အသက္ႀကီးခ်ိန္ဆို သတိထားၾကတာ အေကာင္းဆုံး။ မေတာ္တဆမႈ ျဖစ္လြယ္တယ္။ စိမ္းစုိေနတဲ့ေနရာကုိ ႏွစ္သက္ၾကတယ္။ သံေယာဇဥ္ ႀကီးတယ္။ စိတ္႐ွည္သည္းခံ တတ္တယ္။ ျပတ္သားတယ္။ ဘဝကုိျပည့္စုံေအာင္ ဖန္တီးတတ္ၾကတယ္။ ပညာနဲ႔ ပတ္သက္လာရင္ ႀကီးႀကီးေသးေသး ေလ့လာတယ္ လိုက္စားတယ္။ အေတြးအျမင္က ခိုင္မာတယ္။ မိမိနဲ႔ သိပ္ဟန္မက်ရင္ ဖ်က္ဆီးတတ္တယ္။ ထိန္းသိမ္းတာကုိ ဝါသနာပါတယ္ လုပ္ရည္ကုိင္ရည္႐ွိတယ္။ အဖြဲ႔အစည္းနဲ႔ဆိုရင္ ေခါင္းေဆာင္ပုိင္းမ်ဳိးကုိမွ ေနရာယူတတ္တယ္။

လ်ဳိ ့ဝွက္ၿပီး ေနတတ္တယ္။ သုိသိပ္က်စ္လစ္တယ္။ ကုိယ့္ရဲ႕ခံယူခ်က္ကုိ သူမ်ားနဲ႔ထပ္က် ေအာင္လုပ္ေဆာင္တတ္တယ္။ သူတစ္ပါး ဒုကၡေပးတာ အႀကိမ္ႀကိမ္ ခံရတတ္တယ္။ ကုိယ့္ပတ္ဝန္းက်င္က ရန္လိုတိုက္ခုိက္လာရင္ သိုသိပ္ပီး ထိုးႏွက္တတ္တယ္။ ေ႐ွာင္႐ွားတတ္တယ္။ ကုိယ္နဲ႔ဆက္ဆံ ေျပာဆိုေနက်တဲ့ သူေတြကုိ သူတို႔ အေလ့အက်င့္အတိုင္း လိုက္ေလ်ာ ေနတတ္တယ္ သိတတ္တယ္။ လူခ်စ္လူခင္ ေပါမ်ားတယ္။ အခ်စ္ႀကီးတယ္ အမ်က္လည္းႀကီးတယ္။

သစၥာ႐ွိတယ္ ကတိတည္တယ္။ စိတ္႐ွည္ သည္းခံတယ္။ မိသားစုအေပၚ အရမ္းသိတတ္တယ္။ မိဘေတြက အားကုိးၾကတယ္။ ႏွစ္လိုတယ္ အေပါင္းအသင္းေပါမ်ားတယ္။ မာနႀကီးတယ္ ထင္ရေပမဲ့ ေပါင္းမိရင္ အရမ္း စိတ္သေဘာထား ျပည့္ဝတတ္တယ္။ အခ်စ္ေရးအတြက္ကေတာ့ အဆင္ေျပပါတယ္။ ေကာင္းမြန္တဲ့ဘဝနဲ႔ အခ်စ္ေရး သင့္ျမတ္ေနသူပါပဲ။

Crd: ​ေဝဒဂၤ

Unicodeဖြင့်ဖတ်ရန်

ချစ်သူက ကြာသပတေး သားသမီးလေးဆိုရင်တော့

ၾကာသပ​ေတး
ကြာသပတေးသားသမီးတွေက ကိုယ့်ထက်ကြီးတဲ့ သူတွေအပေါ် အားထားနှစ်လိုစိတ် ရှိကြတယ်။ ကျောင်းသား ကျောင်းသူဘဝကို ပိုမို ပျော်မွေ့တတ်ကြတယ်။

ကြာသပတေးသားသမီးတွေက ကိုယ့်ထက်ကြီးတဲ့ သူတွေအပေါ် အားထားနှစ်လိုစိတ် ရှိကြတယ်။ ကျောင်းသား ကျောင်းသူဘဝကို ပိုမို ပျော်မွေ့တတ်ကြတယ်။ အတတ်ပညာပိုင်း ဆိုင်ရာတွေမှာ ဝါသနာကြီးတယ်။ ရယူလိုစိတ် ထက်သန်ကြတယ်။ သူတို့ယုံကြည်တဲ့ ဆရာသမား မိဘများအပေါ် အလွန်ကောင်းကြတယ်။ ငြိမ်းချမ်းရေးကို လိုလားကြသူတွေပေါ့။ အရမ်းစိတ်ညစ်ရမဲ့ ပတ်ဝန်းကျင်တွေကို ရှောင်ခွာတတ်ကြတယ်။

အကျင့်စရိုက် ဆိုရင်လည်း

ပေါ့ပါးရွင်လန်း လိုစိတ် ရှိတယ်။ လွတ်လပ်စွာ နေထိုင်လိုစိတ် ရှိကြတယ်။ ဝါသနာအလျောက် ဓာတ်ပုံရိုက် ဗွီဒီယိုရိုက် မှတ်တမ်းတင်တာတွေ သဘောကျတတ်တယ်။ အရည်အသွေး ကောင်းတွေ ပိုင်ဆိုင်ကြတယ်။ ကျီစယ်လိုစိတ် ရှိတတ်ကြတယ်။ အသိဉာဏ်ရှိတယ်။ ဗဟုသုတအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထက်မြက်တယ်။ လုပ်ငန်းပိုင်းတွေမှာ လုပ်ရင် တော်တယ် ထက်တယ်။ မျော်လင့်ချက်ကြီးတယ်။ အကူအညီပေးတဲ့ အလုပ်တွေ လုပ်တာ ဝါသနာပါတယ်။

စိတ်ထားလေးဆိုတာကလည်း

မာနကတော့ အရမ်းမကြီးဘူး။ စိတ်မရှည်တတ်ဘူး။ စိတ်ဆိုးစိတ်ကောက် လွယ်တယ်။ အားနည်းချက်အနေနဲ့ ယုံကြည် လွယ်တတ်တယ်။ ရှုပ်ပွေတာကို မုန်းတယ် သစ္စာတရားကို တန်ဖိုး ထားတတ်တဲ့စိတ် အပြည့်ရှိတယ်။ ပညာရေး ကောင်းတယ်။ ရုပ်ချောချော မချောချော စတိုင်ရှိခေတ်မှီနေရင် ငယ်ရွယ်ပြီး သွက်လက်တဲ့ သူတွေကို သဘောကြနှစ်သက်ကြတယ်။ ခေတ်မှီ စတိုင်ရှိနေတဲ့သူတွေဆိုရင် မေတ္တာသက်ဝင် ချစ်ခင်မိတတ်တဲ့ ခလုတ်လေးက မွေးရာပါ ပါလာတဲ့သူမျိုး။ ရောဂါခံစား ရလွယ်တယ်။

အသက်အရွယ် အလိုက် ပြောင်းလဲမှု အရ

သူတို့ဟာ ငယ်ရွယ်ချိန်မှာဆို စကားပြောနှေးတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှု နည်းပါးတတ်ကြတယ်။ အသက်ကြီးချိန်ဆို သတိထားကြတာ အကောင်းဆုံး။ မတော်တဆမှု ဖြစ်လွယ်တယ်။ စိမ်းစိုနေတဲ့နေရာကို နှစ်သက်ကြတယ်။ သံယောဇဉ် ကြီးတယ်။ စိတ်ရှည်သည်းခံ တတ်တယ်။ ပြတ်သားတယ်။ ဘဝကိုပြည့်စုံအောင် ဖန်တီးတတ်ကြတယ်။ ပညာနဲ့ ပတ်သက်လာရင် ကြီးကြီးသေးသေး လေ့လာတယ် လိုက်စားတယ်။ အတွေးအမြင်က ခိုင်မာတယ်။ မိမိနဲ့ သိပ်ဟန်မကျရင် ဖျက်ဆီးတတ်တယ်။ ထိန်းသိမ်းတာကို ဝါသနာပါတယ် လုပ်ရည်ကိုင်ရည်ရှိတယ်။ အဖွဲ့အစည်းနဲ့ဆိုရင် ခေါင်းဆောင်ပိုင်းမျိုးကိုမှ နေရာယူတတ်တယ်။

လျို့ဝှက်ပြီး နေတတ်တယ်။ သိုသိပ်ကျစ်လစ်တယ်။ ကိုယ့်ရဲ့ခံယူချက်ကို သူများနဲ့ထပ်ကျ အောင်လုပ်ဆောင်တတ်တယ်။ သူတစ်ပါး ဒုက္ခပေးတာ အကြိမ်ကြိမ် ခံရတတ်တယ်။ ကိုယ့်ပတ်ဝန်းကျင်က ရန်လိုတိုက်ခိုက်လာရင် သိုသိပ်ပီး ထိုးနှက်တတ်တယ်။ ရှောင်ရှားတတ်တယ်။ ကိုယ်နဲ့ဆက်ဆံ ပြောဆိုနေကျတဲ့ သူတွေကို သူတို့ အလေ့အကျင့်အတိုင်း လိုက်လျော နေတတ်တယ် သိတတ်တယ်။ လူချစ်လူခင် ပေါများတယ်။ အချစ်ကြီးတယ် အမျက်လည်းကြီးတယ်။

သစ္စာရှိတယ် ကတိတည်တယ်။ စိတ်ရှည် သည်းခံတယ်။ မိသားစုအပေါ် အရမ်းသိတတ်တယ်။ မိဘတွေက အားကိုးကြတယ်။ နှစ်လိုတယ် အပေါင်းအသင်းပေါများတယ်။ မာနကြီးတယ် ထင်ရပေမဲ့ ပေါင်းမိရင် အရမ်း စိတ်သဘောထား ပြည့်ဝတတ်တယ်။ အချစ်ရေးအတွက်ကတော့ အဆင်ပြေပါတယ်။ ကောင်းမွန်တဲ့ဘဝနဲ့ အချစ်ရေး သင့်မြတ်နေသူပါပဲ။

Crd: ဝေဒင်္ဂ

Top
//atservineor.com/4/3018672