Comment ေတြဖတ္ၿပီး ပါးက်ိန္းေနရတယ္ ဆိုတဲ့ သံသာမိုးသိမ့္

Comment ေတြဖတ္ၿပီး ပါးက်ိန္းေနရတယ္ဆိုတဲ့ သံသာမိုးသိမ့္
MRTV 4 ကေန ထုတ္လႊင့္ျပသေနတဲ့ “ကြၽန္မက မေဟသီ” ဆိုတဲ့ ဇာတ္လမ္း တြဲ က ေတ့ာ ပရိသတ္ ေတြ ၾကား မွာ ေတာ္ ေတာ္ ေလး ကို နာမည္ႀကီး ေန ပါ တယ္ ။ ဒီ ဇာတ္ကား ကို ေတာ့

တနလၤာေန႔ က ေန ေသာၾကာေန႔ အထိ ေန႔စဥ္ ည ( 8:40 PM ) မွာ ပုံမွန္ ထုတ္လႊင့္ ျပသ ေန တာ ပါ ။ ဒီဇာတ္ကား က ေတာ့ သွ်င္မ ရဲ႕ ဝတၳဳပါ ၊ အရင္တုန္းက မိုးေဟကို ၊ ခိုင္ႏွင္းေဝ ၊ ေျပတီဦးတို႔ နဲ႔ ႐ိုက္ခဲ့ ဖူး ပါ တယ္ ။ ဇာတ္လမ္းတြဲ အျဖစ္ ႐ိုက္တာ က ေတာ့ ဒါပထမဆုံး ပါ ။

စာအုပ္ ဖတ္ဖူးတဲ့ သူေတြ ၊ အရင္ ဇာတ္ကားကို ၾကည့္ဖူးလို႔ ဇာတ္လမ္း ကို သိ ထား တဲ့ ပရိသတ္ေတြ မ်ားေပမယ့္ သ႐ုပ္ေဆာင္ေတြရဲ႕ ထူးခြၽန္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ ဇာတ္ကားရဲ႕ ဆြဲေဆာင္ မႈက လုံးဝ က် မသြား တာကို ေတြ႕ရ ပါတယ္ ။

ဒီကားထဲ မွာ ပါ တဲ့ “ မိန္းမေခ်ာ ” ဇာတ္ေကာင္ ေနရာ မွာ ေတာ့ သံသာမိုးသိမ့္ က ပါဝင္ သ႐ုပ္ေဆာင္ ထားပါ တယ္ ။ သူမ သ႐ုပ္ ေဆာင္ ရ တဲ့ ဇာတ္ေကာင္ က ေတာ့ ဗီလိန္ ပါ ။ သူမ်ား ရဲ႕ ခင္ပြန္းကို အပိုင္ စီး ၿပီး ခ်မ္းသာ ႂကြယ္ ဝ ခ်င္ ေနတဲ့ ေလာဘ ႀကီး တဲ့ “ မိန္းမေခ်ာ ” ေနရာ က ေန သ႐ုပ္ ေဆာင္ ရ တာပါ ။ သူမရဲ႕ အသက္ဝင္ လြန္း တဲ့ သ႐ုပ္ေဆာင္ ခ်က္ေတြ ေၾကာင့္

ဇာတ္ကား ကို ပိုႂကြ ေစ ခဲ့ ၿပီး မိန္းမေခ်ာကို မုန္းေနၾကတဲ့ ပရိသတ္ တစ္ခ်ိဳ႕ ရွိပါတယ္ ။ MRTV4 နဲ႔ Pyone Play Page တို႔ မွာ တင္ထားတဲ့ ကြၽန္မက မေဟသီ ဇာတ္ကားထဲက ဇာတ္ဝင္ခန္း အပိုင္းတို ေလး ေတြ ရဲ႕ ေအာက္ မွာ မိန္းမေခ်ာကို မုန္းတဲ့ Comment ေတြကို ဖတ္ၿပီး သံသာ

မိုးသိမ့္ ကေတာ့ နည္းနည္း စိတ္မေကာင္းျဖစ္ေနပုံ ရပါတယ္။ သူမရဲ႕ အေကာင့္မွာ MRTV 4 က တင္ထားတဲ့ ဗီဒီယိုဖိုင္ကို “cmt ေတြဖတ္ၿပီး ပါးက်ိန္း ………….” ဆိုတဲ့ Caption နဲ႔ အတူ ျပန္ေရး ၿပီး တင္ထားပါတယ္။

ကြၽန္မက မေဟသီ ဇာတ္လမ္းတြဲကိုေတာ့ ဒါ႐ိုက္တာအိအိခိုင္က ႐ိုက္ကူး ထား တာပါ။ သ႐ုပ္ေဆာင္ေတြ အေနနဲ႔ကေတာ့ ေအာင္ေရခ်မ္း၊ သံသာမိုးသိမ့္၊ ဝင့္ယမုံႏိုင္၊ ဇင္မ်ိဳး၊ ေမသၪၨာဦး…အစရွိတဲ့ သ႐ုပ္ေဆာင္ေတြ အမ်ားႀကီး ပါဝင္ထားပါတယ္။

သံသာမိုးသိမ့္ကေတာ့“မေန႔ကျဖစ္သည္ ၂” ဇာတ္လမ္း တြဲ မွာ ပန္သု ေနရာကေန သ႐ုပ္ေဆာင္ၿပီး ပရိသတ္ အားေပးမႈကို ရ ထား သူ ပါ ။ အခ်စ္ဖြဲ႕ေလညင္း ဇာတ္ကား ထဲမွာ ေမပ်ိဳျဖဴ ဆိုတဲ့ ဇာတ္ေကာင္ေနရာကေန ပါဝင္ သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

# Credit #


Unicode

Comment တွေဖတ်ပြီး ပါးကျိန်းနေရတယ်ဆိုတဲ့ သံသာမိုးသိမ့်
MRTV 4 ကနေ ထုတ်လွှင့်ပြသနေတဲ့ “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်း တွဲ က တေ့ာ ပရိသတ် တွေ ကြား မှာ တော် တော် လေး ကို နာမည်ကြီး နေ ပါ တယ် ။ ဒီ ဇာတ်ကား ကို တော့ တနင်္လာနေ့ က နေ သောကြာနေ့ အထိ နေ့စဉ် ည ( 8:40 PM ) မှာ ပုံမှန် ထုတ်လွှင့် ပြသ နေ

တာ ပါ ။ ဒီဇာတ်ကား က တော့ သျှင်မ ရဲ့ ဝတ္ထုပါ ၊ အရင်တုန်းက မိုးဟေကို ၊ ခိုင်နှင်းဝေ ၊ ပြေတီဦးတို့ နဲ့ ရိုက်ခဲ့ ဖူး ပါ တယ် ။ ဇာတ်လမ်းတွဲ အဖြစ် ရိုက်တာ က တော့ ဒါပထမဆုံး ပါ ။

စာအုပ် ဖတ်ဖူးတဲ့ သူတွေ ၊ အရင် ဇာတ်ကားကို ကြည့်ဖူးလို့ ဇာတ်လမ်း ကို သိ ထား တဲ့ ပရိသတ်တွေ များပေမယ့် သရုပ်ဆောင်တွေရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်ကားရဲ့ ဆွဲဆောင်မှုက လုံးဝ ကျ မသွား တာကို တွေ့ရ ပါတယ် ။

ဒီကားထဲ မှာ ပါ တဲ့ “ မိန်းမချော ” ဇာတ်ကောင် နေရာ မှာ တော့ သံသာမိုးသိမ့် က ပါဝင် သရုပ်ဆောင် ထားပါတယ် ။ သူမ သရုပ် ဆောင် ရ တဲ့ ဇာတ်ကောင် က တော့ ဗီလိန် ပါ ။ သူများ ရဲ့ ခင်ပွန်းကို အပိုင် စီး ပြီး ချမ်းသာ ကြွယ်ဝ ချင် နေတဲ့ လောဘ ကြီး တဲ့ “ မိန်းမချော ”

နေရာ က နေ သရုပ် ဆောင် ရ တာပါ ။ သူမရဲ့ အသက်ဝင် လွန်းတဲ့ သရုပ်ဆောင် ချက်တွေ ကြောင့် ဇာတ်ကား ကို ပိုကြွ စေ ခဲ့ ပြီး မိန်းမချောကို မုန်းနေကြတဲ့ ပရိသတ် တစ်ချို့ ရှိပါတယ် ။ MRTV4 နဲ့ Pyone Play Page တို့ မှာ တင်ထားတဲ့ ကျွန်မက မဟေသီ ဇာတ်ကားထဲက

ဇာတ်ဝင်ခန်း အပိုင်းတို လေး တွေ ရဲ့ အောက် မှာ မိန်းမချောကို မုန်းတဲ့ Comment တွေကို ဖတ်ပြီး သံသာမိုးသိမ့် ကတော့ နည်းနည်း စိတ်မကောင်းဖြစ်နေပုံရပါတယ်။ သူမရဲ့ အကောင့်မှာ MRTV 4 က တင်ထားတဲ့ ဗီဒီယိုဖိုင်ကို “cmt တွေဖတ်ပြီး ပါးကျိန်း ………….”

ဆိုတဲ့ Caption နဲ့ အတူ ပြန်ရေး ပြီး တင်ထားပါတယ်။
ကျွန်မက မဟေသီ ဇာတ်လမ်းတွဲကိုတော့ ဒါရိုက်တာအိအိခိုင်က ရိုက်ကူး ထား တာပါ။ သရုပ်ဆောင်တွေအနေနဲ့ကတော့ အောင်ရေချမ်း၊ သံသာမိုးသိမ့်၊ ဝင့်ယမုံနိုင်၊ ဇင်မျိုး၊ မေသဉ္ဇာဦး…အစရှိတဲ့ သရုပ်ဆောင်တွေ အများကြီး ပါဝင်ထားပါတယ်။

သံသာမိုးသိမ့်ကတော့“မနေ့ကဖြစ်သည် ၂” ဇာတ်လမ်း တွဲ မှာ ပန်သုနေရာကနေ သရုပ်ဆောင်ပြီး ပရိသတ် အားပေးမှုကို ရ ထား သူ ပါ ။ အချစ်ဖွဲ့လေညင်း ဇာတ်ကား ထဲမှာ မေပျိုဖြူ ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

# Credit #