မေအးေသာင္း တစ္ေယာက္ အကယ္ဒမီနဲ႕ ပတ္သက္ျပီး ရင္ခုန္စိတ္လႈပ္ရွားေနျပီလား

ျပည္သူ႔အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မေအးေသာင္းကေတာ့ အ႐ြယ္တင္ႏုပ်ိဳလွပတဲ့ မင္းသမီးေခ်ာတစ္ဦးျဖစ္ၿပီး ယေန႔တိုင္ေအာင္ ပရိသတ္ေတြရဲ႕အသည္းကို ဖမ္းစားႏိုင္သူေလး ျဖစ္ပါတယ္။ တစ္ေခတ္တစ္ခ်ိန္ကတည္းက အရမ္းကို လူႀကိဳက္မ်ားေအာင္ျမင္ခဲ့တဲ့ မေအးေသာင္းက အခုခ်ိန္မွာလည္း နာမည္တစ္လုံးနဲ႔ ေက်ာ္ၾကားေနဆဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ မေအးေသာင္းက ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ပိုမို႐ိုက္ကူးေအာင္ျမင္လာတာ ေတြ႕ရပါတယ္။မုန္းစြဲ ရုပ္ရွင္ဇာတ္ကားၾကီးနဲ႕ အကယ္ဒမီကို သိမ္းယူႏိုင္မယ့္ အေနအထားရွိေနတဲ့အတြက္ မေအးေသာင္းရဲ႕ ရင္ခုန္သံစကားေလးေတြကို ပရိသတ္ေတြအတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္

အကယ္ဒမီဆုအတြက္ ေရပန္းစားလ်က္ရွိေနတဲ့ မေအးေသာင္းက“ေပါက္စီအတြက္ ရင္ခုန္ေပးၾကတယ္၊ ေမွ်ာ္လင့္ေပးၾကတယ္ဆိုေတာ့ ရင္ခုန္ပါတယ္။ ဒါေပမဲ့ အခုႏွစ္မွာ ဇာတ္ကားေကာင္းေတြလည္း အမ်ားႀကီးရွိသလို အႏုပညာအရည္အေသြးျပည့္ဝတဲ့ အႏုပညာရွင္ေတြလည္း အမ်ားႀကီးျဖစ္တာေၾကာင့္ အရမ္းေတာ့ ေမွ်ာ္လင့္မထားရဲပါဘူး။ ေပါက္စီကို ဆုေတာင္းေပးၾကတဲ့၊ ရေစခ်င္ၾကတဲ့ ပရိသတ္အားလုံးကိုလည္း ေက်းဇူးတင္ပါတယ္” လို႕ Eleven Media ရဲ႕ အင္တာဗ်ဴးတစ္ခုမွာေျဖဆိုထားတာပါ ။ဆယ္လီကမၻာပရိသတ္ၾကီးေရ မေအးေသာင္းအတြက္ မွတ္ခ်က္ကေန ဆုေတာင္းစကားေလးမ်ား ပါးခဲ့ၾကပါဦးေနာ္။

Source- Eleven
Yenanthar Khin Khin Se Cele Gabar
ယူနီကုဒ္ျဖင့္ဖတ္ရန္

မအေးသောင်း တစ်ယောက် အကယ်ဒမီနဲ့ ပတ်သက်ပြီး ရင်ခုန်စိတ်လှုပ်ရှားနေပြီလား

ပြည်သူ့အချစ်တော် သရုပ်ဆောင် မအေးသောင်းကတော့ အရွယ်တင်နုပျိုလှပတဲ့ မင်းသမီးချောတစ်ဦးဖြစ်ပြီး ယနေ့တိုင်အောင် ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ချိန်ကတည်းက အရမ်းကို လူကြိုက်များအောင်မြင်ခဲ့တဲ့ မအေးသောင်းက အခုချိန်မှာလည်း နာမည်တစ်လုံးနဲ့ ကျော်ကြားနေဆဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မအေးသောင်းက ရုပ်ရှင်ဇာတ်ကားကြီးတွေ ပိုမိုရိုက်ကူးအောင်မြင်လာတာ တွေ့ရပါတယ်။မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီကို သိမ်းယူနိုင်မယ့် အနေအထားရှိနေတဲ့အတွက် မအေးသောင်းရဲ့ ရင်ခုန်သံစကားလေးတွေကို ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်

အကယ်ဒမီဆုအတွက် ရေပန်းစားလျက်ရှိနေတဲ့ မအေးသောင်းက“ပေါက်စီအတွက် ရင်ခုန်ပေးကြတယ်၊ မျှော်လင့်ပေးကြတယ်ဆိုတော့ ရင်ခုန်ပါတယ်။ ဒါပေမဲ့ အခုနှစ်မှာ ဇာတ်ကားကောင်းတွေလည်း အများကြီးရှိသလို အနုပညာအရည်အသွေးပြည့်ဝတဲ့ အနုပညာရှင်တွေလည်း အများကြီးဖြစ်တာကြောင့် အရမ်းတော့ မျှော်လင့်မထားရဲပါဘူး။ ပေါက်စီကို ဆုတောင်းပေးကြတဲ့၊ ရစေချင်ကြတဲ့ ပရိသတ်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Eleven Media ရဲ့ အင်တာဗျူးတစ်ခုမှာဖြေဆိုထားတာပါ ။ဆယ်လီကမ္ဘာပရိသတ်ကြီးရေ မအေးသောင်းအတွက် မှတ်ချက်ကနေ ဆုတောင်းစကားလေးများ ပါးခဲ့ကြပါဦးနော်။

Source- Eleven
Yenanthar Khin Khin Se Cele Gabar