Source – Eleven
ယူနီကုဒ်ဖြင့်ဖတ်ရန်
(၂၀၁၈) အကယ်ဒမီအတွက် ကြိုတင်မျှော်လင့်မထားဘူးဆိုတဲ့ ပိုင်ဖြိုးသု
သုသုလို့ အားလုံးက ချစ်စနိုးလေးခေါ်ကြတဲ့ သရုပ်ောဆင်အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာလောကမှာ အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော် မင်းသမီးချောတစ်ဦးပဲ ဖြစ်ပါတယ်နော်..။ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ခင်ပွန်းဖြစ်သူဒါရိုက်တာဏကြီးနဲ့အတူ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကိုလည်း ပိုင်ဆိုင်ထားပြီး ပျော်ရွှင်တဲ့ မိသားစုလေးကိုလည်း ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်နော်..။လက်ရှိမှာ မီရုပ်ရှင်ဇာတ်ကားကြီးနဲ့ အမျိုးသမီး သရုပ်ဆောင်ဆု ဆန်ကာတင်စာရင်းဝင်နေတဲ့သုသု ရဲ့ အကယ်ဒမီရင်ခုန်သံစကားတွေကို ပရိသတ်တွေသိရှိစေနိုင်ဖို့တင်ဆက်ပေးလိုက်ရပါတယ်။
သရုပ်ဆောင်အကယ်ဒမီ ပိုင်ဖြိုးသုကလည်း “ပရိသတ်တွေက သုသုအတွက်ရင် ခုန်ပေးကြလို့ ကျေးဇူးတင်ပါတယ်။ သုသုလည်း အရမ်းရင်ခုန်နေပါတယ်။ မီဇာတ်ကားမှာ ပါဝင်ထားတဲ့ အဖွဲ့သားအားလုံးက အရမ်းကြိုးစားထားတဲ့အတွက် ဘယ်သူပဲရရ ပျော်မိမှာပါ။ ကိုယ်တိုင်အတွက်တော့ အရမ်းမျှော်လင့်မထားဘူူး။ ဘယ်အရာမဆို ကြိုတင်မျှော်လင့်မထားတာ အကောင်းဆုံးပဲလေ။ ပျော်စရာရှိလည်း ပျော်မယ်။ ဝမ်းနည်းစရာလည်း ဝမ်းနည်းရမယ့်အချိန်မှပဲ ဝမ်းနည်းလိုက်မယ်။ အဲဒီလိုပဲ ခံယူထားပါတယ်” လို့ပြောပြခဲ့တာပါ ။ ဆယ်လီကမ္ဘာပရိသတ်ကြီးလည်း သုသု အတွက် မှတ်ချက်ကနေ ဆုတောင်းစကားလေးေ တွပြောပြခဲ့ကြပါဦး။
Source – Eleven
Yenanthar Khin Khin Se Cele Gabar
ယူနီကုဒ်ဖြင့်ဖတ်ရန်