အကယ်ဒမီပေးပွဲကြီးအပြီးမှာ သီချင်းတွေဆိုရင်းပျော်နေကြတဲ့ နေတိုးတို့ သူငယ်ချင်းအဖွဲ့ရဲ့ ဗီဒီယိုဖိုင်လေး

ပရိသတ်ကြီးရေ အကယ်ဒမီပေးပွဲ ကြီးကတော့ ဝေဖန်မှုတွေ ကဲ့ရဲ့မှုတွေ ဆဲဆိုမှုတွေ ဒေါသထွက်မှုတွေနဲ့ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကြီးမှာ ပထမအကြိမ် ဆုရရှိခဲ့တဲ့ အနုပညာရှင်တွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။ ပရိသတ်ထင်ထားတဲ့ သူတွေ မရခဲ့တာကြောင့်လဲ ပရိသတ်တွေကတော့ ဒေါသထွက်နေကြတာပဲဖြစ်ပါတယ်။ ကိုနေတိုး ကြီးကတော့ အကယ်ဒမီ ဆိုတာ လူ့ဘဝလိုပါပဲ ကိုဖြစ်ချင်တဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာပါဘူး။ ထိုက်တန်တဲ့သူတွေရလို့ကျေနပ်ပါတယ်လို့ပြောခဲ့ပါတယ်။ အကယ်ဒမီရခဲ့တဲ့ ညီအကိုတွေအတွက် ဂုဏ်ယူကြောင်းလဲပြောခဲ့ပါသေးတယ်။

အကယ်ဒမီပေးပွဲအပြီးမှာတော့ အနုပညာရှင်တွေဟာ အိမ်မပြန်ကြသေးပဲ သီချင်းတွေဆိုရင် ဆက်ပျော်ခဲ့ကြပါသေးတယ်။ ထိုပွဲလေးကိုတော့ စံရတီမိုးမြင့်က Live လွှင့်ခဲ့ပြီ နေတိုး ထွန်းထွန်း ကျော်ကျော်တို့ BFF အဖွဲ့ သီချင်းတွေဆိုပြီးဖော်ဖြေခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်ကြီးအတွက် နေတိုးတို့အဖွဲ့ရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲ နေတိုးတို့ကိုချစ်ရင် Share ပေးသွားကြပါဦးနော်။

Video ကြည့်ရန်

Share From swelsonenews