သူထူးစံနဲ႔ ေက်ာ္ေက်ာ္ဗို တို႔အတြက္ ဝမ္းသာပီတိျဖစ္ေနတဲ့ ေနတိုး


ေနတိုးဟာအကယ္ဒမီဆုရရွိခဲ့ၾကတဲ့အႏုပညာညီအစ္ကိုေတြျဖစ္တဲ့သ႐ုပ္ေဆာင္သူထူးစံနဲ႔ေက်ာ္ေက်ာ္ဗိုတို႔အတြက္ဝမ္းသာဂုဏ္ယူမဆုံးျဖစ္လို႔ေနပါတယ္။သူ႔အတြက္အကယ္ဒမီမွန္းေပးခဲ့ၾကတဲ့ပရိသတ္ေတြအတြက္လည္းအားေပးစကားေျပာလာပါတယ္။သ႐ုပ္ေဆာင္ေနတိုးက ၂၀၁၈ ခုႏွစ္အတြက္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆုေပးပြဲမွာ သူကိုယ္တိုင္ပါ ဝင္သ႐ုပ္ေဆာင္ထားတဲ့ ‘’မုန္းစြဲ’’႐ုပ္ရွင္ကားဟာအကယ္ဒမီဆု၄ဆုခ်ိတ္ႏိုင္ခဲ့လို႔ဝမ္းသာေပ်ာ္႐ႊင္ေနတယ္လို႔မီဒီယာအင္တာဗ်ဴးေတြမွာေျဖဆိုခဲ့ပါတယ္။

‘’ကြၽန္ေတာ္တို႔ပါဝင္တဲ့မုန္းစြဲဇာတ္ကားကဆု၄ဆုေတာင္ရတယ္ေပါ့ေနာ္။ဝမ္းအသာဆုံးကေတာ့ကိုႀကံ့ရယ္၊ဒါ႐ိုက္တာရယ္၊DOP ရယ္ေပါ့ေနာ္။ ဒီဇာတ္ကားမွာသူတို႔သုံးေယာက္ရဲ႕ႀကိဳးစားအားထုတ္မႈနဲ႔ထိုက္တန္တယ္လို႔ျမင္ပါတယ္။မုန္းစြဲဇာတ္ကားနဲ႔ ကိုယ့္ညီအစ္ကိုေတြ ဆုရတဲ့အတြက္ ဝမ္းလည္း ဝမ္းသာပါတယ္။ ေပ်ာ္လည္း ေပ်ာ္တယ္’’ လို႔ မတ္လ ၂၃ ရက္ေန႔ ညက အကယ္ဒမီေပးပြဲမွာေျပာခဲ့တာပါ။အဲဒီေနာက္‘’ေမွာ္ဝင္သမန္းက်ား’’႐ုပ္ရွင္ဇာတ္ကားနဲ႔အေကာင္းဆုံးအမ်ိဳးသားဇာတ္ေဆာင္ဆုကိုရရွိပိုင္ဆိုင္သြားတဲ့သ႐ုပ္ေဆာင္သူထူးစံအတြက္ကိုလည္းအရမ္းပီတိျဖစ္တယ္လို႔ေနတိုးကဆက္လက္ေျပာျပထားပါတယ္။

‘’ ဆုရသြားတဲ့ ကြၽန္ေတာ့္ သူငယ္ခ်င္း သူထူးစံဆိုလည္း ကြၽန္ေတာ္တို႔နဲ႔ အႏုပညာသက္တမ္း ၁ႏွစ္၂ႏွစ္ေလာက္ပဲေစာတာ၊ ၿပီးေတာ့သူငယ္ခ်င္းအရင္းလည္းျဖစ္ပါတယ္။ဒါေၾကာင့္မို႔လို႔ကြၽန္ေတာ့္သူငယ္ခ်င္းေတြဆုရတဲ့အတြက္အရမ္းပီတိျဖစ္မိပါတယ္’’ လို႔ မ်က္ႏွာေပၚက အၿပဳံးေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေျဖဆိုခဲ့ပါတယ္။ေနတိုးဟာ၂၀၁၈ခုႏွစ္အတြက္ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ေပးပြဲအေပၚ သူ႔ရဲ႕သေဘာထားကိုေျပာျပလာပါတယ္။သူ႔ကိုခ်စ္တဲ့ပရိသတ္ေတြကိုလည္းစိတ္မညစ္ေစခ်င္ဘူးလို႔ဆိုပါတယ္။

‘’ အကယ္ဒမီ ဆု ဆိုတာကေတာ့ လြဲတတ္တဲ့အမ်ိဳးေပါ့။အခုဆိုရင္လည္းကြၽန္ေတာ္တို႔ထင္ေၾကးေပးထားတဲ့သူေတြရွိတယ္။ မေမွ်ာ္လင့္ထားတဲ့သူေတြလည္းရွိတယ္ဆိုေတာ့ဒါကႏွစ္စဥ္ႏွစ္တိုင္းအလိုလိုျဖစ္ေနမွာပါပဲခင္ဗ်။ကြၽန္ေတာ္လည္းအကယ္ဒမီနဲ႔ပတ္သက္တဲ့အင္တာဗ်ဴးေတြတိုင္းကိုပရိသတ္ကိုအၿမဲတမ္းေမွ်ာ္လင့္ခ်က္ေတြမထားဖို႔ေျပာပါတယ္။ဒီလိုပဲေမွ်ာ္လင့္ခြင့္ရွိတဲ့ ဇာတ္ကားေတြကို ကြၽန္ေတာ့္ရဲ႕ အႏုပညာတာဝန္ေတြနဲ႔အေကာင္းဆုံးျဖစ္ေအာင္ ထမ္းေဆာင္သြားပါမယ္။ စိတ္ညစ္ေနတဲ့ ပရိသတ္ေတြလည္း စိတ္မညစ္ၾကဖို႔ ၊ ေနာင္ႏွစ္ေတြလည္းအမ်ားႀကီးရွိပါေသးတယ္လို႔ေျပာခ်င္ပါတယ္’’လို႔သူကဆိုပါတယ္။

ေနတိုးကအကယ္ဒမီဆုမ်ားစြာပိုင္ဆိုင္ထားၿပီးဂုဏ္သတင္းေကာင္းမ်ားနဲ႔ရပ္တည္ေနတဲ့ထိပ္တန္းမင္းသားတစ္လက္ျဖစ္ပါတယ္။ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊ တာေတႀကီး (၂၀၁၇) စတဲ့႐ုပ္ရွင္ဇာတ္ကား(၃)ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကို ရရွိထားပါတယ္။

CRD-Cele Yatkwat

UNICODE

နေတိုးဟာအကယ်ဒမီဆုရရှိခဲ့ကြတဲ့အနုပညာညီအစ်ကိုတွေဖြစ်တဲ့သရုပ်ဆောင်သူထူးစံနဲ့ကျော်ကျော်ဗိုတို့အတွက်ဝမ်းသာဂုဏ်ယူမဆုံးဖြစ်လို့နေပါတယ်။သူ့အတွက်အကယ်ဒမီမှန်းပေးခဲ့ကြတဲ့ပရိသတ်တွေအတွက်လည်းအားပေးစကားပြောလာပါတယ်။သရုပ်ဆောင်နေတိုးက ၂၀၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ သူကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့‘’မုန်းစွဲ’’ရုပ်ရှင်ကားဟာအကယ်ဒမီဆု၄ဆုချိတ်နိုင်ခဲ့လို့ဝမ်းသာပျော်ရွှင်နေတယ်လို့မီဒီယာအင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်တို့ပါဝင်တဲ့မုန်းစွဲဇာတ်ကားကဆု၄ဆုတောင်ရတယ်ပေါ့နော်။ဝမ်းအသာဆုံးကတော့ကိုကြံ့ရယ်၊ဒါရိုက်တာရယ်၊DOPရယ်ပေါ့နော်။ဒီဇာတ်ကားမှာသူတို့သုံးယောက်ရဲ့ကြိုးစားအားထုတ်မှုနဲ့ထိုက်တန်တယ်လို့မြင်ပါတယ်။မုန်းစွဲဇာတ်ကားနဲ့ ကိုယ့်ညီအစ်ကိုတွေ ဆုရတဲ့အတွက် ဝမ်းလည်း ဝမ်းသာပါတယ်။ ပျော်လည်း ပျော်တယ်’’ လို့ မတ်လ ၂၃ ရက်နေ့ညကအကယ်ဒမီပေးပွဲမှာပြောခဲ့တာပါ။အဲဒီနောက်‘’မှော်ဝင်သမန်းကျား’’ရုပ်ရှင်ဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကိုရရှိပိုင်ဆိုင်သွားတဲ့သရုပ်ဆောင်သူထူးစံအတွက်ကိုလည်းအရမ်းပီတိဖြစ်တယ်လို့နေတိုးကဆက်လက်ပြောပြထားပါတယ်။

‘’ဆုရသွားတဲ့ကျွန်တော့်သူငယ်ချင်းသူထူးစံဆိုလည်းကျွန်တော်တို့နဲ့အနုပညာသက်တမ်း၁နှစ်၂နှစ်လောက်ပဲစောတာ၊ပြီးတော့သူငယ်ချင်းအရင်းလည်းဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော့်သူငယ်ချင်းတွေဆုရတဲ့အတွက်အရမ်းပီတိဖြစ်မိပါတယ်’’လို့မျက်နှာပေါ်ကအပြုံးတွေနဲ့ပျော်ပျော်ရွှင်ရွှင်ဖြေဆိုခဲ့ပါတယ်။နေတိုးဟာ၂၀၁၈ခုနှစ်အတွက်မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအပေါ်သူ့ရဲ့သဘောထားကိုပြောပြလာပါတယ်။သူ့ကိုချစ်တဲ့ပရိသတ်တွေကိုလည်းစိတ်မညစ်စေချင်ဘူးလို့ဆိုပါတယ်။

‘’အကယ်ဒမီဆုဆိုတာကတော့လွဲတတ်တဲ့အမျိုးပေါ့။အခုဆိုရင်လည်းကျွန်တော်တို့ထင်ကြေးပေးထားတဲ့သူတွေရှိတယ်။မမျှော်လင့်ထားတဲ့သူတွေလည်းရှိတယ်ဆိုတော့ဒါကနှစ်စဉ်နှစ်တိုင်းအလိုလိုဖြစ်နေမှာပါပဲခင်ဗျ။ကျွန်တော်လည်းအကယ်ဒမီနဲ့ပတ်သက်တဲ့အင်တာဗျူးတွေတိုင်းကိုပရိသတ်ကိုအမြဲတမ်းမျှော်လင့်ချက်တွေမထားဖို့ပြောပါတယ်။ဒီလိုပဲမျှော်လင့်ခွင့်ရှိတဲ့ဇာတ်ကားတွေကိုကျွန်တော့်ရဲ့အနုပညာတာဝန်တွေနဲ့အကောင်းဆုံးဖြစ်အောင်ထမ်းဆောင်သွားပါမယ်။စိတ်ညစ်နေတဲ့ပရိသတ်တွေလည်းစိတ်မညစ်ကြဖို့၊နောင်နှစ်တွေလည်းအများကြီးရှိပါသေးတယ်လို့ပြောချင်ပါတယ်’’လို့သူကဆိုပါတယ်။

နေတိုးကအကယ်ဒမီဆုများစွာပိုင်ဆိုင်ထားပြီးဂုဏ်သတင်းကောင်းများနဲ့ရပ်တည်နေတဲ့ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပါတယ်။မိုးညအိမ်မက်မြူ(၂၀၀၉)၊နက္ခတ်မှားတဲ့တိုက်ပွဲ(၂၀၁၅)၊တာတေကြီး(၂၀၁၇)စတဲ့ရုပ်ရှင်ဇာတ်ကား(၃)ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။

Share From Global Myanmar Media