“မုန်းစွဲ”ရုပ်ရှင်ဇာတ်ကားကြီး အကယ်ဒမီ ဂုဏ်ပြုပွဲကို တက်ရောက်လာခဲ့တဲ့ အနုပညာရှင်များ


ရိသတ်တွေနဲ့ အနုပညာရှင်တွေ ရင်ခုန်စွာနဲ့ စောင့်မျှော်ခဲ့ရတဲ့ အကယ်ဒမီ ဆုပေးပွဲကြီးကတော့ ရသင့်ရထိုက်သူတွေ အကယ်ဒမီရရှိပြီး အောင်မြင်စွာ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ (၂၀၁၈)ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုများကို စုစုပေါင်း(၁၂) ဆု ပေးအပ်ချီးမြှင့်ခဲ့ပြီး “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှ (၄) ဆုတိတိ ဆွတ်ခူး ရရှိခဲ့ပါတယ်။ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးမှ အကယ်ဒမီဆုရရှိခဲ့တဲ့ သူတွေအတွက် Novotel Hotel မှာ ဂုဏ်ပြုညစာစားပွဲကျင်းပခဲ့ပါတယ်။

“မုန်းစွဲ” ရုပ်ရှင်ကြီးရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ သြရသနှင့်အတူတူ

ပျော်ရွှင်နေကြတဲ့ အနုပညာရှင်များ

အကယ်ဒမီဆုရတဲ့ အနုပညာရှင်တွေအတွက် သီချင်းဆိုဖျော်ဖြေပေးတဲ့ ဗရမ်းဗတာသူငယ်ချင်းတွေ

အကယ်​ဒမီ ဂုဏ်​ပြုညစာစားပွဲမှာ သီချင်းတွေ သီဆိုရင်း သူငယ်ချင်းတွေကို ဖျော်ဖြေခဲ့တဲ့ နေတိုး

အကယ်ဒမီ ဂုဏ်ပြုပွဲကို တက်ရောက်လာခဲ့တဲ့ နေရွှေသွေးအောင်

အကယ်ဒမီဆုရတဲ့သူတွေအတွက် အနုပညာရှင်တွေက တော်တော်ကြီးကို ပျော်နေကြတဲ့ ပုံပါပဲ။ မုန်းစွဲ ဇာတ်ကားနဲ့ အကယ်ဒမီလွဲခဲ့တဲ့သူတွေလဲ နောင်နှစ်တွေမှာ အကယ်ဒမီဆုကြီးကို လက်ဝယ်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးပဲ တင်ရှိပါတယ်။

Source : momolay