သင်္ကြန်မှာ လည်စရာအဖော်မရှိလို့ အိမ်တွင်းပုန်းကြမယ့်သူတွေအတွက် သီချင်းသစ်လေးမျှဝေပေးလာတဲ့ မနော

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ အဆိုတော် မနောကတော့ သင်္ကြန် နှစ်ကူးချိန်ခါလေးကိုရောက်ရှိလို့ လာတော့မှာမို့ အရမ်းကောင်းတဲ့ သင်္ကြန်သီချင်းသစ်လေးတွေနဲ့ စတင်မိတ်ဆက် ပေးနေပြီပဲ ဖြစ်ပါတယ်။ သင်္ကြန်သီချင်းလေးတွေနဲ့ မိတ်ဆက်ပေးမြဲဖြစ်တဲ့ မနောကတော့ ယခုအချိန်မှာလည်း အရမ်းကောင်းတဲ့ သင်္ကြန်သီချင်းလေးနဲ့ မိတ်ဆက်ပေးလိုက်ပြန်တာပဲ ဖြစ်ပါတယ်။

မနောကတော့ နှစ်သစ်သင်္ကြန်ချိန်ခာလေးမှာ အိမ်မှာအိမ်တွင်းပုန်းပြီး တစ်ယောက်တည်း နေမယ့်သူတွေအတွက် “အဖော်လိုရင်ကိုယ်ရှိတယ်” သီိချင်းသစ်လေးတစ်ပုဒ်နဲ့ အကောင်းဆုံးဖြစ်အောင် သီဆိုပေးခဲ့တာကြောင့် အချိန်ခနအတွင်းမှာပဲ အရမ်းကို လူကြိုက်များခဲ့ရတာပဲဖြစ်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ သဘာဝကျကျ ရိုက်ကူးပုံဖော်ပေးထားခဲ့တဲ့ မနောရဲ့ သီချင်းသစ်လေးကို မိုမိုလေး ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

အရမ်းကောင်းလွန်းတဲ့ သင်္ကြန်သီချင်းသစ်လေး တစ်ပုဒ်ကို မျှဝေပေးထားခဲ့တဲ့ မနောကတော့ ” တင်ပြီဗျားးး😍 ကျနော်တို့ရွာကတော့ တောင်ခြမ်း နဲ့ မြောက်ခြမ်း မဏ္ဍာပ်တွေ အပြိုင်ထိုးပြီး ကောင်မလေးတွေအပြိုင် ပိုးကြမှာဗျားးး ဘော်ဒါတို့ဆီမှာရော ဘယ်လိုလဲ🤪 ရေလောင်းမည့်ကောင်မလေးရော ကြိုရှာထားပြီလား 😜 ကျနော်ကတော့ သင်္ကြန်ကို အမြန်ရောက်ချင်နေပြီဗျားး ဟဲဟဲ😝😍 🎼အဖော်လိုရင် ကိုယ်ရှိတယ် 😍ဆိုတဲ့ သီချင်းလေးပါ အားပေးဦးချစ်ဆုံးတို့ရေ 🙏😍🏆မောင်မနော🏆 ” ဆိုပြီး သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုတော် မနောနဲ့ ဝေလျှံထွန်းတို့ သီဆိုပေးထားခဲ့ကြတဲ့ “အဖော်လိုရင်ကိုယ်ရှိတယ်” သင်္ကြန်သီချင်းသစ်လေးမှာဆိုရင် သရုပ်ဆောင် မင်းသမီးချောလေး ယဉ်လတ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင် ပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

မနောနဲ့ ဝေလျှံထွန်း သီဆိုပေးထားခဲ့ကြတဲ့ “အဖော်လိုရင်ကိုယ်ရှိတယ်” သီချင်း video

.

သင်္ကြန်မှာ လည်စရာအဖော်မရှိလို့ အိမ်တွင်းပုန်းကြမယ့်သူတွေအတွက် သီချင်းသစ်လေးမျှဝေပေးလာတဲ့ မနောရဲ့ “အဖော်လိုရင်ကိုယ်ရှိတယ်” သီချင်းလေးကို ပရိသတ်ကြီးလည်း သဘောကျ ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ သဘာဝဆန်ဆန်လေးနဲ့ အကောင်းဆုံးဖြစ်အောင် ရိုက်ကူးပုံဖော်ပေးထားခဲ့တဲ့ မနောရဲ့ သင်္ကြန်သီချင်းသစ်လေးကိုနားထောင်ရင်း သဘောကျ ကြိုက်နှစ်သက်တယ်ဆိုရင် Share ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော် မိုမိုလေး ချစ်ပရိသတ်ကြီးရေ။

Kay Kay
Ref: Manaaw’s Facebook

Share From Lovely Myanmar