
အဂၤါ
( For Zawgyi )
အဂၤါသားသမီးမ်ားအတြက္
သင္သည္ ယခုႏွစ္အတြင္း ဘုရားဆင္းတုေတာ္ ပံုေတာ္ ၊ ရဟႏၱာ ပံုေတာ္မ်ား ၾကြလာတတ္၏။ မထင္မွတ္ထားေသာ ခရီးမ်ား ၊ မရည္ရြယ္ေသာ ခရီးမ်ား သြားရတတ္၏ ။ လူမ်ိဳးျခား ကူညီျခင္း ႏိုင္ငံျခားႏွင့္ပတ္သတ္ေသာ ကိစၥမ်ား ေအာင္ျမင္ျခင္းမ်ား ၾကံဳရမည္ ျဖစ္၏။ နာမည္ဂုဏ္ သတင္းတိုးတက္ျခင္း ဘုန္းတန္ခိုး တိုးတက္ျခင္းမ်ား ၾကံဳရမည္ျဖစ္၏…
မနာလိုသူလဲ ေပါလိမ့္မည္ ။ မိမိထက္ ျမင့္သူနိမ့္သူ ႏွစ္ဦးလံုးက ဒုကၡေပးတတ္ေသာ ကာလျဖစ္၏ ။လုပ္ေဖာ္ ကိုင္ဘက္မ်ား မိတ္ရင္း ေဆြရင္း မ်ားႏွင့္ လမ္းခြဲရတတ္သည္ ။ စေနနံ ပစၥည္းမ်ား ဝင္လာလိမ့္မည္ ။ ေရတြင္း ေရကန္ ကိစၥမ်ား ေအာင္ျမင္မည္ ျဖစ္၏ ။ လုပ္ငန္းမ်ား ေအာင္ျမင္ေတာ့ မလိုလိုႏွင့္ အခက္အခဲႀကီးစြာ ၾကံဳရတတ္၏…
ႀကီးကဲသူမ်ား အထက္ လူႀကီးမ်ားေၾကာင့္ စိတ္ညစ္ရတတ္၏ ။ အလႉပြဲ မဂၤလာပြဲ အစီအစဥ္မ်ား အထစ္ အေငါ့ ၾကံဳျခင္း ရက္ေရႊ႔ျခင္းမ်ား ျဖစ္ရတတ္၏ ။ အိမ္ေထာင္႐ွိလ်င္ အိမ္ေထာင္ေရး အဆင္ေျပေနမည္ ။ လက္႐ွိ အလုပ္အကိုင္ ေျပာင္းခ်င္စိတ္ ျဖစ္ေပၚေနမည္ ။ ေျပာင္းလ်ွင္ ပိုဆိုးသြားတတ္၏ ။ အစာအိမ္ျဖစ္ျခင္း က်န္းမာေရး ညံ့၍ ေျခေထာက္ ၊ ခါး ၊ သြား ဒုကၡေပးျခင္း ၾကံဳရတတ္၏ ။ ဤကာလအတြင္း အမႈအခင္း မျဖစ္ေစရန္ အထူးဂ႐ုစိုက္ဖို႔ လို႔ေပ၏ ။ ျဖစ္ခဲ့လ်ွင္မၿပီးႏိုင္ပဲ ျဖစ္ေနတတ္၏ ။ ေငြႏွင့္လိုက္လ်ွင္ ႐ွံုးသြားတက္ပါ၏ ။ ပစၥည္း မငွါးရမ္းပါႏွင့္ ဆံုးသြားလိမ့္မည္…
ဤကာလအတြင္း မည္သည့္ အခက္အခဲႏွင့္ ၾကံဳသည္ျဖစ္ေစ အားကိုး မ႐ွာပါႏွင့္ ။ ဒုကၡေပးမည့္သူမ်ားသာ ေပၚလာတတ္၏ ။ ေအာက္လက္ငယ္သား ထြက္သြားတတ္ျခင္း ၊ က်န္းမာေရးညံံ့ျခင္း ၾကံဳရတတ္၏ ။ ထီဘက္၌ ကံေကာင္းေသာ အခ်ိန္ ျဖစ္ပါ၏ ။ ပညာအသစ္ တစ္ခုရတတ္၏…
အိမ္ေထာင္ဘက္ က်န္းမာေရး ညံလိမ့္မည္ ။ ေဆးရံု ၊ ေဆးခန္း သြားရတတ္၏ ။ ေက်ာဒုကၡေပးျခင္း ၊ ေက်ာ၌ က်န္းမာေရး ညံ့ျခင္းေရာဂါ ရျခင္းမ်ား ျဖစ္တတ္၏…
“ယၾတာ”=== စေနေန႔ နံနက္တြင္ အိမ္ဘုရား၌ မုန္ဖက္ထုပ္ (၁၂)ထုပ္လွဴ၍ လိုရာ ဆုေတာင္းပါ ။သခြားသီးတြင္ သြားၾကားထိုးတံ သက္ေစ့စိုက္၍ ေရေမ်ာပါ. . . . .
CRD- ဆရာသူရိဇ ေဗဒင္နွင့္လကၡဏာ
( For Unicode )
အင်္ဂါသားသမီးများအတွက် (၁)နှစ်လုံးစာဟောတမ်း(၂၀၁၉)
သင်သည် ယခုနှစ်အတွင်း ဘုရားဆင်းတုတော် ပုံတော် ၊ ရဟန္တာ ပုံတော်များ ကြွလာတတ်၏။ မထင်မှတ်ထားသော ခရီးများ ၊ မရည်ရွယ်သော ခရီးများ သွားရတတ်၏ ။ လူမျိုးခြား ကူညီခြင်း နိုင်ငံခြားနှင့်ပတ်သတ်သော ကိစ္စများ အောင်မြင်ခြင်းများ ကြုံရမည် ဖြစ်၏။ နာမည်ဂုဏ် သတင်းတိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်ဖြစ်၏…
မနာလိုသူလဲ ပေါလိမ့်မည် ။ မိမိထက် မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးတတ်သော ကာလဖြစ်၏ ။လုပ်ဖော် ကိုင်ဘက်များ မိတ်ရင်း ဆွေရင်း များနှင့် လမ်းခွဲရတတ်သည် ။ စနေနံ ပစ္စည်းများ ဝင်လာလိမ့်မည် ။ ရေတွင်း ရေကန် ကိစ္စများ အောင်မြင်မည် ဖြစ်၏ ။ လုပ်ငန်းများ အောင်မြင်တော့ မလိုလိုနှင့် အခက်အခဲကြီးစွာ ကြုံရတတ်၏…
ကြီးကဲသူများ အထက် လူကြီးများကြောင့် စိတ်ညစ်ရတတ်၏ ။ အလှူပွဲ မင်္ဂလာပွဲ အစီအစဉ်များ အထစ် အငေါ့ ကြုံခြင်း ရက်ရွှေ့ခြင်းများ ဖြစ်ရတတ်၏ ။ အိမ်ထောင်ရှိလျင် အိမ်ထောင်ရေး အဆင်ပြေနေမည် ။ လက်ရှိ အလုပ်အကိုင် ပြောင်းချင်စိတ် ဖြစ်ပေါ်နေမည် ။ ပြောင်းလျှင် ပိုဆိုးသွားတတ်၏ ။ အစာအိမ်ဖြစ်ခြင်း ကျန်းမာရေး ညံ့၍ ခြေထောက် ၊ ခါး ၊ သွား ဒုက္ခပေးခြင်း ကြုံရတတ်၏ ။ ဤကာလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ဖို့ လို့ပေ၏ ။ ဖြစ်ခဲ့လျှင်မပြီးနိုင်ပဲ ဖြစ်နေတတ်၏ ။ ငွေနှင့်လိုက်လျှင် ရှုံးသွားတက်ပါ၏ ။ ပစ္စည်း မငှါးရမ်းပါနှင့် ဆုံးသွားလိမ့်မည်…
ဤကာလအတွင်း မည်သည့် အခက်အခဲနှင့် ကြုံသည်ဖြစ်စေ အားကိုး မရှာပါနှင့် ။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်၏ ။ အောက်လက်ငယ်သား ထွက်သွားတတ်ခြင်း ၊ ကျန်းမာရေးညံံ့ခြင်း ကြုံရတတ်၏ ။ ထီဘက်၌ ကံကောင်းသော အချိန် ဖြစ်ပါ၏ ။ ပညာအသစ် တစ်ခုရတတ်၏…
အိမ်ထောင်ဘက် ကျန်းမာရေး ညံလိမ့်မည် ။ ဆေးရုံ ၊ ဆေးခန်း သွားရတတ်၏ ။ ကျောဒုက္ခပေးခြင်း ၊ ကျော၌ ကျန်းမာရေး ညံ့ခြင်းရောဂါ ရခြင်းများ ဖြစ်တတ်၏…
“ယတြာ”=== စနေနေ့ နံနက်တွင် အိမ်ဘုရား၌ မုန်ဖက်ထုပ် (၁၂)ထုပ်လှူ၍ လိုရာ ဆုတောင်းပါ ။သခွားသီးတွင် သွားကြားထိုးတံ သက်စေ့စိုက်၍ ရေမျောပါ. . . . .
CRD- ဆရာသူရိဇ ဗေဒင်နှင့်လက္ခဏာ