မကျေနပ်ရင် မထိုက်တန်ဘူးထင်ရင် အကယ်ဒမီပြန်သိမ်းသွားပါဆိုတဲ့ ခွန်းဆင့်နေခြည်

ခွန်းဆင့်နေခြည်ကတော့ သူမထုတ်လုပ်ရိုက်ကူးတဲ့ မှော်ဝင်သမန်းကျား ရုပ်ရှင်ဇာတ်ကားနဲ့ သူထူးစံအကယ်ဒမီရရှိသွားတာကို မတန်ဘူးထင်ရင် အကယ်ဒမီပြန်သိမ်းသွားဖို့ပြောလိုက်ပါတယ်။ ၂၀၁၈ အကယ်ဒမီပေးပွဲမှာတော့ ပထမဆုံးအကယ်ဒမီဆုရရှိသူတွေအများအပြားရှိခဲ့ပြီးတော့ ဒီနှစ်အတွက် စုတ်ရောလာဘ်ရောဝင်ခဲ့သူကတော့ သူထူးစံဖြစ်ခဲ့ပါတယ်။ အိမ်ထောင်ကျခဲ့တဲ့အပြင် သူ့ရဲ့ ပထမဆုံး အကယ်ဒမီဆုကြီးကိုပါ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ကားကောင်းတွေပြိုင်ဆိုင်ဖြစ်နေကြတဲ့ ဒီနှစ်မှာ သူထူးစံအကယ်ဒမီရသွားတဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။ ဒါကိုတော့ ထုတ်လုပ်သူ ခွန်းဆင့်နေခြည်က ရရှိသွားတဲ့အကယ်ဒမီအပေါ် ကျေနပ်မှုမရှိဘူးဆိုရင် အခမ်းအနားနဲ့ပြန်အပ်ဖို့ပြောပေးပါမယ်လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်ကနေ ရေးသားလာပါတယ်။

“မကျေနပ်ရင် မထိုက်တန်ဘူးထင်ရင် အကယ်ဒမီပြန်သိမ်းသွားပါ အခန်းအနားနဲ့ပြန်အပ်ဖို့ပြောပေးပါ့မယ် အကယ်ဒမီရတယ်ဆိုတာကံပါလို့ရတာ ထိုက်တန်လို့ရတာဆိုပေမဲ့ ပရိသတ်နဲ့ အလုပ်လုပ်ကြရတဲ့ အနုပညာသမားတွေအဖို့တော့ ပရိသတ်မကြည်ဖြူဘဲ ရခဲ့တဲ့အကယ်ဒမီဟာ ထိုက်တန်တဲ့အကယ်ဒမီလို့ပြောဖို့တော့အနည်းငယ်ခက်ခဲပါတယ် ဘာဘဲဖြစ်ဖြစ်သမိုင်းမှတ်ကျောက်တော့တင်သွားပြီလေ ဟုတ်တယ်မလား? ဘယ်သူတွေဘာပြောပြောအခုအချိန်မှာသူကစင်ပေါ်ကပါ ••• ကျေနပ်တယ် •••”

သရုပ်ဆောင် ခွန်းဆင့်နေခြည်ကတော့ သူမရိုက်ကူးထားတဲ့ မှော်ဝင်သမန်းကျားဇာတ်ကားနဲ့ အကယ်ဒမီဆုကိုရရှိသွားလို့ အင်မတန် ပျော်ရွှင်ဝမ်းသာဂုဏ်ယူနေတာလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ခွန်းဆင့်နဲ့အတူ ပျော်ရွှင်ရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်နော်။We Love Cele

Photos-Khunn Sint Nay Chi

Share From welovecele