အုပ်စိုးခန့်စဆုံဖြစ်တဲ့အကြောင်းပြေပြတဲ့ ယွန်းယွန်း

ကလေးသရုပ်ဆောင်ဘဝကတည်းစပြီး အခုလိုလှပပျိုမြစ်တဲ့အရွယ်ရောက်လာတဲ့အထိ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင်ယွန်းယွန်းကတော့ သူနဲ့အုပ်စိုးခန့်နဲ့စတင်တွေဆုံခဲ့တဲ့အဖြစ်အပျက်လေးကို အင်တာဗျူးတစ်ခုမှာပြောပြသွားပါတယ်။ သူပြောပြသွားတဲ့အကြောင်းတွေကိုပြောချင်လွန်းလို့မိတ်ဆွေတွေသိအောင်ပြန်ပြောပေးလိုက်ပါတယ်။

တန်ခူးမေ သီချင်း Music Video နဲ့ပတ်သက်ပြီး “အဲ့ဒါလေးရိုက်ဖို့လက်ခံလိုက်တုန်းက သူ့သီချင်းကိုလည်းနားမထောင်ဖူးဘူး ၊တွေ့ဖူးတာလည်းပထမဆုံးပဲ ၊သီချင်းလည်းပထမဦးဆုံးနားထောင်ဖူးတာပဲ ။အဲ့ဒီဟာကို ပရိသတ်တွေကသဘောမကျတဲ့သူတွေလည်းရှိတယ်။ သဘောကျပြီးအားပေးလို့တစ်နှစ်ကျော်တဲ့အထိတောင်ပြန် Share ပေးတဲ့လူတွေလည်းရှိတယ်ဆိုတော့ ကျေးဇူးတင်ပါတယ်လို့။ ညီမကိုယ်တိုင်လည်း အဲ့ဒီ MTVလေးကို သဘောကျပါတယ်။အဲ့ဒီနောက်ပိုင်းတော့ သူနဲ့ရင်းနီးသွားတော့ သူသီချင်းတွေကိုနားထောင်ဖြစ်ပါတယ်။ ”ဆိုပြီးပြောပြသွားပါတယ်။

အချစ်ရေးနဲ့ပတ်သတ်ပြီး ပရိသတ်တွေစိတ်ပူနေကြတဲ့အပေါ်မှာလည်း “အဲ့ဒါကတော့ ညီမနဲ့လည်းအများကြီးဆိုင်ပါတယ်။ လူတွေကတော့ချစ်လို့စိတ်ပူလို့စိုးရိမ်လို့ပြောနေကြတာပေါ့ ။အဲ့ဒါညီမနားလည်ပါတယ်။ ပြီးတော့ညီမလည်းပရိသတ်တွေစိတ်ပူရမယ့်ဟာမျိုးမလုပ်ပါဘူးလို့ ။ပြီးတော့ ညီမမိဘတွေလည်း ညီမနားမှာအမြဲတမ်းရှိနေတဲ့အတွက် ညီမအခုအဆင်ပြေပါတယ်။အရွယ်ရောက်လာလို့အဲ့ဒီလိုမျိုးတွေအပြောခံရမယ်ဆိုတာလည်းကြိုတွေးထားပါတယ်။ အခုတောင်တစ်ယောက် ပေါ့နောက်ကျရင်ဘယ်လိုတွေအပြောခံရမလဲဆိုတာ မသိဘူးမိဘတွေကလည်းအမြဲတမ်း စိတ်ထဲမှာပြင်ဆင်ထားပေါ့။

ကလေးမဟုတ်တော့ဘူး အရာရာကို ကလေးစိတ်နဲ့ဖြေရှင်းလို့မရတော့ဘူး ပြောချင်တိုင်းပြောလို့မရဘူးပေါ့ တချို့အရာတွေက ငြိမ်နေလိုက်တာ လိုက်မရှင်းတာကပိုကောင်းတယ်လို့အကြံပေးတာတွေဘာတွေလည်းရှိတယ်ဆိုတော့ လူကြီးတွေပေးတဲ့အကြံအတိုင်းပဲနေဖြစ်ပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Share From nanmalgyi