ရွှေကြိုလုပ်တုန်းက တလွဲဖြစ်ခဲ့တဲ့ ဟာသလေးတွေကို ပြောခဲ့တဲ့ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်

မကြာခင်မှာ ကျင်းပပြုလုပ်ခဲ့တဲ့၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲကြီးကတော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီပဲ ဖြစ်ပါတယ်။ အကယ်ဒမီဆုပေးပွဲကြီးအတွက် ရွေးချယ်ထားတဲ့ ရွှေကြိုမောင်မယ်တွေကလဲ လိုက်ဖက်အတွဲညီလွန်းလို့ ပရိသတ်တွေက သဘောကျခဲ့ရတာဖြစ်ပါတယ်။ အကယ်ဒမီရွှေကြိုတွေဖြစ်တဲ့ အနုပညာရှင်တွေရဲ့ သားသမီးတွေကလဲ အခုဆိုရင် တစ်ယောက်ကိုတစ်ယောက် ရင်းရင်းနှီးနှီးနဲ့ အတူသွားလာနေကြတာဖြစ်ပါတယ်။

ထိုထဲကမှ ခင်ဇာခြည်ကျော်ရဲ့သားလေး ဘုန်းမင်းနေလနဲ့ ခင်လှိုင်ရဲ့ သမီးလေး သဇင်ထူးမြင့်တို့ကတော့ ပရိသတ်တွေ ချစ်ကြတဲ့ အတွဲလေးပဲ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မိုမိုလေး ပရိသတ်တွေအတွက် ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ရဲ့ အကယ်ဒမီရွှေကြို အမှတ်တရတွေကို မျှဝေလိုက်ပါတယ်နော်။

အကယ်ဒမီရွှေကြိုလုပ်ခဲ့တဲ့အတွေ့အကြုံတွေ ပြောပြခဲ့တဲ့ ဘုန်းမင်းနေလ နဲ့ သဇင်ထူးမြင့်

.

ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့က အကယ်ဒမီ ရွှေကြိုမောင်မယ်ထဲမှာ အလိုက်ဖက်ဆုံးအတွဲလေးမို့ ပရိသတ်တွေရဲ့ အာရုံစိုက် အားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။

အနေအေးတဲ့ သဇင်ထူးမြင့်နဲ့ သွက်လက်လွန်းတဲ့ ဘုန်းမင်းနေလတို့ကတော့ တကယ်ကို လိုက်လဲ လိုက်ပါပေတယ်။ ဘုန်းမင်းနေလနဲ့ သဇင်ထူးမြင့်တို့ကို ဆက်လက် အားပေးကြပါဦးနော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena
Source: 7th Sense Creation
Share From Lovely Myanmar