နေတိုးရဲ့ Mi Mi Challenge ကို အပီအပြင်ကပြလိုက်ပြီး ချစ်ဇနီးလေး ရွှေမှုံရတီကို စိန်ခေါ်လိုက်တဲ့ ရွှေထူး

လူငယ်ပရိသတ်တွေကြားရေပန်းစား လူကြိုက်များလျက်ရှိနေတဲ့ ရွှေထူးကတော့ ရွှေမှုန်ရတီနဲ့အတူ နွေးထွေးတဲ့အိမ်ထောင်သည်ဘဝလေးကို ဖန်တီးတည်ဆောက်ထားပြီးဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ဇနီးသည်ကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့ ရွှေထူးကတော့ ကလေးတစ်ယောက်လိုမျိုး အမြဲဂရုစိုက်နေတာကို တွေ့ရပြန်ပါတယ်။

ဒီနေ့မှာတော့ ရွှေထူးဟာ ကိုနေတိုးရဲ့ Mi Mi အက ကိုသဘောကျကချင်နေလို့ Mi Mi Challenge အဖြစ်ကပြခဲ့တာပဲဖြစ်ပါတယ်။ ရွှေထူးက” – ကိုနေတိုးကတာကြည့်ပြီး ကချင်နေတာ၊ အခုလည်း Po​Po ကစိန်ခေါ်တော့ Tik Tok နဲ့ Mi Mi Challenge ကပလိုက်တယ်။ အခွီပေါ့။
– သူငယ်ချင်းတွေ နဲ့ပရိတ်သတ်တွေလည်း ပါသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပထမဆု သိန်း ၁၀၀၊ ဒုတိယဆု သိန်း ၅၀ နဲ့ တတိယဆု ၁၀ သိန်း ရမှာပါ။

– ပါဝင်ချင်တယ်ဆိုရင်တော့ အခုလို Tik Tok ဗီဒီယို (သို့) အခြား ဗီဒီယိုနဲ့ပဲရိုက်ရိုက် ကိုယ်ပိုင်ဖန်တီးမှုနဲ့အတူ Facebook မှာ #MytelMiMiChallenge #MytelMiMiChampions နဲ့ Public မှာပိုစ့်တင်ရမှာဖြစ်ပါတယ်။
– ဒါနဲ့ challenge ကတော့ ဧပြီလ ၅ ရက်နေ့ အထိပဲနော်

– အသေးစိတ်သိချင်ရင်တော့ Mytel Facebook Page မှာဝင်ရောက်ကြည့်ရှု နိုင်ပါတယ်။
– အားလုံးကံကောင်းပါစေ
– ကျွန်တော့်ရဲ့ မင်းသမီးလေး ရွှေမှုံရတီကိုလဲ စိန်ခေါ် ပါတယ် ခင်ဗျာ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။

ရွှေထူးကတော့ သူ့ရဲ့ချစ်ဇနီးလေးရွှေမှုံရတီကိုလဲ ကပြဖို့စိန်ခေါ်ထားပါသေးတယ်။ ပရိသတ်ကြီးအတွက် ရွှေထူးရဲ့ အကဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Share From swelsonenews