တီတီအူဝဲနဲ့ ရုပ်ချင်းဆင်တယ်လို့ ပရိတ်သတ်တွေကမှတ်ချက်ပေးနေတဲ့ မေတိုးခိုင်ရဲ့ အလှ

ပရိတ်သတ်ကြီးရေ အနုပညာလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ အိန္ဒြာကျော်ဇင်လို့ အမည်တွင်တဲ့ မင်းသမီးချောလေးက တစ်ခေတ်တစ်ခါတည်းက ပရိတ်သတ်တွေရဲ့အချစ်ကိုရယူပိုင်ဆိုင်ခဲ့တာပါနော်။အူဝဲနဲ့တစ်ထေရာတည်းတူပြီးအနုပညာ

ဝါသနာပါကြီးတဲ့ တူမချောလေး မေတိုးခိုင်ကတော့ အနုပညာလမ်းကြောင်းထဲကို ကြော်ငြာတွေကနေတစ်ဆင့် စတင်ဝင်ရောက်လို့လာပါပြီနော်။

မေတိုးခိုင်ကတီတီအူဝဲရဲ့အနုပညာအမွေတွေဆက်ခံတော့မှာဖြစ်လို့သူမကိုလည်းပရိတ်သတ်တွေကအိန္ဒြာကျော်ဇင်အငယ်စားလေးဆိုပြီးအရမ်းချစ်ကြပါတယ်။မေတိုးခိုင်ကလူငယ်ပီပီသွက်လက်ဖျက်လက်ပြီးသူငယ်ချင်းတွေနဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်သူလေးပါ။အနု

ပညာအလုပ်တွေကိုလည်းတီတီအူဝဲရဲ့သင်ပြပေးမှုအောက်မှာကြိုးစားလုပ်ဆောင်နေတဲ့အနုပညာမျိုးစက်တစ်ယောက်ဖြစ်ပါတယ်။မေတိုးခိုင်ရဲ့ချစ်စရာဟန်ပန်လေးတွေကလည်း ပုရိသတွေ ရဲ့ရင်အစုံကို ကိုင်လှုပ်နိုင်ပါတယ်နော်။

မကြာသေးမီကမှ ကျင်းပပြီးစီးသွားတဲ့ အနုပညာရှင်အတတ်ပညာရှင်တွေ စုစည်းရာ ၂၀၁၈ အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာလည်း မေတိုးခိုင်ကရွှေကြိုမယ်လေးအဖြစ်တစ်ထောင့်တစ်နေရာကနေအားဖြည့်ကူညီပေးခဲ့ပါတယ်။မေတိုးခိုင်ရဲ့အလှလေးကစင်ပေါ်မှာထင်ပေါ်သူဖြစ်လို့ ပရိတ်သတ်တွေရဲ့

အားပေးချစ်ခင်မှုတွေကို ရရှိခဲ့ပါတယ်။အခုဆိုရင်လည်း ရွှေကြိုသူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ အကယ်ဒမီညစာစားပွဲကိုတက်ရောက်တဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:May T Khine,CRD-Myanmarload