ဆေးထိုး မှား ပြီးအောက်ပိုင်းချိနေ တဲ့ ကလေး ငယ် အတွက် ဘီးတတ်ကုလားထိုင် လှူဒါန်းပေးခဲ့ ဆိုတဲ့ ထူးအယ်လင်း

ယ် ငယ်လေးတည်းက ရင်ခုန်နှစ်ခြိုက်စွာ နားဆင်ခဲ့ရတဲ့ သီချင်းကောင်းလေးတွေထဲမှာ အဆိုတော်ထူးအယ်လင်းရဲ့သီချင်းတွေလည်း မပါမဖြစ်ပါပဲ။ ဂီတအလုပ်တွေအပြင်

ပရိဟိတအလုပ်တွေကိုလည်း လက်နဲ့မပြတ် အမြဲလုပ်ဖြစ်နေတဲ့ ထူးအယ်လင်းက ဒီတစ်ခါမှာတော့ သူတို့ ဆိုင်ကယ်ချစ်သူ ညီအစ်ကို စုပြီး လုပ်ဖြစ်ခဲ့တဲ့ မွန်မြတ်တဲ့ အလှူ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ထူးအယ်လင်း ဟာဆိုရင် အနုပညာအလုပ်တွေ ကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေး နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေသူပါ။ အနုပညာအလုပ်အပြင် ဆိုင်ကယ်ကို ချစ်မြတ်နိုးတဲ့ ထူးအယ်လင်းက သူနဲ့ ဝါသနာတူ ညီအစ်မဖွဲ့ပြီး ပရဟိတများစွာကိုလည်း

လုပ်ကိုင်လေ့ရှိပါတယ်။ဒီတစ်ခါမှာလည်း ထူးအယ်လင်းတို့ ဆိုင်ကယ်ချစ်သူညီအကို များစုပေါင်းပြီး ဆေးထိုးမှား ပြီးအောက်ပိုင်းချိနေတဲ့ ကလေးငယ် အတွက် ဘီးတတ်ကုလားထိုင် လှူဒါန်းပေးခဲ့ ကြတယ်လို့ သိရပါတယ်။ ထူးအယ်လင်း က ” ဗုဒ္ဓပူဇနိယပွဲလေးမှာ မထင်မှတ်ပဲ

ဆိုင်ကယ်ချစ်သူညီအကိုတွေ ထုံးစံအတိုင်း ဆေးထိုးမှား၍အောက်ပိုင်းချိနေတဲ့ ကလေးငယ်တစ်ဦးကို ညီအကိုတွေစုပေါင်းအားဖြင့် ဘီးတတ်ကုလားထိုင် ကလေးအတွက် လှူဒါန်းပေးခဲ့ကြတယ် ။ “

“ဖြစ်ပုံက ….ကလေးငယ်တစ်ဦး သဲတောဖုန်တောထဲ ဝမ်းလျားမှောက် ခန္ဓာကိုတရွတ်ဆွဲပြီး လူအုပ်ကြားထဲကနေ တွားသွားနေတာ မြင်တော့ ဆော့နေတယ်ထင်တာ ဒီကလေး လူအနင်းခံရတော့မှာပဲလို့ ပြောလိုက်တော့ … ပတ်ဝန်းကျင်ကလူတွေက

အဲ့ကလေးက အောက်ပိုင်းချိနေတာ တဲ့ …. ဘယ်နေမလဲ လှသိန်းတို့ ဒါမျိုးမြင်ရင် တာကျိုးကျသလိုပဲ ရင်ထဲခံမနိုင်တော့ဘူး .. ချက်ခြင်းပဲ ညီအကိုတွေ စုလိုက်ပြီး ,, အလှူငွေကောက်လိုက်တာ တစ်သိန်းကျော်ရတယ် ။

ဒါနဲ့ပဲ အဲ့ဒီ မရှိနွမ်းပါး ကလေးငယ်အတွက် ဘီးတတ်ကုလားထိုင်တစ်လုံး ဝယ်လှူဖြစ်သွားတယ် ။ ဒါကြောင့်ကျွန်တော် ဆိုင်ကယ်စီးတဲ့ ဆိုင်ကယ်ချစ်သူညီအကိုတွေကို လေးစားချစ်ခင်ရတာပါ ။ နောက်ထပ် ကုသိုလ်ရေးပွဲတွေမှာ ဆိုင်ကယ်စီးရင်း ကောင်းမှူပြုကြတာ တို့တတွေ

ထုံးစံဖြစ်နေလို့ ဝမ်းသာပီတိနှင့်အတူ ဆက် ချီတက်ကြတာပ ယခု ကုသိုလ်အတွက် သာဓု သာဓု သာဓုပါဗျာ ” ဆိုပြီး ပြေထားပါတယ်