ဘက်စုံတော်တဲ့သူတစ်ယောက်ဖြစ်လို့ ကိုယ်တိုင်လက်စွမ်းပြပြီးချက်ပြုတ်ထားတဲ့ ဇေရဲထက်ရဲ့ ဖွယ်ဖွယ်ရာရာဟင်းလျာများ

ပရိတ်သတ်ကြီးရေ မင်းသားချောလေး ဇေရဲထက်ကတော့ အနုပညာအလုပ်တွေကို စဉ်ဆက်မပြက်ကြိုးစားရင်း ပရိတ်သတ်တွေအတွက် အသစ်အသစ်တွေကို ယူဆောင်လာတဲ့ အနုပညာရှင်တစ်ယောက်ပါနော်။ဇေရဲထက်ကတော့ ဇာတ်ကားများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ကားတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်တဲ့ မင်းသားချောလေးတစ်လက်ပါ။စိတ်ထားဖြူစင်နူးညံ့ပြီး ယဉ်ကျေးသိမ်မွေ့တတ်သူဖြစ်လို့ လူချစ်လူခင်လည်း ပေါများပါတယ်နော်။

ဇေရဲထက်က အခုချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်လက်လုပ်ဆောင်နေပြီး ပရိတ်သတ်အများကြီးရဲ့ အချစ်များစွာကို ရယူပိုင်ဆိုင်ထားတဲ့ ပြည်သူချစ်မင်းသားပါ။ဇေရဲထက်က မိဘအပေါ် သိတတ်လိမ္မာပြီး အနုပညာကြေးတွေနဲ့ လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာတစ်ယောက်လည်းဖြစ်ပါတယ်။နောက်ထပ်လည်း ဇေရဲထက်ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ဆက်လက်ထွက်ရှိဦးမှာဖြစ်လို့ ပရိတ်သတ်တွေကလည်း အားပေးဖို့ စောင့်နေကြပါပြီ။

ဇေရဲထက်က လူငယ်ပီပီ သွက်လက်ဖျက်လက်ပြီး ဘက်စုံတော်တဲ့ မင်းသားတစ်ယောက်ဖြစ်လို့ ဒီနေ့မှာဆိုရင်လည်း “ဒီနေ့ စိတ်လိုလက်ရ ချက်စားဖြစ် ငါးခူငါးပိရည် ကြက်သားကြော် ငါးဖယ်ကြော် မှိုကန်စွန်း ကြက်သည်းကြက်မြစ် အစိမ်းကြော် ကြက်သားသာလပေါ အတို့မြုပ်စုံ”စတဲ့ဟင်းလျာလေးတွေကို ဖွယ်ဖွယ်ရာရာလေးချက်ပြုတ်ပြီး ပရိတ်သတ်တွေသွားရည်ကျသွားအောင် သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာမျှဝေခဲ့ပါတယ်။

Source:Zay Ye Htet

“Myanmarload

Share From Lovely Myanmar