.“ကျွန်မကမဟေသီ” ဆိုတဲ့ဇာတ်လမ်းတွဲအကြောင်းပြောပြလာတဲ့ အောင်ရေချမ်း.

လက်ရှိမှာ MRTV-4 ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ဇာတ်လမ်းတွဲတွေထဲမှာ “ကျွန်မကမဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေ ကြားမှာရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲလေးတစ်ခုပါ ။ ဒီ ဇာတ်လမ်းတွဲဟာ နိုင်ငံကျော်စာရေးဆရာမ သျှင်မ ရဲ့ ဝထ္တု ကို မူရင်းနာမည် အတိုင်း ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ် တဲ့အပြင် ပျားရည်အိုင် ဇာတ်လမ်းတွဲနဲ့ နာမည်ကြီးလာတဲ့ ကိုတင်ဖေ (အောင်ရေချမ်း) က အဓိက ဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ် ။

ဒီ ကျွန်မက မဟေသီ ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီး အောင်ရေချမ်းက အတိတ်မေ့တဲ့လူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာ သူ့အတွက်ပိုခက်ခဲတယ်လို့ဆိုပါတယ် ။ အတိတ်မေ့တဲ့ ပုံစံကို ပရိသတ်က ပေါ့တယ်လို့ ထင်ရင်ထင်လိမ့်မယ်ဆိုပေမယ့် သူ့ရဲ့ပုံစံကိုက အဲဒီလိုဖြစ်နေတာလို့ ပြောပြခဲ့ပါတယ် ။ အတိတ်မေ့သွားတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် တစ်ချက်တစ်ချက်လွတ်လွတ်သွားမယ် ၊ စကားပြောတာနည်းလာမယ် အတိတ်ကို ပြန်ပြန်ကောက်နေရတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် နည်းနည်းကြောင်တောင်တောင်လေး ဖြစ်မယ်လို့ ကာရိုက်တာပုံစံကို ရှင်းပြခဲ့ပါတယ် ။

မင်းမျိုးနွယ်ဆိုတဲ့ ဇာတ်ကောင်ရဲ့ နဂိုပုံစံကိုက သမာသမတ်ကျတယ် ငယ်ငယ် တုန်း က ဆိုးခဲ့ပေမယ့် ကျူရှင်ဆရာလုပ်ပြီးနောက်ပိုင်းမှာတော့ တည်ငြိမ်ရင့်ကျက် သွားပြီး စံမြန်းနဲ့လင်မယားချင်း စကားများရင်တောင် တိုးတိုးတိတ်တိတ် နဲ့ တစ်ယောက်ကိုတစ်ယောက်ချစ်ပြီး ကြင်ကြင်နာနာနဲ့စကားပြောတယ် ဆိုတော့ မိန်းမချောနဲ့သူနဲ့အရင်က ဒီလိုပုံစံမျိုးလားဆိုပြီး အတိတ်ကို ပြန်ပြန်စဉ်းစားရင်း နည်းနည်းအေးတဲ့သူတစ်ယောက် ပုံဖြစ်သွားတဲ့ ပုံစံဖမ်းရတာဖြစ်တယ် လို့ပြောပြခဲ့ ပါတယ် ။

လက်ရှိမှာတော့ ဗီဒီယိုကားတွေ ပြန်ရိုက်ဖို့စီစဉ်နေတာဖြစ်ပြီး ဗီဒီယိုကားတွေ ထွက်လာရင်လည်း ပရိသတ်ကြီးကအားပေးစေချင်ပါတယ်တဲ့ ။ သူ့အနေနဲ့ ဒရမ်မာဘက်ကို ပိုအားသန်လို့ ဒရမ်မာကားတွေကို ရိုက်ချင်တယ်လို့လည်း ပြောပြခဲ့ပါတယ် ။ CeleGabar ပရိသတ်ကြီးကရော ကိုတင်ဖေကိုချစ်တာလား မင်းမျိုးနွယ်ကိုချစ်တာလား မှတ်ချက်ပေးခဲ့ကြပါဦးနော် ။

Source : Irrawaddy

Share From swelsonenews