ဟိုတယ်မှာ အပန်းဖြေဇိမ်ခံနေကြတဲ့ အမိုက်စားပုံရိပ်လေးတွေကို ချစ်စဖွယ်လေး ထုတ်ပြလိုက်တဲ့ ရွှေကစ်နဲ့မိုးစက်

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ ပရိသတ်တွေရဲ့အသည်းကျော်လေးတွေဖြစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်နဲ့ အလှမယ် မော်လ်ဒယ်သရုပ်ဆောင် မင်းသမီးချောလေးမိုးစက်ဝိုင်တို့ကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားကြတာပဲ ဖြစ်ပါတယ်နော်..။

ချစ်စရာကောင်းလွန်းတဲ့ ပြည်သူ့အသည်းကျော်လေး သူမတို့ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြပြီး လတ်တလောမှာလည်း မန္တလေးမြို့ကို အတူရောက်ရှိနေကြတာ တွေ့ရပါတယ်နော်..။

အချစ်တော်လေး ရွှေကစ်နဲ့ မိုးစက်တို့နှစ်ယောက်ကတော့ မန္တလေးမြို့မှာ အသစ်ထပ်မံဖွင့်လှစ်လိုက်တဲ့ ရွှေမန်း Tea Center ဆိုင်ခွဲဖွင့် အခမ်းအနားပွဲလေးကို တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်နော်..။

ဆိုင်ဖွင့်ပွဲမှ အမှတ်တရပုံရိပ်လေးတွေနဲ့အတူ ချစ်ခင်အားပေးနေကြတဲ့ ချစ်ပရိသတ်တွေနဲ့ အမှတ်တဓာတ်ဖမ်းခဲ့ကြတဲ့ ကြည်နူးပျော်ရွှင်စရာ ပုံရိပ်လေးတွေကိုလည်း မိုးစက်နဲ့ ရွှေကစ်လေးတို့က ပြန်လည်မျှဝေပေးထားတာလည်း တွေ့ရပါတယ်နော်..။

“Mandalay က red canal hotel မှာ spa and massage ကို ဝါသနာတူ၂ ဦး အကြိုက်တွေ့ ဇိမ်ခံ..” ဆိုပြီးတော့ ချစ်ပရိသတ်တွေကို မျှဝေထားတဲ့ ဟိုတယ်မှာ အပန်းဖြေနေကြတဲ့ အမိုက်စားပုံရိပ်လေးတွေကလည်း ချစ်စရာကောင်းပြီး တကယ်ပဲ အချစ်ပိုစေပါတယ်နော်..။

ပရိသတ်တွေရဲ့ အသည်းကျော်လေးနှစ်ယောက်ရဲ့ ချစ်စရာ အမိုက်စားပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ထပ်မံပြန်လည်မျှဝေပေးလိုက်တာမို့ အားလုံးလည်း ကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်နော်..။

Photo – ဝတ်မှုံရွှေရည်၊ မိုးစက်ဝိုင်

“Myanmarload’

Share From Lovely Myanmar