ကိုဏကြီးရဲ့ ဆေးထိုး ကြမ်းမှုကြောင့် မျက်ရည်တွေ ဘူးသီးလုံးလောက်ကျခဲ့ရတယ် ဆိုတဲ့ ပိုင်ဖြိုးသု

အနုပညာစုံတွဲတွေကြားမှာ ပရိသတ်တွေအားကျရတဲ့ စုံတွဲလေးဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ ကိုဏကြီးတို့ စုံတွဲလေးက ပရိသတ်တွေကြားမှာ နာမည်ကြီးတဲ့ စုံတွဲလေးဖြစ်သလို အောင်မြင်မှုတွေကိုယ်စီနဲ့ အနုပညာနယ်ပယ်အသီးသီးမှာ လျှောက်လှမ်းနေကြသူတွေဖြစ်ပါတယ်။ အမိုက်စားရိုက်ကွင်းရိုက်ကွက်တွေနဲ့ ပရိသတ်တွေရဲ့ ကြည့်ရူခံစားမှုကို အဆုံးထိရောက်အောင် ပို့ဆောင်ပေးနိုင်တဲ့ ဒါရိုက်တာ ဏကြီးက သရုပ်ဆောင်ကောင်းပြီး အရည်အချင်းရှိတဲ့ မင်းသမီးလေးပိုင်ဖြိုးသုကို ပိုင်ဆိုင်ထားတာကြောင့် အရမ်းကို လိုက်ဖက်ညီတဲ့ စုံတွဲလေးအဖြစ် ထင်ပေါ်ကျော်ကြားနေတာပါ။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ မီရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေရဲ့ အသည်းနှလုံးတွေကို ထိုးဆွနိုင်ခဲ့ပါတယ်။ သို့ပေမယ့် ပရိသတ်တွေမျှော်မှန်းထားတဲ့ အတိုင်းမဖြစ်ခဲ့ဘဲ အကယ်ဒမီဆုနဲ့ လွှဲချော်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ ရင်ထဲမှာတော့ အားပေးမှုတွေအပြည့်နဲ့ စိတ်စေတနာတွေကို ခံစားခဲ့ရပါတယ်။ ဘယ်လို ပြဿနာတွေပဲရှိရှိတစ်ယောက်ကိုယ်တစ်ယောက်ဖေးမရင်း လက်တွဲခဲ့ကြတဲ့ သုသုနဲ့ ကိုဏကြီးတို့ရဲ့ အိမ်ထောင်ရေးလေးကလည်း အရမ်းကို သာယာပျော်ရွှင်စရာကောင်းတာကို မြင်တွေ့ရမှာပါ။

သုသုကို ကလေးလေးလို့ အမြဲ နောက်ပြောင်တတ်တဲ့ ကိုဏကြီးက ယခုလည်း ဆေးထိုးလိုက်လို့ သုသုလေး ငိုခဲ့ရပါတယ်။ ” အချင်းချင်းတွေ ဆေးထိုးသွားသူကြီး….”ကျနော့် ဇာတ်လမ်းSypnosis လေးဖတ်ပေးကြည့်စမ်းပါ” ဆိုပြီး ပေါ့ပေါ့ပါးပါးလေးပြောပြီး ရေချိုးခန်းထဲဝင်သွားတယ်….ကိုယ်ကလည်းပေါ့ပေါ့ပါးပါး ပေးသွားပုံကိုကြည့်ပြီး ဒီလိုပဲကောက်ဖတ်လိုက်တာ….ဘယ့်နှယ့် မျက်ရည်တွေဘူးသီးလုံးလောက်ကျသွားတယ်…. တော်တော်စိတ်ပုပ်တဲ့လူကြီး….ပြောသွားလေ… Sad story လေးနော်လေးဘာလေး….” ဆိုပြီး နောက်ရိုက်မယ့် ဇာတ်ကားဖြစ်မယ်လို ယူဆရတဲ့ ဇာတ်လမ်းလေးကို ပြောပြသွားခဲ့ပါတယ်။

Source: Paing Phyoe Thu

“Myanmarload

Share From Lovely Myanmar