ဆရာမခင်ခင်ထူးရဲ့ဝတ္ထုကို ပုံဖော်အသက်သွင်းတော့မယ့် ပရိသတ်အချစ်တော် အနုပညာရှင်များ

မိန်းကလေးပရိသတ်တွေ ရဲ့ အသည်းကျော်လေး ဒေါင်းနဲ့ ယောက်ျားလေးပရိသတ်တွေ တခဲနက်အားပေးမှု ရရှိထားတဲ့ မအေးသောင်းနဲ့ ၀တ်မှုန်ရွှေရည် တို့ကို ရုပ်ရှင်ကားတစ်ကားထဲမှာ အတူတူတွေ့မြင်ရမယ်ဆိုရင် ရင်ခုန်စရာမကောင်းဘူးလား ပရိသတ်ကြီးရေ ..။ လတ်တလောမှာတော့ ဒါရိုက်တာမီးပွားက စာရေးဆရာမ ခင်ခင်ထူးရဲ့ “ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​” ဝတ္ထုကို သရုပ်ဆောင် – ဒေါင်း၊ ဝတ်မှုံရွှေရည်​၊ အေးဝတ်​ရည်​​သောင်း တို့နဲ့အတူ ရိုက်ကူးတော့မှာဖြစ်တယ်လို့ သိရပါတယ် ။ စာရေးဆရာမ ခင်ခင်ထူးဟာ တောအလေ့အထလေးတွေနဲ့ ကျေးလက်ဒေသ အကြောင်းလေးတွေကိုပဲ အခြေခံပြီးရေးဖွဲ့လေ့ရှိတဲ့ ချစ်စရာမြန်မာ့ဓလေ့လေးတွေကို ဖော်ထုတ်ပေးနေတဲ့ စာရေးဆရာမတစ်ယောက်ပါ ။

“ဝတ်​လဲ​တော်​​ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်​”ဆိုတဲ့ ၀တ္ထုလေးကတော့ နတ်ကိုးကွယ်မှုကိုအရိုးဆွဲနေသူ တွေအကြောင်းနဲ့ ကျေးလက်အငွေ့အသက်တွေကိုအပြည်အဝခံစားရမယ့်စာရေးဆရာမ “ခင်ခင်ထူး” ရဲ့ နာမည်ကြီးဝတ္ထျု တစ်ပုဒ်ပဲဖြစ်ပါတယ် ။ မြန်မာဆန်ဆန် ၀တ်စုံလေးတွေကို အမြဲဝတ်ဆင်လေ့ရှိတဲ့ မအေးသောင်းနဲ့ အရမ်းကိုလိုက်ဖက်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်လို့ ဆိုရမှာပါပဲ ။

ပရိသတ်အချစ်တော် ဒေါင်းနဲ့ ကစ်တို့ကလည်း ဒီဇာတ်ကားလေးမှာ ဘယ်လို ပီပြင်အောင်သရုပ်ဆောင်ကြမလဲ ဆိုတာကတော့ ရင်ခုန် စရာပါပဲနော် ။ နာမည်ကြီး စာရေးဆရာမရဲ့ ၀တ္ထု ဖြစ်တဲ့အတွက် သရုပ်ဆောင်တွေ အတွက် အရမ်းကိုတာဝန်ကြီးတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်မှာအသေချာပါပဲ ။

Source : Cele Gabar