You are here
Home > Horo > ..တနဂၤေႏြ သားသမီးမ်ားအတြက္ ၂၀၁၉ တစ္ႏွစ္စာေဟာစာတမ္း နွင့္ ေဆာင္ရန္ ၊ ေရွာင္ရန္မ်ား…,

..တနဂၤေႏြ သားသမီးမ်ားအတြက္ ၂၀၁၉ တစ္ႏွစ္စာေဟာစာတမ္း နွင့္ ေဆာင္ရန္ ၊ ေရွာင္ရန္မ်ား…,

တနဂၤေႏြသားသမီးမ်ားအားလံုးအတြက္ 2019ခုႏွစ္ တစ္ႏွစ္စာေဗဒင္ေဟာကိန္း

တနဂၤ​ေႏြ

ဒီလုိႏွစ္မ်ိဳးမွာေတာ့ မိမိကိုယ္တိုင္က သစ္ပင္တစ္ပင္ကို စတင္စုိက္ပ်ိဳးရသလို၊ ေရတြင္းတစ္တြင္းကိုစတင္ တူးေဖာ္ရသလုိမ်ိဳးနဲ႔ ဆင္တူပါတယ္။

သစ္ပင္ကို အခုစိုက္ၿပီး အခုအသီးခူးစားလို႔ မရႏုိင္သလို၊အခုေရတြင္းတူး၊ အခု ေရၾကည္ေသာက္လို႔လဲ မရႏိုင္ပါဘူး။

ဒါ့ေၾကာင့္ 2019 မွာအပင္ပန္းခံ၊ ေငြကုန္ခံ၊အခ်ိန္ကုန္ခံႀကိဳးစားထားသမွ်ေတြက ေရရွည္အတြက္ ၊ေနာင္ ႏွစ္မ်ားစြာအတြက္ အက်ိဳးျဖစ္ထြန္းေစမွာေတာ့

အမွန္ပါပဲ။ ဒါေၾကာင့္ တနဂၤေႏြသားသမီးေတြကို မွာခ်င္တာက 2019မွာ အလုပ္စီးပြားကိုပဲ စိတ္ႏွစ္ၿပီးလုပ္ကိုင္ပါ။

ေငြကိုမၾကည့္ဘဲ …ေနရာတစ္ခုရဖို႔ ၊မွတ္တိုင္တစ္ခုစိုက္ထူႏိုင္ဖို႔ ဆုိတဲ့ရည္ရြယ္ခ်က္မ်ိဳးနဲ႔ ႀကိဳးစားပါလို႔မွာပါရေစ၊ဒါမွပဲေသခ်ာေပါက္ ေအာင္ျမင္ျခင္းရဲ့ အသီးအပြင့္ေတြကို2020ခုႏွစ္ကစၿပီး ခံစားစံစားရပါလိမ့္မယ္။

အခ်စ္ေရး

ခ်စ္ရသူနဲ႔နီးနီးနားနားေနခြင့္မရ။ အလုပ္ေၾကာင့္ျဖစ္ေစ၊အျခားအေၾကာင္းကိစၥတစ္ခုခုေၾကာင့္ျဖစ္ေစေ၀းေန ရတတ္ပါတယ္။ နီးေနလဲ တစ္က်က္က်က္နဲ႔ ရန္ျဖစ္လိုက္ ျပန္္ခ်စ္လိုက္ဆိုတာမ်ိဳးျဖစ္ေနရတတ္ပါတယ္။

ေကာင္း တာတစ္ခုက ခ်စ္သူနဲ႔အနာဂတ္ဘ၀တစ္ခု တည္ေဆာက္ဖို႔အတြက္ တိုင္ပင္ေဆြးေႏြးႏိုင္မဲ့ႏွစ္ပါပဲ။ ႏွစ္ေယာက္အတူ ေငြစုတာ၊အလုပ္အတူလုပ္ၿပီး ႀကိဳးစားတာမ်ိဳးေတြလုပ္လာႏိုင္ပါလိမ့္မယ္။

လက္ထပ္ဖို႔ အရင္ ကတည္းကရည္ရြယ္ထားသူမ်ားဆို ဒီႏွစ္ဟာအိမ္ေထာင္က်လြယ္တဲ့ႏွစ္ပါပဲ။ မိမိခ်စ္သူနဲ႔လက္ထက္ဖို႔ရည္ရြယ္ ထားသူျဖစ္ေစ၊ ဒါမွမဟုတ္မိဘက သင့္ေတာ္သူနဲ႔ ေနရာခ်ေပးတာမ်ိဳးျဖစ္ေစ …..

အေၾကာင္းတစ္ခုခုေၾကာင့္ 2019 အိမ္ေထာင္က်ဖို႔ အတြက္ မဂၤလာကံေတြ၊အိမ္ေထာင္ကံေတြ အထူးအားေကာင္းေနတဲ့ႏွစ္ပါပဲ….။

အိမ္ေထာင္ေရး

အိမ္ေထာင္ေရးကံ ဆိုးဆိုး၀ါး၀ါးညံ့ေနတာမ်ိဳးမဟုတ္ေပမဲ့ အိမ္ေထာင္ေရးကံအနည္းငယ္ညံ့ေနတာမ်ိဳး ေတြ႔ရတတ္ပါတယ္။ အထူးသျဖင့္ တနဂၤေႏြသမီးမ်ားက ပိုမိုၿပီး အိမ္ေထာင္ေရးကံ အားနည္းခ်က္ပိုရွိတဲ့ႏွစ္တစ္ ႏွစ္ပါပဲ။

မိမိက အိမ္ေထာင္ဘက္ကို ခ်ဳပ္ခ်ယ္လြန္းသူ၊အိမ္ေထာင္ဘက္အေပၚစိုးမိုးလြန္းတာမ်ိဳးရွိခဲ့သူဆိုရင္ေတာ့ ဒီႏွစ္မွာ အိမ္ေထာင္ဘက္က ထြက္ေပါက္ရွာၿပီး သာယာမႈေနာက္လိုက္သြားတတ္ပါတယ္။

ေရလုိက္ငါးလိုက္ ေနတတ္သူမ်ားနဲ႔အိမ္ေထာင္ဘက္နဲ႔တနယ္စီေ၀းေနတဲ့ သူမ်ားကေတာ့ အိမ္ေထာင္ေရးကံသိပ္မဆိုးပါဘူးဗ်ာ။

တစ္ခ်ိဳ႕ကေတာ့ အိမ္ေထာင္ေရးသာယာေပမဲ့ အိမ္ေထာင္ဘက္က်န္းမာေရးညံ့သြားတတ္တာမ်ိဳးႀကံဳရ တတ္ပါတယ္။

အဆိုးႀကီး က်န္းမာေရးညံ့သြားတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ တေရွာင္ေရွာင္ေတာ့ျဖစ္လြယ္ပါတယ္။ လင္မယားႏွစ္ဦးအတူတူလုပ္တဲ့စီးပြားေရးေတြကေတာ့ ေအာင္ျမင္ေကာင္းမြန္ေနတာမ်ိဳးေတြ႔ရပါတယ္။

အလုပ္စီးပြား

ေကာင္းတယ္လုိ႔ ေယဘုယ်အေနနဲ႔ သံုးသပ္ရပါလိမ့္မယ္။ လခစား၀န္ထမ္းမ်ားကေတာ့ ထူးထူးျခားျခား မသိသာ ေပမဲ့ ကိုယ္ပိုင္စီးပြားေရးသမားမ်ားကေတာ့ အေျခအေနအတိုင္းအတာတစ္ခုကို ေရာက္သြားႏိုင္တဲ့ႏွစ္ ပါပဲ။

အလုပ္သစ္၊စီးပြားသစ္မ်ားစတင္ျဖစ္ပါလိမ့္မယ္။ ရွိတာေလးေရာင္းခ်ၿပီး အလုပ္စီးပြားလုပ္လိုက္ရတာမ်ိဳးေတြ လဲႀကံဳရတတ္ပါတယ္။ ဒီႏွစ္မွာစလိုက္တဲ့စီးပြားေရးဟာ ေရရွည္ေကာင္းသြားပါလိမ့္မယ္။

အခုမွစလုပ္တာဆိုေတာ့ အစကေတာ့အဆင္မေျပပါဘူး။ အခက္အခဲအၾကပ္အတည္းေလးေတြေတာ့ႀကံဳရမွာပါ။ ေရရွည္ကိုႀကည့္ၿပီးေတာ့ အခက္အခဲေတြကို ေက်ာ္လႊားလိုက္ပါ။ စပ္တူအလုပ္ေတြဆုိရင္ေတာ့ စိတ္၀မ္းကြဲရတတ္ပါတယ္။

စပ္တူလုပ္မယ္ ဆုိရင္ေတာ့ ေငြေၾကးနဲ႔ပက္သက္တဲ့ အရႈံးအျမတ္ကို ႀကိဳတင္နားလည္မႈယူထားေစခ်င္ပါတယ္။ လုပ္လက္စ အလုပ္ေတြကလဲ အရင္ႏွစ္ထက္သိသိသာသာ ပုိမိုေအာင္ျမင္လာတာမ်ိဳးေတြ ေတြ႔ရတတ္ပါတယ္။

၀န္ထမ္းေတြအတြက္ေကာင္းတဲ့အခ်က္က ရာထူးတုိးတာ၊ေနရာေကာင္းရတာ ၊မိမိေနလိုတဲ့ေနရာေတြမွာ ေနခြင့္ရတာမ်ိဳးေတြႀကံဳရတတ္ပါတယ္။

ေငြေၾကးက႑

ဒီႏွစ္မွာ ေငြေၾကးကလဲ အဘက္ဘက္က ၀င္ေနပါလိမ့္မယ္။ အလုပ္စီးပြားေကာင္းေနေတာ့ ေငြေၾကးကလဲ ကၽြဲကူးေရပါဆုိသလို ေနာက္ကလိုက္လာတတ္ပါတယ္။ ေငြကံေကာင္းေပမဲ့ေငြကေတာ့ ၀င္သေလာက္ျပန္ထြက္ ေနတတ္ပါတယ္။

စုလို႔ေဆာင္းလို႔ အလြန္ပဲခက္ခဲပါတယ္။ ဆီလုိအေပါက္ရွာၿပီးေငြကုန္သြားတတ္ပါတယ္။ ေငြေၾကး သံုးစြဲတာက်စ္လစ္တဲ့သူေတြေတာင္မွ ၀ယ္စရာျခမ္းစရာေတြရွိေနတာေၾကာင့္ ေငြထုတ္သံုးရတတ္ပါ တယ္။

ေငြကို ဘယ္လိုစီမံမလဲဆုိတာကေတာ့ ဒီႏွစ္မွာ ပိုမိုအေရးႀကီးပါလိမ့္မယ္။ အလုပ္သစ္စဖို႔ အတြက္ ေငြေၾကး ထုတ္သံုးလိုက္ရတာမ်ိဳးလဲ ေတြ႔ရႀကံဳရတတ္ပါတယ္။ ေငြကိုအေပ်ာ္အပါးအတြက္ေတာ့ မသံုးမိပါေစနဲ႔။

က်န္းမာေရး

က်န္းမာေရးကေတာ့ အဆုိးႀကီးမဟုတ္သလို အေကာင္းႀကီးလဲ မဟုတ္ပါဘူး။ က်န္းမာေရးအတြက္ပံုမွန္ ေလးဂရုစိုက္သြားရင္ရပါၿပီ၊ က်န္းမာေရးအတြက္ စိတ္ညစ္စိတ္ရႈပ္ရတာေတြနည္းပါးပါလိမ့္မယ္။

သတိထားရမဲ့ ေရာဂါေဗဒေတြကေတာ့ ေလေရာဂါ၊ရင္၊၀မ္း၊ဥပဒ္ေပးျခင္းမ်ား၊ေလျဖတ္ျခင္းေတြ ဂရုစိုက္အပ္ပါတယ္။ ဆီးခ်ဳိ၊ ေသြးခ်ိဳ၊ ေသြးတိုးသမားမ်ားကေတာ့ဒီေန႔

အထူးဂရုစုိက္သင့္ပါတယ္။ဒူးနာ၊ခါးနာကိုယ္လက္မအီမသာျဖစ္ျခင္းမ်ား လဲႀကံဳရတတ္ပါတယ္။

ပညာေရး

ပညာေရးအထူးေကာင္းမြန္ေနတဲ့ႏွစ္ပါပဲ။ ပညာေရးအတြက္ အဘက္ဘက္က စိတ္ခ်မ္းေျမ့ရပါလိမ့္မယ္။ ဘြဲ႔ထူးဂုဏ္ထူးမ်ား ရျခင္းမ်ိဳးေတြႀကံဳရတတ္ပါတယ္။

ဘြဲ႔လြန္တတ္ရတာေတြ ၊ႏိုင္ငံျခားပညာေတာ္သင္သြားရတာ မ်ိဳးေတြႀကံဳရေတြ႔ရႏိုင္ပါတယ္။

ဒီႏွစ္ကေတာ့ တနဂၤေႏြသားသမီးေတြအတြက္ ပညာေရးအားသာခ်က္ပိုမို ရရွိမဲ့ နွစ္ပါပဲ။ ေက်ာင္းပညာမဟုတ္ဘဲ အျခားအသက္ေမြး၀မ္းေၾကာင္းပညာေတြလဲ ရရွိႏိုင္တဲ့ႏွစ္မ်ိဳးပါပဲ။

ဒီႏွစ္မွာ အလုပ္မအားလို႔ သင္တန္းေတြ မတတ္ႏိုင္၊ပညာမရွာဘူးႏိုင္ဘူးဆိုရင္ onlineကေန self-study ဆုိတာမ်ိဳးန႔ဲ ပညာရပ္တစ္ခုခုကုိေလ့လာၾကည့္ပါ။ ေသခ်ာေပါက္ထြန္းေပါက္ပါလိမ့္မယ္။

ဘာသာေရးနဲ႔ပက္သက္ေသာ အသိ ပညာေတြလဲရတတ္ပါတယ္။ အဘိဓမၼာစာေမးပြဲမ်ား သင္ယူလို႔ အထူးေကာင္တဲ့ေန႔ပါပဲ။

တစ္ႏွစ္တာ အက်ိဳးေပးဂဏန္း-9/2/5

တစ္ႏွစ္တာ အက်ိဳးေပးေန႔သားသမီးမ်ား-တနလၤာ၊ၾကာသပေတး ၊ေသာၾကာ

တစ္ႏွစ္တာယၾတာမ်ား-

နီးစပ္ရာေစတီပုထိုးမွာ မၾကာခဏညလံုးေပါက္လွ်ပ္စစ္မီး ပူေဇာ္ဖို႔အတြက္ အလွဴေငြထည့္၀င္ပါ။ သီလရွင္ဆရာေလးေတြကို မၾကာခဏဆန္လွဴေပးပါ။ ဆပ္ျပာလွဴေပးပါ။ ဘုရားရွင္အားသီးစံုအခ်ဥ္ဟင္းခဏခဏလွဴပါ။

ရဟန္းသံဃာေတြကိုလဲ ဆြမ္းဟင္းအျဖစ္ေလာင္းလွဴလိုက္ပါ။ ေမြးေန႔နဲ႔ တိုက္ဆိုင္ၿပီးဘုရားရွင္အား မုန္႔လုံုးေရေပၚကပ္လွဴပါ။ အိမ္နီးနားခ်င္းေတြကုိလဲ ေ၀ပါ။မိမိထက္ႏြမ္းပါးသူကို ထီလက္မွတ္လက္ေဆာင္ေပးပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ….။

ဆရာဟိန္းထက္စံ

===============

တနင်္ဂနွေသားသမီးများအားလုံးအတွက် 2019ခုနှစ် တစ်နှစ်စာဗေဒင်ဟောကိန်း

ဒီလိုနှစ်မျိုးမှာတော့ မိမိကိုယ်တိုင်က သစ်ပင်တစ်ပင်ကို စတင်စိုက်ပျိုးရသလို၊ ရေတွင်းတစ်တွင်းကိုစတင် တူးဖော်ရသလိုမျိုးနဲ့ ဆင်တူပါတယ်။

သစ်ပင်ကို အခုစိုက်ပြီး အခုအသီးခူးစားလို့ မရနိုင်သလို၊အခုရေတွင်းတူး၊ အခု ရေကြည်သောက်လို့လဲ မရနိုင်ပါဘူး။

ဒါ့ကြောင့် 2019 မှာအပင်ပန်းခံ၊ ငွေကုန်ခံ၊အချိန်ကုန်ခံကြိုးစားထားသမျှတွေက ရေရှည်အတွက် ၊နောင် နှစ်များစွာအတွက် အကျိုးဖြစ်ထွန်းစေမှာတော့ အမှန်ပါပဲ။

ဒါကြောင့် တနင်္ဂနွေသားသမီးတွေကို မှာချင်တာက 2019မှာ အလုပ်စီးပွားကိုပဲ စိတ်နှစ်ပြီးလုပ်ကိုင်ပါ။

ငွေကိုမကြည့်ဘဲ …နေရာတစ်ခုရဖို့ ၊မှတ်တိုင်တစ်ခုစိုက်ထူနိုင်ဖို့ ဆိုတဲ့ရည်ရွယ်ချက်မျိုးနဲ့ ကြိုးစားပါလို့မှာပါရစေ၊ဒါမှပဲသေချာပေါက် အောင်မြင်ခြင်းရဲ့ အသီးအပွင့်တွေကို2020ခုနှစ်ကစပြီး ခံစားစံစားရပါလိမ့်မယ်။

အချစ်ရေး

ချစ်ရသူနဲ့နီးနီးနားနားနေခွင့်မရ။ အလုပ်ကြောင့်ဖြစ်စေ၊အခြားအကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်စေဝေးနေ ရတတ်ပါတယ်။ နီးနေလဲ တစ်ကျက်ကျက်နဲ့ ရန်ဖြစ်လိုက် ပြန််ချစ်လိုက်ဆိုတာမျိုးဖြစ်နေရတတ်ပါတယ်။

ကောင်း တာတစ်ခုက ချစ်သူနဲ့အနာဂတ်ဘဝတစ်ခု တည်ဆောက်ဖို့အတွက် တိုင်ပင်ဆွေးနွေးနိုင်မဲ့နှစ်ပါပဲ။ နှစ်ယောက်အတူ ငွေစုတာ၊အလုပ်အတူလုပ်ပြီး ကြိုးစားတာမျိုးတွေလုပ်လာနိုင်ပါလိမ့်မယ်။

လက်ထပ်ဖို့ အရင် ကတည်းကရည်ရွယ်ထားသူများဆို ဒီနှစ်ဟာအိမ်ထောင်ကျလွယ်တဲ့နှစ်ပါပဲ။ မိမိချစ်သူနဲ့လက်ထက်ဖို့ရည်ရွယ် ထားသူဖြစ်စေ၊ ဒါမှမဟုတ်မိဘက သင့်တော်သူနဲ့ နေရာချပေးတာမျိုးဖြစ်စေ …..

အကြောင်းတစ်ခုခုကြောင့် 2019 အိမ်ထောင်ကျဖို့ အတွက် မင်္ဂလာကံတွေ၊အိမ်ထောင်ကံတွေ အထူးအားကောင်းနေတဲ့နှစ်ပါပဲ….။

အိမ်ထောင်ရေး

အိမ်ထောင်ရေးကံ ဆိုးဆိုးဝါးဝါးညံ့နေတာမျိုးမဟုတ်ပေမဲ့ အိမ်ထောင်ရေးကံအနည်းငယ်ညံ့နေတာမျိုး တွေ့ရတတ်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေသမီးများက ပိုမိုပြီး အိမ်ထောင်ရေးကံ အားနည်းချက်ပိုရှိတဲ့နှစ်တစ် နှစ်ပါပဲ။

မိမိက အိမ်ထောင်ဘက်ကို ချုပ်ချယ်လွန်းသူ၊အိမ်ထောင်ဘက်အပေါ်စိုးမိုးလွန်းတာမျိုးရှိခဲ့သူဆိုရင်တော့ ဒီနှစ်မှာ အိမ်ထောင်ဘက်က ထွက်ပေါက်ရှာပြီး သာယာမှုနောက်လိုက်သွားတတ်ပါတယ်။

ရေလိုက်ငါးလိုက် နေတတ်သူများနဲ့အိမ်ထောင်ဘက်နဲ့တနယ်စီဝေးနေတဲ့ သူများကတော့ အိမ်ထောင်ရေးကံသိပ်မဆိုးပါဘူးဗျာ။ တစ်ချို့ကတော့ အိမ်ထောင်ရေးသာယာပေမဲ့ အိမ်ထောင်ဘက်ကျန်းမာရေးညံ့သွားတတ်တာမျိုးကြုံရ တတ်ပါတယ်။

အဆိုးကြီး ကျန်းမာရေးညံ့သွားတာမျိုးတော့ မဟုတ်ပါဘူး။ တရှောင်ရှောင်တော့ဖြစ်လွယ်ပါတယ်။ လင်မယားနှစ်ဦးအတူတူလုပ်တဲ့စီးပွားရေးတွေကတော့ အောင်မြင်ကောင်းမွန်နေတာမျိုးတွေ့ရပါတယ်။

အလုပ်စီးပွား

ကောင်းတယ်လို့ ယေဘုယျအနေနဲ့ သုံးသပ်ရပါလိမ့်မယ်။ လခစားဝန်ထမ်းများကတော့ ထူးထူးခြားခြား မသိသာ ပေမဲ့ ကိုယ်ပိုင်စီးပွားရေးသမားများကတော့ အခြေအနေအတိုင်းအတာတစ်ခုကို ရောက်သွားနိုင်တဲ့နှစ် ပါပဲ။

အလုပ်သစ်၊စီးပွားသစ်များစတင်ဖြစ်ပါလိမ့်မယ်။ ရှိတာလေးရောင်းချပြီး အလုပ်စီးပွားလုပ်လိုက်ရတာမျိုးတွေ လဲကြုံရတတ်ပါတယ်။ ဒီနှစ်မှာစလိုက်တဲ့စီးပွားရေးဟာ ရေရှည်ကောင်းသွားပါလိမ့်မယ်။

အခုမှစလုပ်တာဆိုတော့ အစကတော့အဆင်မပြေပါဘူး။ အခက်အခဲအကြပ်အတည်းလေးတွေတော့ကြုံရမှာပါ။ ရေရှည်ကိုကြည့်ပြီးတော့

အခက်အခဲတွေကို ကျော်လွှားလိုက်ပါ။ စပ်တူအလုပ်တွေဆိုရင်တော့ စိတ်ဝမ်းကွဲရတတ်ပါတယ်။

စပ်တူလုပ်မယ် ဆိုရင်တော့ ငွေကြေးနဲ့ပက်သက်တဲ့ အရှုံးအမြတ်ကို ကြိုတင်နားလည်မှုယူထားစေချင်ပါတယ်။

လုပ်လက်စ အလုပ်တွေကလဲ အရင်နှစ်ထက်သိသိသာသာ ပိုမိုအောင်မြင်လာတာမျိုးတွေ တွေ့ရတတ်ပါတယ်။

ဝန်ထမ်းတွေအတွက်ကောင်းတဲ့အချက်က ရာထူးတိုးတာ၊နေရာကောင်းရတာ ၊မိမိနေလိုတဲ့နေရာတွေမှာ နေခွင့်ရတာမျိုးတွေကြုံရတတ်ပါတယ်။

ငွေကြေးကဏ္ဍ

ဒီနှစ်မှာ ငွေကြေးကလဲ အဘက်ဘက်က ဝင်နေပါလိမ့်မယ်။ အလုပ်စီးပွားကောင်းနေတော့ ငွေကြေးကလဲ ကျွဲကူးရေပါဆိုသလို

နောက်ကလိုက်လာတတ်ပါတယ်။ ငွေကံကောင်းပေမဲ့ငွေကတော့ ဝင်သလောက်ပြန်ထွက် နေတတ်ပါတယ်။

စုလို့ဆောင်းလို့ အလွန်ပဲခက်ခဲပါတယ်။ ဆီလိုအပေါက်ရှာပြီးငွေကုန်သွားတတ်ပါတယ်။ ငွေကြေး သုံးစွဲတာကျစ်လစ်တဲ့သူတွေတောင်မှ ဝယ်စရာခြမ်းစရာတွေရှိနေတာကြောင့် ငွေထုတ်သုံးရတတ်ပါ တယ်။

ငွေကို ဘယ်လိုစီမံမလဲဆိုတာကတော့ ဒီနှစ်မှာ ပိုမိုအရေးကြီးပါလိမ့်မယ်။ အလုပ်သစ်စဖို့ အတွက် ငွေကြေး ထုတ်သုံးလိုက်ရတာမျိုးလဲ တွေ့ရကြုံရတတ်ပါတယ်။ ငွေကိုအပျော်အပါးအတွက်တော့ မသုံးမိပါစေနဲ့။

ကျန်းမာရေး

ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်သလို အကောင်းကြီးလဲ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်ပုံမှန် လေးဂရုစိုက်သွားရင်ရပါပြီ၊ ကျန်းမာရေးအတွက် စိတ်ညစ်စိတ်ရှုပ်ရတာတွေနည်းပါးပါလိမ့်မယ်။

သတိထားရမဲ့ ရောဂါဗေဒတွေကတော့ လေရောဂါ၊ရင်၊ဝမ်း၊ဥပဒ်ပေးခြင်းများ၊လေဖြတ်ခြင်းတွေ ဂရုစိုက်အပ်ပါတယ်။ ဆီးချို၊ သွေးချို၊ သွေးတိုးသမားများကတော့ဒီနေ့

အထူးဂရုစိုက်သင့်ပါတယ်။ဒူးနာ၊ခါးနာကိုယ်လက်မအီမသာဖြစ်ခြင်းများ လဲကြုံရတတ်ပါတယ်။

ပညာရေး

ပညာရေးအထူးကောင်းမွန်နေတဲ့နှစ်ပါပဲ။ ပညာရေးအတွက် အဘက်ဘက်က စိတ်ချမ်းမြေ့ရပါလိမ့်မယ်။ ဘွဲ့ထူးဂုဏ်ထူးများ ရခြင်းမျိုးတွေကြုံရတတ်ပါတယ်။

ဘွဲ့လွန်တတ်ရတာတွေ ၊နိုင်ငံခြားပညာတော်သင်သွားရတာ မျိုးတွေကြုံရတွေ့ရနိုင်ပါတယ်။

ဒီနှစ်ကတော့ တနင်္ဂနွေသားသမီးတွေအတွက် ပညာရေးအားသာချက်ပိုမို ရရှိမဲ့ နှစ်ပါပဲ။ ကျောင်းပညာမဟုတ်ဘဲ အခြားအသက်မွေးဝမ်းကြောင်းပညာတွေလဲ ရရှိနိုင်တဲ့နှစ်မျိုးပါပဲ။

ဒီနှစ်မှာ အလုပ်မအားလို့ သင်တန်းတွေ မတတ်နိုင်၊ပညာမရှာဘူးနိုင်ဘူးဆိုရင် onlineကနေ self-study ဆိုတာမျိုးနဲ့ ပညာရပ်တစ်ခုခုကိုလေ့လာကြည့်ပါ။ သေချာပေါက်ထွန်းပေါက်ပါလိမ့်မယ်။

ဘာသာရေးနဲ့ပက်သက်သော အသိ ပညာတွေလဲရတတ်ပါတယ်။ အဘိဓမ္မာစာမေးပွဲများ သင်ယူလို့ အထူးကောင်တဲ့နေ့ပါပဲ။

တစ်နှစ်တာ အကျိုးပေးဂဏန်း-9/2/5

တစ်နှစ်တာ အကျိုးပေးနေ့သားသမီးများ-တနင်္လာ၊ကြာသပတေး ၊သောကြာ

တစ်နှစ်တာယတြာများ-

နီးစပ်ရာစေတီပုထိုးမှာ မကြာခဏညလုံးပေါက်လျှပ်စစ်မီး ပူဇော်ဖို့အတွက် အလှူငွေထည့်ဝင်ပါ။ သီလရှင်ဆရာလေးတွေကို မကြာခဏဆန်လှူပေးပါ။ ဆပ်ပြာလှူပေးပါ။ ဘုရားရှင်အားသီးစုံအချဉ်ဟင်းခဏခဏလှူပါ။

ရဟန်းသံဃာတွေကိုလဲ ဆွမ်းဟင်းအဖြစ်လောင်းလှူလိုက်ပါ။ မွေးနေ့နဲ့ တိုက်ဆိုင်ပြီးဘုရားရှင်အား မုန့်လုုံးရေပေါ်ကပ်လှူပါ။ အိမ်နီးနားချင်းတွေကိုလဲ ဝေပါ။မိမိထက်နွမ်းပါးသူကို ထီလက်မှတ်လက်ဆောင်ပေးပါ။

ရရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ….။

Top
//kiksajex.com/4/3018672