တနင်္ဂနွေ သားသမီးများအကြောင်း
တနင်္ဂနွေ
အရမ်းကြီးချောတဲ့ထဲမပါပေမဲ့ ရုပ်မဆိုးကြပါဘူး
နှုတ်ခမ်းအလှပိုင်ရှင်တွေလဲဖြစ်တယ်
အိပ်တယ်ဆိုတာ သူ့တို့ရဲ့ အကြီးမားဆုံးဝါသနာပါ
အစောကြီးထရတာလဲ သေအောင်မုန်းတယ်
သီချင်းတွေဟာ သူတို့အတွက် အကောင်းဆုံး သူငယ်ချင်းတွေပါ
စိတ်ညစ်စရာရှိရင် ဘယ်သူ့ကိုမှ မပြောပဲ
တစ်ယောက်ထဲသာဝမ်းနည်းနေတတ်ပါတယ်
တစ်ယောက်ထဲအေးဆေးနေရတာကို နှစ်သက်တဲ့ သူတွေပါ
အကောင်းဆုံးဆိုတဲ့အရာတွေကိုသာ ရွေးချယ်တတ်သူတွေပါ
ငွေကြေးမှာလဲ လက်အရမ်းဖွာတယ်
အမြဲတမ်းလူကြီးတစ်ယောက်လို ရင့်ကျက်ချင်ယောင်ဆောင်တတ်ပေမဲ့
ကလေးစိတ်ကတော့ လုံးဝမပျောက်သေးပါဘူး
ချစ်သူအပေါ်အရမ်းအချစ်ကြီးသလို တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်တတ်ပါတယ်
စိတ်ဆိုးလဲ ခဏဆိုတဲ့ သူတွေပါ
စိတ်ထဲမှာခုသွားရင်တော့ ဟန်ဆောင်ပြုံးတောင် မပြုံးပြတတ်ပါဘူး
သစ္စာတရားကို တန်ဖိုးထားတဲ့သူတွေမို့
သူကိုယ်တိုင်လဲသစ္စာရှိသလို သူ့ကို သစ္စာဖောက်ရင်လဲ အရမ်းမုန်းတတ်တဲ့သူတွေပါ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ
မှန်ရင် Shareလိုက်တော့ တနင်္ဂနွေ သားသမီးတွေ
တနင်္လာ သားသမီးတွေအကြောင်း
တနင်္လာ
တနလာင်္သားသမီးတွေက သွေးအေးတဲ့အပြုံးကိုပိုင်ဆိုင်ထားသူတွေပါ။ အအိပ်နဲ့အစားဆိုနှစ်ခါမပြောရဘူး လာထားဆိုတဲ့အအိမ်မက်အစားမက်သူလေးတွေပါ..။ အရစ်သန်သူလေးတွေဆိုလည်းမမှားပါဘူး မမူးပဲနဲ့ကိုရစ်တာပါ
မူးရင်တောင်အဲ့လောက်မရစ်ဘူး။ ကိုယ့်ခံစားချက်ထက်တပါးသူခံစားချက်ကိုကြည့်ပေးတတ်တဲ့သူတွေပါ။ ဒါကြောင့်လဲ ခဏခဏနာကျင်ရပါတယ် …။ အပေါင်းဖော်လည်းမက်ပါတယ် မိဘချစ်သူမှမဟုတ်ဘူး
သူငယ်ချင်းတွေကလျစ်လျူရှုထားရင်တောင် အရမ်းဝမ်းနည်းတတ်ကြတာပါ။ သီချင်းတွေကိုအရမ်းနှစ်သက်ကြပါတယ်..။ ဘာလို့လဲဆိုသူတို့စိတ်ညစ်ချိန်ဖြစ်ဖြစ် ပျော်ရွှင်ချိန်ဖြစ်ဖြစ် အနားမှာ အမြဲရှိပေးတဲ့ အကောင်းဆုံးသူငယ်ချင်းတွေမို့ပါ။
အချစ်နဲ့ပတ်သက်ရင်နည်းနည်းတော့ စိတ်ကစားလွယ်တယ်.. ကလေးဆန်တဲ့အချစ်မျိုးကိုပိုင်ဆိုင်ထားတာပါ..။ ဂရုစိုက်ခံရတာကိုနှစ်သက်သလောက် သူတို့ကို ဆရာကြီးလုပ်ရင်တော့ အရမ်းမုန်းပါတယ်…။
စိတ်ဆိုးခဲပါတယ် ဒါပေမဲ့ သူတို့စိတ်ဆိုးပြီဆိုရင်တော့ တကယ့်ကိုဒေါသထွက်လို့ပဲဖြစ်လိမ့်မယ်။ ချော့လိုက်ပါ..ခဏလေးနဲ့စိတ်ပြေတဲ့သူတွေပါ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ မှန်ရင် Shareလိုက်တော့ တနင်္လာသားသမီးတွေ
အင်္ဂါသားသမီးများအကြောင်း
အင်္ဂါ
အင်္ဂါသားသမီးလေးတွေဟာ အမြင်မှာ မထူးဆန်းဘူးထင်ရပေမဲ့ တကယ်တော့ အများနှင့်မတူတဲ့အချက်တွေကို ပိုင်ဆိုင်ထားသူတွေပါ.. သူတို့ဟာ အနေအေးတယ်….
အရှက်အကြောက်ကြီးတယ်…စိတ်ရင်းကောင်းသလောက် အားနာလည်းကြီးတတ်ကြတယ်…။ စိတ်ဓာတ် လေးတွေက မာကျောတယ်ဆိုပေမဲ့. အားငယ်နေပြန်ရင်လည်းနှစ်ယောက်မရှိဘူး. လူစိမ်းတွေနဲ့ဆိုမာနကြီးသလိုလို နေတတ်ကြပေမဲ့…..
သူတို့နဲ့ ရင်းနှီးတဲ့သူတွေနဲ့ကြတော့ ကလေးလေးတစ်ယောက်လို အမြဲပျော်ရွှင်နေတတ်ကြတယ်….ရိုးသားကြတယ်….များသောအားဖြင့်စကားနည်းတယ်…လူအများကြီးရှေ့မှာဆို စကားသိပ်မပြောပေမဲ့…
သူတို့ရင်းနှီးတဲ့သူတွေနဲ့ဆို ဖောင်ဖွဲ့အောင်ပြောနေတတ်တဲ့သူမျိုး….ရိုးရိုးလေးနေရတာကို သဘောကျတယ်..ဒါပေမဲ့ ခေတ်နဲ့လျော်ည်ီအောင်လည်း ဝတ်တတ်စားတတ်နေတတ်ထိုင်တတ်ကြတယ်..
အချစ်ရေးမှာ ကံကောင်းကြတယ်…ချစ်သူခင်သူလည်း ပေါတယ်….။ ချစ်သူရဲ့ အလိုလိုက်ခြင်းကိုလည်း ခံရတတ်တယ်..တကယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ရလိမ့်မယ်…..ရည်းစားမများဘူးဆိုပေမဲ့ နှစ်ယောက်သုံးယောက် ထားပြီးမှ အချစ်စစ်ကို တွေ့လိမ့်မယ်…
သူတို့ကို ခင်တဲ့သူပေါကြတယ်…အထူးသဖြင့် သူတို့လေးတွေရဲ့ ရိုးသားခြင်းကို သဘောကျပြီး မိတ်ဆွေပေါတာ ဖြစ်တယ်….အနုပညာကို နှစ်သက်တယ်… အရမ်းကြီးတော့ မရူးသွပ်ဘူး…ဘယ်အရာကိုဖြစ်ဖြစ် အရမ်းကြီးအစွဲအလန်းမထားဘူး…
ဒါ့ကြောင့် သိပ်ပြီး မခံစားရတတ်ဘူး…အထူးသဖြင့် သူတို့လေးတွေက အလုပ်လုပ်ရမှာ ပျင်းတတ်ကြတယ်..။ ဒါပေမဲ့ သူတို့ စိတ်ရှိတဲ့အချိန်ဆိုလည်း မငြီးမငြူ လုပ်တတ်ကြတယ် ..အအိပ်မက်တယ် .. အစားမကြီးဘူးဆိုပေမဲ့ အသင့်အတင့် စားတတ်တဲ့သူမျိုး….
သူတို့လေးတွေဟာ အရမ်းရိုးသားကြတဲ့အတွက်ချစ်စရာကောင်းကြတယ်…မိသားစုမှာ သူတို့လေးတွေက အရေးပေးခံရတယ်…အထူးခြားဆုံးကတော့ သူများတွေထက်ရိုးသားတာ…..။ အဲ့ကြောင့်…လူချစ်လူခင်ပေါကြတယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ မှန်ရင် Shareလိုက်တော့ အင်္ဂါသားသမီးတွေ
ဗုဒ္ဓဟူး သားသမီးများအကြောင်း
ဗုဒ္ဓဟူး
လူချစ်လူခင်ပေါသလို လူမုန်းလဲများပါတယ် သူ့ရဲ့အမှန်တရားကိုလက်ကိုင်ထားတတ်တဲ့အကျင့်ကြောင့်ပါ..။ ဘယ်လောက်ပဲစိတ်ညစ်စိတ်ညစ် ပျော်အောင်နေတတ်ကြတယ်… မှန်လိုလူတွေကိုယ့်အပေါ်ကောင်းရင်ကောင်းမယ် ဆိုးရင် ပြန်ဆိုးမယ်
ပြတ်သားစိတ်အပြည့်ရှိတဲ့သူတွေပါ .. အားနည်းချက်ကအပြောဆိုမတတ်တာပါ.. ပြောချင်တာရှိရင် စိတ်ထဲမထားပဲချက်ချင်းပြောချလိုက်ပြီးနောက်မှပြန်တွေးပြီးအားနာတတ်တဲ့သူတွေပါ။ လုပ်ချင်ပြီဟေ့ဆို အဲ့လုပ်ကို ဘယ်သူတားတားဖြစ်အောင်လုပ်တတ်တယ်
အရမ်းကြိုက်တဲ့ သီချင်းဆို တပ်ခါတပ်ခါနားထောင်တတ်ကြတယ်… အရွဲ့တိုက်ဖို့ဆိုထိပ်ဆုံးကသွားမရွဲ့နဲ့ ဆယ်ဆပြန်ရွဲ့ပေးလိုက်လိမ့်မယ်..။ သူတို့ပြုံးလိုက်တဲ့အခါတိုင်း ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်ဖို့ကောင်းကြတယ်
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ မှန်ရင် Shareလိုက်တော့ ဗုဒ္ဓဟူးသားသမီးတွေ
ကြာသပတေး သားသမီးများ အကြောင်း
ကြာသပတေး
ကြာသပတေး သားသမီးများသည် စိတ်ရင်စေတနာကောင်းပြီး ပွင့်လင်းဖြူစင်သောစိတ်ရှိသည်။ လူတိုင်းကိုခင်မင်တတ်သည်။ အကူအညီတောင်းခဲလျှင်လည်း မည်သူ့ကိုမဆို အကူအညီပေးရန်အသင့်ရှိနေတတ်သူဖြစ်သည်။
လူအများနှင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်နေချင်စိတ်ရှိသူဖြစ်မည်။ မိသားစုဆွေမျိုးသားချင်းများအပေါ် အလွန်သံယောဇဉ်ကြီးတတ်များဖြစ်ကြသည်။ တည်တည်ကြည်ကြည်နေတတ်ပြီး စိတ်သဘောထားကောင်းမည်။
ဖြစ်လေရာဘဝ၊ ရောက်ရာအခြေအနေတွင် ပျော်သလိုနေတတ်မည်။ စိတ်ဓာတ်ထက်မြက်ပြီး မတရားမှုကိုဆန်ကျင့်သူများဖြစ်သည်။ ပြောစရာရှိလျှင်ဗြောင်ပြောလွန်းသောကြောင့် လူများစုကတခါတလေ အမြင်ကပ်ကြသည်။
သင်သည်ခံစားချက်များကိုရင်ဖွင့်တတ်သော်လည်း လုပ်ရမည့်အလုပ်နှင့်ပတ်သက်လာလျှင်အလွန်လျို့ဝှက်တတ်မည်။ သင်ဘာလုပ်မည်ဆိုတာကိုမည်သူမျှ မသိနိုင်ပါ။ အလုပ်ကို အပင်ပန်းခံလုပ်နိုင်မည်၊ ကြိုးစားသည်။
ကြိုးစားသလောက် အရာမထင်ဖြစ်တတ်သည့် ကံမျိုးကြုံရတတ်ပါသည်။ လူအများက ပေါ့သည်ပျင်းသည်ဟု ထင်နေကြသည်။ အလုပ်ကို ပြတ်ပြတ်သားသားမလုပ်ခြင်းကြောင့်လည်း ဒုက္ခကြုံရတတ်ပါသည်။
ဒုက္ခကြုံလျှင်ဖြစ်စေ၊ပျော်စရာကြုံသည်ဖြစ်စေ ကံကိုပုံချတတ်သောစိတ်မျိုးရှိသည်။ မနက်ဖြန်အတွက်ကိုတွေးပူနေတက်သူမဟုတ်ပါ။ လက်ထဲငွေရောက်လျှင်လည်း ဘာမှမည်မည်ရရမဟုတ်ဘဲ ကုန်နေတတ်မည်၊လက်ထဲငွေအနည်းငယ်ရှိနေလျှင် အလုပ်လုပ်ချင်စိတ်ရှိမည် မဟုတ်ပါ။
ငွေထက်ပစ္စည်းကိုပိုစုဆောင်းတတ်မည်။ စကားပြောရာတွင် နူးညံ့သိမ်မွေ့မည်။ ကြည့်လိုက်လျှင် မပြောတတ်သလိုနဲ့ တကယ်တမ်းပြောလျှင် အကွက်ကျကျ ပြောတတ်ဆိုတတ်ကြသည်။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ မှန်ရင် Shareလိုက်တော့ ကြာသပတေးသားသမီးတွေ
သောကြာသားသမီးများအကြောင်း
သောကြာ
အပြောအရမ်းကောင်းပီးနှုတ်ချိုတာသောကြာ.. အဓိကမျက်လုံးရယ် နှုတ်ခမ်းရယ်ဆွဲဆောင်မှု့ရှိကြတယ်.. စိတ်ခံစားမှု့အရမ်းလွယ်တတ်ပေမဲ့ ဟန်ဆောင်ကောင်းတဲ့သူတွေပါ… ။ အချစ်လည်းအရမ်းကြီးသလိုအမြတ်လည်းအရမ်းကြီးတတ်ကြတယ်
ဒေါသကြီးပီဆိုဘာကိုမှမမြင်တတ်ပဲလုပ်ချင်ရာတဇွတ်ထိုးလုပ်ပီးမှ နောင်တရနေတတ်တာ.. ။ လောဘကြီးတဲ့အထဲမှာမပါဘူးရှိတာနဲ့ရောင့်ရဲတတ်သူတွေ စကားများရန်ဖြစ်ရမှာကိုမကြိုက်ဘူး အကြောက်ဆုံးကသူများအပေါ်အကြွေးတင်နေတာ
အရာရာကိုစဉ်းစားချင့်ချိန်ပီးမှလုပ်တတ်ကြတယ်..။ လုပ်ရင်လည်းဘယ်တော့မှနောက်မဆုတ်ဇွဲရှိကြတယ်..။ မိဘအပေါ်အရမ်းသိတတ်ကြပီးမျက်နှာရိပ်မျက်နှာကဲအရမ်းသိသူတွေ..။ သူတို့ရဲ့ရိုးရာကစကားသိပ်များတတ်တာပါ
သူငယ်ချင်းတွေအထဲသူတို့မပါရင်ပွဲမစီပွကြီးတွေပေါ့..။ သူတို့အများဆုံးcrush တာ အင်္ဂါ/တနင်္ဂနွေ…။ မိတ်ဘက်အိမ်ထောင်ဘက်ဟာလည်း Tue&Sun..။ သူတို့နဲ့မတည့်တာ စနေ/ကြာသာပတေး..။ သူတို့control လုပ်နိုင်တာ တနင်္ဂနွေ
အနုပညာနဲ့အလှအပမှာ အများနဲ့မတူ တမူထူးခြားသူတွေပါ…။ အများနဲ့မတူဆန်းသစ်တဲ့အတွေးများရှိသောသူတွေ.. ချစ်သူကိုအရစ်သန် တာသောကြာပါ.. ထပ်တလဲလဲပြောတတ်တာလည်းသူတို့ပဲ.. စိတ်ကောက်တတ်တာလည်းသူတို့ပဲစိတ်ပြေလွယ်တာလည်းသူတိုပဲ
အစွဲအလမ်းကြီးပီးသနားတတ်တာလည်းသူတို့ပဲ… နောက်ကြောဓါးနဲ့အထိုးခံရတာအများဆုံးသောကြာ… ။ ခင်ပီဆိုကိုယ့်အကြောင်းတခုမကျန်ပြောတတ်တာသောကြာ.. ပွင့်လင်းဖော်ရွေတာလည်းသောကြာ… Qစယား လုံးဝ ရှင်းတာ သောကြာ
ကိုယ့်အပေါ်၁ကျပ်ဖိုးကောင်းရင်၁၀၀ဖိုးလောက်ပြန်ကောင်းတန်တာသောကြာ… အနစ်နာခံပေးဆပ်နိုင်ဆုံးသောသူတို့… ဟင်ဆိုရင်လှည့်မကြည့်တော့တာသောကြာ..။ သူတို့အပေါ်မကောင်းရင်တော့ ဘယ်လောက်ချစ်ချစ်စွန့်လွှတ်ပီးပြန်မလှည့်ကြည့်တတ်တော့ပါဘူး
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ .. မှန်ရင် Shareလိုက်တော့ သောကြာသားသမီးတွေ
စနေ သားသမီးများအကြောင်း
စနေ
အရမ်းကြီးမချောကြပေမဲ့ ပြုံးလိုက်တဲ့ချိန်တိုင်း ချစ်ဖို့ကောင်းကြတာ စနေတွေပါ..။ တစ်ယောက်ထဲနေရင်ဆရာကြီးလို မျက်နှာထားနဲ့ ပေါင်းကြည့်တော့မှ ငပေါလေးမှန်းသိရတာ စနေတွေပါ..။ တခါတလေလည်း ကလေးအရမ်းဆန်ကြတာ စနေတွေပါပဲ
တစ်ဖက်သားကိုအရမ်းကူညီချင်စိတ်ရှိကြတယ် စနေတွေပါ..။ အပျင်းကလဲကြီးတယ် အပျင်းအရမ်းကြီးတဲ့ ငပျင်းလေးတွေလည်း ဖြစ်ကြတယ် ..။ သူတို့ အရမ်းကြိုက်တဲ့ သီချင်းလေးတွေဆို ထပ်ခါထပ်ခါ ပြန်နားထောင်လိမ့်ရှိကြတယ် စနေတွေပါ
သူတို့လုပ်မဲ့အလုပ်ကို အရှေ့ကနေ ဒါလုပ်ဒါလုပ်ပြောလိုက်ရင် မကြိုက်ကြဘူး စနေတွေပါပဲ..။ အချစ်ရေးမှာ ကံမကောင်းကြဘူး သစ္စာခဏခဏဖောက်ခံရတတ်ကြတယ်..။ တစ်ယောက်ဆို တစ်ယောက်ပဲချစ်တယ် ချစ်သူပေါ် သစ္စာရှိတဲ့သူတွေပါ
သူ့တို့ဘက်ကစတောင်းပန်လေ့မရှိကြဘူး တောင်းပန်ရင်တော့ သူ့တို့အရမ်းတန်ဖိုးထားတဲ့လူမို့ပါ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ .. မှန်ရင် Shareလိုက်တော့ စနေသားသမီးတွေ
တနင်္ဂနွေ သားသမီးများအကြောင်း
အရမ်းကြီးချောတဲ့ထဲမပါပေမဲ့ ရုပ်မဆိုးကြပါဘူး..။ နှုတ်ခမ်းအလှပိုင်ရှင်တွေလဲဖြစ်တယ်..။ အိပ်တယ်ဆိုတာ သူ့တို့ရဲ့ အကြီးမားဆုံးဝါသနာပါ ..။ အစောကြီးထရတာလဲ သေအောင်မုန်းတယ်
သီချင်းတွေဟာ သူတို့အတွက် အကောင်းဆုံး သူငယ်ချင်းတွေပါ..။ စိတ်ညစ်စရာရှိရင် ဘယ်သူ့ကိုမှ မပြောပဲ…။ တစ်ယောက်ထဲသာဝမ်းနည်းနေတတ်ပါတယ်..။ တစ်ယောက်ထဲအေးဆေးနေရတာကို နှစ်သက်တဲ့ သူတွေပါ
အကောင်းဆုံးဆိုတဲ့အရာတွေကိုသာ ရွေးချယ်တတ်သူတွေပါ..။ ငွေကြေးမှာလဲ လက်အရမ်းဖွာတယ်..။ အမြဲတမ်းလူကြီးတစ်ယောက်လို ရင့်ကျက်ချင်ယောင်ဆောင်တတ်ပေမဲ့..။ ကလေးစိတ်ကတော့ လုံးဝမပျောက်သေးပါဘူး
ချစ်သူအပေါ်အရမ်းအချစ်ကြီးသလို တစ်ယောက်ဆို တစ်ယောက်ပဲ ချစ်တတ်ပါတယ်..။ စိတ်ဆိုးလဲ ခဏဆိုတဲ့ သူတွေပါ ..။ စိတ်ထဲမှာခုသွားရင်တော့ ဟန်ဆောင်ပြုံးတောင် မပြုံးပြတတ်ပါဘူး
သစ္စာတရားကို တန်ဖိုးထားတဲ့သူတွေမို့ ..။ သူကိုယ်တိုင်လဲသစ္စာရှိသလို သူ့ကို သစ္စာဖောက်ရင်လဲ အရမ်းမုန်းတတ်တဲ့သူတွေပါ။
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★
မှန်ရဲ့လား ဗျ ..။ မှန်ရင် Shareလိုက်တော့ တနင်္ဂနွေ သားသမီးတွေ
#JTZ