You are here
Home > KNOWLEDGE > ဒီနေ့ ၄ လပိုင်း ၅ ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်ဆေးမင်္ဂလာကို ပြုဖြစ်အောင် ပြုလိုက်ပါ
ဒီနေ့ ၄ လပိုင်း ၅ ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်ဆေးမင်္ဂလာကို ပြုဖြစ်အောင် ပြုလိုက်ပါ
For Zawgyi
ဒီနေ့ ၄ လပိုင်း ၅ ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်ဆေးမင်္ဂလာကို ပြုဖြစ်အောင် ပြုလိုက်ပါ
For Unicode
ယခု ၄ လပိုင်း ၅ ရက်နေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်ဆေးမင်္ဂလာကို ပြုဖြစ်အောင် ပြုလိုက်ပါ
ယခုဖော်ပြပါ ၄ လပိုင်း ၅ ရက်နေ့ဟာ မြန်မာ အခေါ်အဝေါ်အရ တန်ခူးလဆန်း ၁ဘရက်နေ့ ဖြစ်ပါတယ် ။ ရှေးရှေးသော ပညာရှိကြီးတွေက ဒီလို ဆန်းရက် ၁ ရက်နေ့ကြုံရင် ဦးခေါင်ဆေးမင်္ဂလာ ပြုတတ်ကြပါတယ် ။
ဒါကြောင့် ဒီလိုရက်မှာ မဖြစ်မနေ ဦးခေါင်းဆေးမယ် ဆိုရင်တော့ တရော်ကင်းပွန်းကို မြန်မာနည်း မြန်မာ့ဟန်နဲ့ ဦးခေါင်းဆေးရမှာ ဖြစ်ပါတယ် ။ ဦးခေါင်း ဆေးတော့မယ်ဆိုရင် တရော်ကင်းပွန်းရည်ထဲကို သပြေ ၉ ညွန့်ထည့်ရမှာ ဖြစ်ပါတယ် ။
တနင်္ဂနွေ သားသမီးတွေက မြောက်အရပ် မျက်နှာမူပါ
တနင်္လာ သားသမီးတွေက တောင်အရပ်ကို မျက်နှာမူပါ
အင်္ဂါ သားသမီးများက အနောက်အရပ်ကို မျက်နှာမူပါ
ဗုဒ္ဓဟူး သားသမီးတွေက အရှေ့အရပ်ကို မျက်နှာမူပါ
ကြာသာပတေး သားသမီးများက အနောက်တောင်အရပ်ကို မျက်နှာမူပါ
သောကြာ သားသမီးတွေက အရှေ့တောင်အရပ်ကို မျက်နှာမူပါ
စနေ သားသမီးများက အရှေ့အရပ်ကို မျက်နှာမူပြီး ဦးခေါင်းဆေးပါ ။
ဦးခေါင်ဆေးရမည့် အချိန်က မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီထိ ညနေ ၃ နာရီမှ ၆ နာရီအထိ ကြိုက်တဲ့အချိန်မှာ ဦးခေါင်ဆေးပါ ။ ဦးခေါင်ဆေးနေသည့် အချိန်တွင် သရဏဂုံ ၃ ပါးရွတ်ပါ ။ ဂုဏ်တော် ၉ ပါးရွတ်ပါ ။
ပြီးသည့်အခါ “ဖုဌသ လောကဓမ္မေဟိ ၊ စိတ္တံယသနကမ္ပတိ ၊ အသောကံဝိရဇံခေမံ”။ ၉ ခေါက် စိတ်ထဲက ရွတ်ပြီး ဦးခေါင်းဆေးပါ ။
ဒီလိုတန်ခူးလဆန်း ၁ ရက်နေ့မှာ ဦးခေါင်ဆေး မင်္ဂလာပြု ခြင်းအားဖြင့် ရန်အပေါင်းကင်းဝေးခြင်း ဘုန်းကံ လာဘ်လာဘပွင့်ခြင်း အကြံအစည် ထမြောက်အောင်မြင်ခြင်း ဆိုသည့် အကျိုး ကျေးဇူးတရားတွေ ရရှိပါတယ်ဗျာ ။ လုပ်ကြည့်လိုက်ပါ အကျိုးပေး အနန္တပါဗျာ ။
ပြည်ဘိုးတော်လေး ကိုအာကာ
Top
//thefacux.com/4/3018672