
နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုး ဟာဆိုရင် ကျရာဇာတ်ရုပ်မျိုးစုံကနေ ပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ သူကတော့ မွေးရပ်မြေကို မပြန်ဖြစ်တာ နှစ် (၂၀)ကျော် ကြာလာခဲ့ပြီတာကြောင့် မွေးရပ်မြေမှာ ညီလေးမင်းသွေးနဲ့အတူ တည်ထားတဲ့ ဘုရားထီးတင်ရန်အတွက် မာန်အောင်မြို့ကို ပြန်သွားခဲ့ပြီပဲဖြစ်ပါတယ်။
နေတိုးရဲ့ အရင်းနှီးဆုံး သူငယ်ချင်း တွေဖြစ်တဲ့ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ရဲလေးနဲ့ ထွန်းထွန်းတို့ကလဲ ပြင်ဦးလွင်မှာ ရုပ်ရှင် ရိုက်ပြီးတာနဲ့ ချက်ချင်းပဲ နေတိုးရှိရာ ရခိုင်ပြည်ကြီးဆီ လိုက်သွားကြတာပဲ ဖြစ်ပါတယ်။
ဒီနေ့မှာတော့ နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ရဲလေး နဲ့ ထွန်းထွန်းတို့က ရခိုင်ပြည်နယ် မာန်အောင်ကျွန်းကို ရောက်ရှိသွားပြီပဲ ဖြစ်ပါတယ်။
နှင်းဆီအဖွဲ့သားတွေကို ပရိသတ်တွေ အများအပြား လာရောက်ကြည့်ရှုကြသလို နေတိုးကိုယ်တိုင် လာရောက်ကြိုဆိုတာကို တွေ့ရပါတယ်။ နှင်းဆီအဖွဲ့သားတွေကတော့ ရခိုင်ကဟင်းလက်ရာတွေကြိုက်နှစ်နေပုံရပါတယ်။ နှင်းဆီတစ်ဖွဲ့သားလုံး အားရပါးရစားနေတဲ့ ဗီဒီယိုဖိုင်လေးကို လူမှုကွန်ယက်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်အတွက် အားရပါးရစားနေတဲ့ နေတိုးတို့အဖွဲ့ရဲ့ ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။
Video ကြည့်ရန်
Share From swelsonenews