“ပ်ားရည္အိုင္”တဖြဲ႕လုံး ကိုယ္စား ဆုရလိုက္တယ္လို႔ သတ္မွတ္ထားတဲ့ ေမမီကိုကို

Star Awards ဆုေပးပြဲမွာ “ပ်ားရည္အိုင္” ႐ုပ္သံဇာတ္လမ္းတြဲထဲက ၿမိဳင္ဆိုတဲ့ကာ႐ိုက္တာနဲ႔“BestTVSeriesActress Award”ဆုကိုရရွိခဲ့တဲ့ေမမီကိုကိုကေရွ႕ဆက္မယ့္အႏုပညာလုပ္ငန္းေတြအတြက္ခြန္အားရသလိုသ႐ုပ္ေဆာင္နဲ႔ပတ္သက္ၿပီး ပထမဆုံး ရဖူးတဲ့ မွတ္တိုင္ေလးလို႔ ဆိုပါတယ္။

“အခုလိုဆုရတာအတိုင္းမသိပါပဲ။ေမမီ့ကိုခ်စ္တဲ့ပရိသတ္ေတြေမမီ့ကိုရေစခ်င္တဲ့ပရိသတ္ေတြရဲ႕ဆႏၵေတြျပည့္ဝသြားၿပီလို႔ထင္ပါတယ္။ပရိသတ္ေတြကိုယ္စားေရာ၊ေမမီကိုယ္တိုင္ကေရာအရမ္းကိုေပ်ာ္ပါတယ္။ေလာေလာဆယ္ေတာ့ဘာမွမစဥ္းစားျဖစ္ေသးဘူး။ မိဘေတြနဲ႔ တိုင္ပင္ၿပီးေတာ့ အလႉေလးေတာ့ လုပ္ျဖစ္မယ္။ဒီကာ႐ိုက္တာနဲ႔ေပးတာကိုလည္းေက်နပ္တာေပါ့”လို႔ ေမမီကိုကိုက ေျပာပါတယ္။

ေမမီကိုကိုကဒီဆုဟာ“ပ်ားရည္အိုင္”႐ုပ္သံဇာတ္လမ္းတြဲတဖြဲ႕လုံးကိုယ္စားရလိုက္တယ္လို႔သတ္မွတ္ထားတယ္လို႔ေျပာပါတယ္။“ထုတ္လုပ္ေရးအတြက္ဆိုလည္းဟုတ္တယ္။ဒါ႐ိုက္တာအတြက္ဆိုလည္းဟုတ္တယ္။ပ်ားရည္အိုင္တဖြဲ႕လုံးကိုယ္စားရလိုက္တယ္လို႔ သတ္မွတ္ပါတယ္”လို႔ ေမမီကိုကိုက ဆိုပါတယ္။

“ေရွ႕ဆက္မယ့္ အႏုပညာလုပ္ငန္းေတြအတြက္ ခြန္အားေပါ့။ ေမမီ ေရွ႕ဆက္မယ္ ဆိုတာထက္ ေမမီ့အတြက္ ဒါဟာ ဘဝမွာ ေမ့လို႔ မရတဲ့ မွတ္တိုင္တခု ျဖစ္ခဲ့ပါတယ္။ အႏုပညာသက္တမ္း ၁၁ ႏွစ္တာကာလမွာဒီဆုေလးပထမဆုံးရဖူးတယ္ေပါ့ေနာ္။ သ႐ုပ္ေဆာင္နဲ႔ ပတ္သက္ၿပီး ပထမဆုံးရဖူးတဲ့ မွတ္တိုင္ေလးေပါ့ေနာ္။ အဲဒီအတြက္ အရမ္းေပ်ာ္တယ္။ဆက္ႀကိဳးစားဦးမယ္။ ႀကိဳးစားတဲ့သူတိုင္းအတြက္ ဆုလာဘ္ဆိုတာ မေဝးပါဘူးလို႔ ေမမီ ေျပာခ်င္ပါတယ္”လို႔ေမမီကိုကိုကေျပာပါတယ္။ေမမီကိုကို ကိုေတာ့႐ုပ္သံဇာတ္လမ္းတြဲေတြကေနပရိသတ္ေတြစတင္အားေပးခဲ့တာျဖစ္ၿပီးလက္ရွိမွာလည္းေမမီကိုကိုက“လိပ္ျပာေႏွာင္ႀကိဳး” ဇာတ္လမ္းတြဲ ႐ိုက္ေနတယ္လို႔ ဆိုပါတယ္။

“လက္ရွိမွာေတာ့ForeverGroupက႐ိုက္ကူးတဲ့“လိပ္ျပာေႏွာင္ႀကိဳး”ဆိုတဲ့ဇာတ္လမ္းတြဲကို႐ိုက္ကူးေနတယ္။အဲဒီဇာတ္ကားမွာသရဲမေလးဂ်ဴးရီအျဖစ္ေမမီပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။ေမမီေရွ႕ဆက္အမ်ားႀကီးႀကိဳးစားသြားမယ္လို႔ကတိေပးပါတယ္’’လို႔ေမမီကိုကိုကဆိုပါတယ္။ေမမီကိုကိုကေတာ့အႏုပညာေလာကထဲကိုဝင္ေရာက္လာခဲ့တာ၁၁ႏွစ္ရွိၿပီျဖစ္ေသာ္လည္း ပရိသတ္မ်ား အေနနဲ႔ကေတာ့ “ပ်ားရည္အိုင္” ဇာတ္လမ္းတြဲမွာ “ၿမိဳင္” ဆိုတဲ့ ကာ႐ိုက္တာနဲ႔ တြဲျမင္ကာ ယခင္က သူမကို မသိခဲ့တဲ့ ပရိသတ္မ်ားရဲ႕ စိတ္ဝင္တစား ခ်စ္ခင္မႈကိုလည္း ရရွိလာခဲ့ပါတယ္။

CRD-The irrawady lifestyle

UNICODE

StarAwardsဆုပေးပွဲမှာ“ပျားရည်အိုင်”ရုပ်သံဇာတ်လမ်းတွဲထဲကမြိုင်ဆိုတဲ့ကာရိုက်တာနဲ့“BestTVSeriesActress Award”ဆုကိုရရှိခဲ့တဲ့မေမီကိုကိုကရှေ့ဆက်မယ့်အနုပညာလုပ်ငန်းတွေအတွက်ခွန်အားရသလိုသရုပ်ဆောင်နဲ့ပတ်သက်ပြီး ပထမဆုံး ရဖူးတဲ့ မှတ်တိုင်လေးလို့ ဆိုပါတယ်။

“အခုလိုဆုရတာအတိုင်းမသိပါပဲ။မေမီ့ကိုချစ်တဲ့ပရိသတ်တွေမေမီ့ကိုရစေချင်တဲ့ပရိသတ်တွေရဲ့ဆန္ဒတွေပြည့်ဝသွားပြီလို့ထင်ပါတယ်။ပရိသတ်တွေကိုယ်စားရော၊မေမီကိုယ်တိုင်ကရောအရမ်းကိုပျော်ပါတယ်။လောလောဆယ်တော့ဘာမှမစဉ်းစားဖြစ်သေးဘူး။မိဘတွေနဲ့တိုင်ပင်ပြီးတော့အလှူလေးတော့လုပ်ဖြစ်မယ်။ဒီကာရိုက်တာနဲ့ပေးတာကိုလည်းကျေနပ်တာပေါ့”လို့ မေမီကိုကိုက ပြောပါတယ်။

မေမီကိုကိုကဒီဆုဟာ“ပျားရည်အိုင်”ရုပ်သံဇာတ်လမ်းတွဲတဖွဲ့လုံးကိုယ်စားရလိုက်တယ်လို့သတ်မှတ်ထားတယ်လို့ပြောပါတယ်။“ထုတ်လုပ်ရေးအတွက်ဆိုလည်းဟုတ်တယ်။ဒါရိုက်တာအတွက်ဆိုလည်းဟုတ်တယ်။ပျားရည်အိုင်တဖွဲ့လုံးကိုယ်စားရလိုက်တယ်လို့ သတ်မှတ်ပါတယ်”လို့ မေမီကိုကိုက ဆိုပါတယ်။

“ရှေ့ဆက်မယ့် အနုပညာလုပ်ငန်းတွေအတွက် ခွန်အားပေါ့။ မေမီ ရှေ့ဆက်မယ် ဆိုတာထက် မေမီ့အတွက် ဒါဟာ ဘဝမှာမေ့လို့မရတဲ့မှတ်တိုင်တခုဖြစ်ခဲ့ပါတယ်။အနုပညာသက်တမ်း၁၁နှစ်တာကာလမှာဒီဆုလေးပထမဆုံးရဖူးတယ်ပေါ့နော်။သရုပ်ဆောင်နဲ့ပတ်သက်ပြီးပထမဆုံးရဖူးတဲ့မှတ်တိုင်လေးပေါ့နော်။အဲဒီအတွက်အရမ်းပျော်တယ်။ဆက်ကြိုးစားဦးမယ်။ကြိုးစားတဲ့သူတိုင်းအတွက်ဆုလာဘ်ဆိုတာမဝေးပါဘူးလို့မေမီပြောချင်ပါတယ်”လို့မေမီကိုကိုကပြောပါတယ်။မေမီကိုကိုကိုတော့ရုပ်သံဇာတ်လမ်းတွဲတွေကနေပရိသတ်တွေစတင်အားပေးခဲ့တာဖြစ်ပြီးလက်ရှိမှာလည်းမေမီကိုကိုက“လိပ်ပြာနှောင်ကြိုး” ဇာတ်လမ်းတွဲ ရိုက်နေတယ်လို့ ဆိုပါတယ်။

“လက်ရှိမှာတော့ForeverGroupကရိုက်ကူးတဲ့“လိပ်ပြာနှောင်ကြိုး”ဆိုတဲ့ဇာတ်လမ်းတွဲကိုရိုက်ကူးနေတယ်။အဲဒီဇာတ်ကားမှာသရဲမလေးဂျူးရီအဖြစ်မေမီပါဝင်သရုပ်ဆောင်ထားပါတယ်။မေမီရှေ့ဆက်အများကြီးကြိုးစားသွားမယ်လို့ကတိပေးပါတယ်’’လို့မေမီကိုကိုကဆိုပါတယ်။မေမီကိုကိုကတော့အနုပညာလောကထဲကိုဝင်ရောက်လာခဲ့တာ၁၁နှစ်ရှိပြီဖြစ်သော်လည်း ပရိသတ်များ အနေနဲ့ကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲမှာ “မြိုင်” ဆိုတဲ့ ကာရိုက်တာနဲ့ တွဲမြင်ကာ ယခင်က သူမကို မသိခဲ့တဲ့ ပရိသတ်များရဲ့ စိတ်ဝင်တစား ချစ်ခင်မှုကိုလည်း ရရှိလာခဲ့ပါတယ်။

Share From Global Myanmar Media