“ကျွန်တော်တို့နှစ်ယောက်က ချစ်ပြ​နေတာမဟုတ်ဘူး တကယ်ချစ်သွားတာ” ဆိုတဲ့ ရွှေထူး

ရွှေထူးနဲ့ရွှေမှုံဟာဆိုရင် ချစ်သူဘဝကနေ အိမ်ထောင်သည်ဘဝရောက်သွားပြီးမှ တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေနဲ့ ပိုတိုးပြီးချစ်လာကြပုံပေါ်သလို အပြန်အလှန်အရိပ်တကြည့်ကြည့်လုပ်နေကြတာမို့လည်း

ပရိသတ်တွေအားကျအောင် ချစ်ပြနေကြတယ်ဆိုတဲ့ဝေဖန်မှုတွေထွက်လာနေတာလည်းဖြစ်ပါတယ်။

မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ရွှေထူးနဲ့ ရွှေမှုံက အနုပညာလှုပ်ရှားမှုလေးတွေအကြောင်းနဲ့ နှစ်ယောက်အတူရုပ်ရှင်ရိုက်ဖို့ကိစ္စတွေကိုပြောပြသွားပါတယ်။

ရွှေထူးနဲ့ ရွှေမှုံနှစ်ယောက်တွဲရုပ်ရှင်ရိုက်ဖို့အစီအစဉ်ကို ရွှေမှုံက “လင်မယားဆိုတော့ နှစ်ယောက်တွဲဇာတ်ကားဆို သိပ်မရိုက်ချင်ဘူး။ ယောက်ျားနဲ့က အဲ့လို

အချို့ဟာလေးတွေ မချပြချင်တာလေးတွေရှိတယ်။ အဲဒါကြောင့် နည်းနည်း secret သဘောလေးပေါ့ ဟုတ်”လို့ ဖြေသွားပြီးရွှေထူးကတော့ ချစ်ဇနီးနဲ့ရိုက်ချင်ပေမယ့်သူက သရုပ်ဆောင်မကောင်းတော့

ရွှေမှုံကရိုက်ချင်မှာမဟုတ်ဘူးဆိုပြီး “ရိုက်ချင်ပါတယ်။ သူက မင်းသမီးဆိုတော့ ကိုယ်ကလည်း သရုပ်ဆောင်အရမ်းမကောင်းသေးဘူးဆိုတော့ ရိုက်ချင်မှာမဟုတ်ဘူး။ ပရိုဂျူဆာတွေက ကမ်းလှမ်းလာရင်လည်း ရိုက်ဖြစ်သွားမှာပါ။

ကျွန်တော်တို့နှစ်ယောက်မှာ ရိုက်ချင်တဲ့ဇာတ်လမ်းလေးတွေရှိပါတယ်။”လို့ ဖြေထားပြီး ရွှေမှုံက “သရုပ်ဆောင်မကောင်းလို့မဟုတ်ပါဘူး။ အဲ့လိုမဟုတ်ပါဘူး”လို့ ကမန်းကတမ်း ရယ်မောရင်းဖြေရှင်းသွားပါတယ်။

ရွှေမှုံက ရွှေထူးနဲ့ သရုပ်ဆောင်ရမှာရှက်လို့လားဆိုတဲ့မေးခွန်းကို ရွှေမှုံက “မရှက်ပါဘူး။ သူရှက်တာ။ သူက မိန်းမနဲ့သရုပ်ဆောင်ရမှာနည်းနည်းရှက်တယ်။

အဲ့လိုမျိုး။ အဲဒါကြောင့် သူနဲ့သရုပ်ဆောင်မယ့်ဇာတ်လမ်းဆို တော်တော်လေးရွေးပြီးသရုပ်ဆောင်မှရမယ်။ ကိုယ့်ယောက်ျားအကြောင်းကိုယ်သိတယ်လေ”လို့ ဖြေကြားသွားပါတယ်။

ရွှေမှုံက သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်လို့ ရွှေထူးကို အကြံပေးဖြစ်တဲ့အကြောင်း “သဲအနုပညာသက်တမ်းနဲ့ သဲသိသလောက် သဲနားလည်သလောက်လေး သူ့ကိုပြောပြပေးတယ်။ ဒီဇာတ်ရုပ်ကတော့ မလိုက်ဖက်ဘူး။ ဒီဇာတ်ရုပ်ကတော့

မသင့်တော်ဘူးထင်တယ်။ ယောက်ျားရေ ယောက်ျားဘယ်လိုလုပ်ချင်လဲ၊ သူလုပ်ချင်တာလေးကိုလုပ်။ ကိုယ်ကဘေးကနေပြောပြပေးတယ်။ဒီလောက်ပါပဲ”လို့ ပြောပြထားသလို အိမ်ထောင်သည်ဘဝမှာပျော်ရွှင်နေကြတဲ့အကြောင်းကိုရွှေမှုံက

ပျော်တယ်လို့ဖြေထားပြီး ရွှေထူးက “သြော် စိတ်ချမ်းသာတာပေါ့။ စိတ်ချမ်းသာလို့ မျက်နှာက ပြုံးပီတိနဲ့ ဒီမှာ သွားက ပေါ်နေပြီ”လို့ ရယ်မောရင်း ကြည်နူးစရာဖြေကြားထားပါသေးတယ်။

ရွှေထူးက ရွှေမှုံနဲ့ ချစ်ပြနေတာမဟုတ်ပဲ တကယ်ချစ်တာပါဆိုတဲ့အကြောင်းကိုလည်း “ကျွန်တော်တို့နှစ်ယောက်ချစ်တယ်ဆိုတာကိုမိဘတွေလည်းသိလာတယ်။ အချို့ပရိသတ်လေးတွေလည်းသိလာကြတဲ့အတွက်

အသိအမှတ်ပြုလာကြတဲ့အတွက် ကျွန်တော်တို့လည်းကျေနပ်တယ်။ ကျွန်တော်တို့ကတော့ ချစ်ပြနေတာမဟုတ်ဘူး။ တကယ်ချစ်လို့လည်းဖြစ်သွားတာ။ ကျွန်တော်တို့ facebook ပေါ်မှာတင်ထားတဲ့အတိုင်းပဲ ဘာဖြစ်လို့လဲ ချစ်မိသွားလို့။

အဲဒီအတွက်ကျွန်တော်တို့ရဲ့အချစ်ကို အချိန်ကြာလာရင် နားလည်သွားမှာပါ”လို့ ရှင်းပြထားတာတွေ့ရပါတယ်။ပရိသတ်ကြီးရော ရွှေမှုံနဲ့

ရွှေထူးကိုချစ်ကြလား။သူတို့နှစ်ယောက်အတူတွဲပြီးရုပ်ရှင်တွေရိုက်ဖြစ်ရင်ရောအားပေးကြမှာလား။ ပြောခဲ့ကြပါဦး။