
မင်းသမီးချောလေး သင်ဇာဝင့်ကျော်ကတော့ သူမကိုယ်သူမ အမြဲ ယုံကြည်မှုရှိပြီး တက်ကြွလန်းဆန်းနေတတ်တဲ့ ဆွဲဆောင်မှုရှိလွန်းသူလေး တစ်ဦးပါ။ အမြဲလိုလို စိတ်ဝင်စားစရာကောင်းတဲ့ အမိုက်စား ဖက်ရှင်တွေနဲ့ ပွဲတက်လေ့ရှိတဲ့ သင်ဇာလေးကတော့ ပရိသတ်တွေရဲ့ စိတ်အာရုံကို အမြဲဖမ်းစားထားနိုင်သူလေးပဲ ဖြစ်ပါတယ်။
ပွဲအခမ်းအနားများစွာလည်း တောက်လျှောက်တက်နေရတဲ့ သူလေးတစ်ဦးဆိုရင်လည်းမမှားနိုင်ပါဘူး။ လတ်တလောမှာလည်း ခရီးတွေတောက်လျှောက်ဆိုသလိုထွက်နေရတာပါ။ သူမဟာ ဝေဖန်မှုတွေများစွာနဲ့ရင်ဆိုင်နေရသော်လည်း ယုံကြည်မှုရှိရှိနဲ့ သူမရဲ့အနုပညာအလုပ်တွေကိုဆက်လက်ကြိုးစားလုပ်ကိုင်နေတာပဲဖြစ်ပါတယ်။
သင်ဇာဝင့်ကျော်ကတော့ Sexy ကျကျဖက်ရှင်တွေ အဝတ်များတာကြောင့် မိခင်ဖြစ်သူကတောင် sexy မရိုက်ဖို့ တောင်းပန်နေတဲ့အကြောင်းလေးပြောပြလာပါတယ်။ သင်ဇာက “”အဖေ နဲ့ အမေ က ကိုယ့်ကို အရမ်းချစ်တာ။ အမေ က ပြောတယ်။ ဘာပဲ လိုချင် ဝယ်ပေးမယ်။ Sexy တွေ မရိုက်ပါနဲ့ လို့ တောင်းပန်တယ်။ ဒါပေမယ့် ကိုယ့်ကို အားပေးတဲ့ သူတွေ ရှိနေလို့ အချိန်တစ်ခု အထိ ဝတ်မယ်” လို့ ပြောလာခဲ့ပါတယ်။
ပရိသတ်ကြီးအတွက် သင်ဇာရဲ့ interview ဗီဒီယိုဖိုင်လေးကိုဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလဲသင်ဇာ့ကို Sexy ကျတဲ့ ဖက်ရှင်တွေ ဝတ်စေချင်လား မဝတ်စေချင်ဘူးလား ပြောခဲ့ကြဦးနော်။
Video ကြည့်ရန်
Video Source : myanmar Celebrity
Share From swelsonenews