စိုင်းစိုင်းခမ်းလှိုင်အတွက် မြို့လည်ခောင်မှာ ဘုတ်ထောင်ပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့ မန္တလေးမြို့က ပရိသတ်တွေ




CRD-Momolay

UNICODE

နှစ်ပောင်းများစွာ အောင်မြင်မှုတွေ ရရှိနေတဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က မကြာခင်မှာပဲ အသက်(၄၀) ပြည့်တော့မှာဖြစ်ပြီးသူ့ရဲ့မွေးနေ့Showကြီးကိုခမ်းခမ်းနားနားကျင်းပမှာဖြစ်ပါတယ်။သရုပ်ဆောင်ရောအဆိုပါထူးချွန်တဲ့စိုင်းစိုင်းခမ်းလှိုင်ကမြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးအဆိုတော်တစ်ယောက်ဖြစ်ပြီးအားပေးသူပရိသတ်အခိုင်အမာရှိတဲ့အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ပရိသတ်များစွာထဲမှစိုင်းစိုင်းခမ်းလှိုင်ကမိန်းကလေးပရိသတ်တော်တော်များများရဲ့အသည်းစွဲအဆိုတော်တစ်ယောက်ပါပဲ။

ဧပြီ(၁၀)ရက်နေ့ကတော့စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့လေးဖြစ်ပြီးပရိသတ်တွေကတော်တော်လေးစိတ်လှုပ်ရှားရင်ခုန်နေကြတာ ဖြစ်ပါတယ်။ ရန်ကုန်က ပရိသတ်တွေကလဲ စိုင်းစိုင်းရဲ့ မွေးနေ့ရှိုးကို ကြည့်ဖို့ ရင်ခုန်နေကြသလို အနယ်နယ် အရပ်ရပ်ကပရိသတ်တွေကလဲရင်ခုန်နေကြတာဖြစ်ပါတယ်။ဒီနှစ်မှာတော့မန္တလေးမြို့ကပရိသတ်တွေကစိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့အတွက် မြို့လည်ခေါင်မှာ ဘုတ်ကြီးထောင်ပြီး စိုင်းစိုင်းရဲ့ ပုံနဲ့ မွေးနေ့ဆုတောင်း ပေးထားတာကို တွေ့ရပါတယ်။

စိုင်းစိုင်းကလဲသူ့ရဲ့ချစ်ပရိသတ်တွေရဲ့မွေးနေ့လက်ဆောင်လေးကြောင့်တော်တော်လေးကိုအံ့အားသင့်ဝမ်းသာသွားတဲ့ပုံပါပဲ။”မန္တလေးမှာတဲ့ဗျားကြွေဘီလေ”ဆိုပြီးပြောထားပါတယ်။မန္တလေးပရိသတ်တွေကတော့စိုင်းစိုင်းခမ်းလှိုင်ကိုတော်တော်လေး ချစ်တဲ့ပုံပဲနော်။ သူတို့ မန္တလေးမြို့မှာ ရှိုးမလုပ်ဖြစ်ပေမယ့် မန္တလေးပရိသတ်တွေကတော့ မမေ့မလျော့ပဲ စိုင်းစိုင်းအတွက် မွေးနေ့ဆုတောင်းပေးထားတာ ဖြစ်ပါတယ်။ ပရိသတ်က ချစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ စိုင်းစိုင်းခမ်းလှိုင်ကချစ်တဲ့ပရိသတ်တွေနောက်နှစ်ပေါင်းများစွာတိုင်အတူတူပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Share From Global Myanmar Media