နေအိမ်လေးမှာ ချစ်ခင်ရတဲ့သူများနဲ့ပျော်ရွှင်စွာဆင်နွှဲခဲ့တဲ့ အူဝဲရဲ့သြင်္ကန်အကြို Video လေး




Source – M ဆိုင်းလု And Yoko San,CRD-Myanmarload

UNICODE

အူဝဲလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့သရုပ်ဆောင်အိန္ဒြာကျော်ဇင်ဟာယနေ့ချိန်ထိအောင်မြင်မှုတွေနဲ့ထိပ်တန်းမင်းသမီးလေးတစ်ဦးလည်းဖြစ်ပါတယ်။သူမရဲ့သရုပ်ဆောင်သက်တမ်းဟာလည်းဆယ်စုနှစ်နှစ်စုတိုင်အောင်ရှိနေပြီးယနေ့ခေတ်မင်းသားတွေနဲ့အပြိုင်သရုပ်ဆောင်နိုင်သေးတာဟာလည်း သူမရဲ့ထူးခြားလွန်းတဲ့အချက်ပဲ ဖြစ်ပါတယ်။

အသက်ကြီးလာသော်လည်းသူမရဲ့ပျိုပြစ်နုပျိုတဲ့အလှတရားတွေဟာလည်းမိန်းကလေးပရိသတ်တွေအားကျနေရတဲ့အဓိကအချက်ပဲဖြစ်ပါတယ်။သူမရဲ့ပရိသတ်တွေဟာလည်းအပြင်မှာတစ်ခါတွေ့ဖူးပြီးတာနဲ့အခါခါတွေ့ချင်အောင်ဆွဲဆောင်နိုင်လွန်းတဲ့နတ်သမီးလေးတစ်ပါးပါ။သရုပ်ဆောင်ပြေတီဦးနှင့်အတူသားလေးဖိုးဓီ၊သမီးလေးပြေသုဒြာတို့နှင့်ပျော်ရွှင်သာယာသောမိသားစုလေးဘဝကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

ပရိသတ်တွေချစ်ခင်ကြတဲ့အူဝဲကတော့မကြာခင်မှကျရောက်လာတော့မဲ့မဟာသြင်္ကန်အကြိုအနေနဲ့သူမရဲ့နေအိမ်မှာချစ်ခင်ရတဲ့သူငယ်ချင်းများနဲ့အတူပျော်ပွဲရွှင်ပွဲလေးကျင်းပခဲ့တာလည်းဖြစ်ပါတယ်။ပျော်ရွှင်စွာရေကစားနေကြတဲ့ဗီဒီယိုလေးကိုMဆိုင်းလုရဲ့လူမှုကွန်ယက်မှာတင်ထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးလည်းအူဝဲတို့ရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီး အ ပျော်တွေဝေမျှနိုင်အောင်တင်ဆက်ပေးလိုက်ပါတယ်နော်။

Share From Global Myanmar Media