အရိုးထဲစိမ္႔ေအာင္ နာတယ္ ဆိုတဲ့ သူမရဲ႕ တင္ပါးနားက တက္တူးအေၾကာင္း ေျပာျပတဲ့ သင္ဇာ

Zawgyi

အရိုးထဲစိမ္႔ေအာင္ နာတယ္ ဆိုတဲ့ သူမရဲ႕ တင္ပါးနားက တက္တူးအေၾကာင္း ေျပာျပတဲ့ သင္ဇာ

ဆက္စီ Model တေယာက္ျဖစ္သလို ဆက္စီ အက်ဆံုး မင္းသမီး တေယာက္လည္း ျဖစ္တဲ့ သင္ဇာ၀င့္ေက်ာ္ ကေတာ့ လတ္တေလာ အနုပညာ ေလာကမွာ ပြဲတစ္ခု တက္ေရာက္ လာတိုင္း မရိုးနိုင္ေအာင္ မ်က္လံုးျပဴး သြားရမဲ့ ဖက္ရွင္ဆန္းေတြ ကိုပဲ ၀တ္ဆင္ေလ႕ရွိသူပါ ။

သူမ စိတ္ထဲ ရွိသလို လြတ္လြတ္ လပ္လပ္၊ ေပါ့ေပါ့ပါးပါး ေနထိုင္ တတ္ျပီး တျခား မိန္းကေလးေတြနဲ႕ မတူ တမူ ထူးျခားတာေလး တခုကေတာ့ သူၾကိဳက္နွစ္သက္မယ္၊ စိတ္ခ်မ္းသာမယ္ ဆိုရင္ ဘယ္သူမွ ထိခိုက္မဲ့ အလုပ္မ်ိဳး မဟုတ္တဲ့ ကိုယ္႕ဘဝကိုယ္ စိတ္ထဲရွိသလို ေနတတ္ျခင္းပဲ ျဖစ္ပါတယ္။

သုည အမွတ္ေလာက္ ေအးေနတဲ့ ေရခဲေတာင္ေပၚလို ေနရာမ်ိဳး ၊ လူအရမ္း မ်ားတတ္တဲ့ ကမ္းေျခလို ေနရာမ်ိဳး ၊ ေတြမွာ သူမကိုယ္ သူမ စိန္ေခၚတဲ့ အေနနဲ႕ အေပၚပို္င္း အက်ၤီ မပါပဲ ေက်ာေပးကာ ဓာတ္ပံုရိုက္ျပီး သူမရဲ႕ လူမွုကြန္ရက္ ကေန မွ်ေ၀လိုက္တာ မ်ိဳးတို႕ဟာ ျမန္မာႏိုင္ငံရဲ႕ ပရိသတ္ ေတြၾကားမွာ တခါမွ မၾကံဳဖူးေသး တာမို႕ ပြဲဆူခဲ့ရျပီး ေ၀ဖန္သူတခ်ို႕ နဲ႕ အားေပးသူ စသျဖင့္ ၾကံဳရစျမဲ ျဖစ္ပါတယ္။

လတ္တေလာ မွာေတာ့ သူမရဲ႕ ခါးေစာင္း နဲ႕ တင္ပါးအနီးမွာ အနီေရာင္ ႏွင္းဆီပြင့္ေတြ ပါဝင္တဲ့ တက္တူး အၾကီးစား တခု ထိုးလိုက္ျပီး ဒီတက္တူးကို ထိုးခဲ့တဲ့ အခါမွာလည္း အရိုးထဲ စိမ္႕ေအာင္ နာက်င္တဲ့ျပင္ ထိုးျပီးတဲ့ ေနာက္မွာလည္း ဖ်ားေတာင္ ဖ်ားသြားခဲ့ ရတယ္လို႕ဆိုပါတယ္ ။

“ ႏွင္းဆီက သင္ဇာအၾကိဳက္ဆံုး ေနာက္ အနီကလည္း သင္ဇာ အၾကိဳက္ဆံုး ဆိုေတာ့၊ အၾကံေလးရတုန္း ထိုးျဖစ္တာပါ။ ဒီတစ္ေခါက္ဟာ ေတာ္ေတာ္ နာတယ္။ အရိုးထဲက စိမ္႕ျပီနာတာ။ တစ္ခါတည္းေတာ့ ျပီးေအာင္ ထိုးလိုက္တယ္ ။ ေနာက္ထပ္ ထပ္ထိုးဖို႕လည္း ရွိေသတးယ္ ။

ပခံုးေပၚက တဖက္က အေဖ ေမြးေန႕၊ အေမ႕ေမြးေန႕။ တက္တူး ထိုးထားတဲ့ ေယာက်္ားေလးေတြ၊ မိန္းကေလး ေတြကို သေဘာက်တယ္ ။ “ လို႕ သူမရဲ႕ လြတ္လပ္ ပြင့္လင္းတဲ့ အျမင္ေလးေတြကို ပရိသတ္ၾကီး အတြက္ ခုလို မွ်ေ၀လိုက္ရ ပါတယ္ေနာ္ ။

source: myanmar Celebrity

Unicode

အရိုးထဲစိမ့်အောင် နာတယ် ဆိုတဲ့ သူမရဲ့ တင်ပါးနားက တက်တူးအကြောင်း ပြောပြတဲ့ သင်ဇာ

ဆက်စီ Model တယောက်ဖြစ်သလို ဆက်စီ အကျဆုံး မင်းသမီး တယောက်လည်း ဖြစ်တဲ့ သင်ဇာဝင့်ကျော် ကတော့ လတ်တလော အနုပညာ လောကမှာ ပွဲတစ်ခု တက်ရောက် လာတိုင်း မရိုးနိုင်အောင် မျက်လုံးပြူး သွားရမဲ့ ဖက်ရှင်ဆန်းတွေ ကိုပဲ ဝတ်ဆင်လေ့ရှိသူပါ ။

သူမ စိတ်ထဲ ရှိသလို လွတ်လွတ် လပ်လပ်၊ ပေါ့ပေါ့ပါးပါး နေထိုင် တတ်ပြီး တခြား မိန်းကလေးတွေနဲ့ မတူ တမူ ထူးခြားတာလေး တခုကတော့ သူကြိုက်နှစ်သက်မယ်၊ စိတ်ချမ်းသာမယ် ဆိုရင် ဘယ်သူမှ ထိခိုက်မဲ့ အလုပ်မျိုး မဟုတ်တဲ့ ကိုယ့်ဘဝကိုယ် စိတ်ထဲရှိသလို နေတတ်ခြင်းပဲ ဖြစ်ပါတယ်။

သုည အမှတ်လောက် အေးနေတဲ့ ရေခဲတောင်ပေါ်လို နေရာမျိုး ၊ လူအရမ်း များတတ်တဲ့ ကမ်းခြေလို နေရာမျိုး ၊ တွေမှာ သူမကိုယ် သူမ စိန်ခေါ်တဲ့ အနေနဲ့ အပေါ်ပိုင်း အင်္ကျီ မပါပဲ ကျောပေးကာ ဓာတ်ပုံရိုက်ပြီး သူမရဲ့ လူမှုကွန်ရက် ကနေ မျှဝေလိုက်တာ မျိုးတို့ဟာ မြန်မာနိုင်ငံရဲ့ ပရိသတ် တွေကြားမှာ တခါမှ မကြုံဖူးသေး တာမို့ ပွဲဆူခဲ့ရပြီး ဝေဖန်သူတချို့ နဲ့ အားပေးသူ စသဖြင့် ကြုံရစမြဲ ဖြစ်ပါတယ်။

လတ်တလော မှာတော့ သူမရဲ့ ခါးစောင်း နဲ့ တင်ပါးအနီးမှာ အနီရောင် နှင်းဆီပွင့်တွေ ပါဝင်တဲ့ တက်တူး အကြီးစား တခု ထိုးလိုက်ပြီး ဒီတက်တူးကို ထိုးခဲ့တဲ့ အခါမှာလည်း အရိုးထဲ စိမ့်အောင် နာကျင်တဲ့ပြင် ထိုးပြီးတဲ့ နောက်မှာလည်း ဖျားတောင် ဖျားသွားခဲ့ ရတယ်လို့ဆိုပါတယ် ။

“ နှင်းဆီက သင်ဇာအကြိုက်ဆုံး နောက် အနီကလည်း သင်ဇာ အကြိုက်ဆုံး ဆိုတော့၊ အကြံလေးရတုန်း ထိုးဖြစ်တာပါ။ ဒီတစ်ခေါက်ဟာ တော်တော် နာတယ်။ အရိုးထဲက စိမ့်ပြီနာတာ။ တစ်ခါတည်းတော့ ပြီးအောင် ထိုးလိုက်တယ် ။ နောက်ထပ် ထပ်ထိုးဖို့လည်း ရှိသေတးယ် ။

ပခုံးပေါ်က တဖက်က အဖေ မွေးနေ့၊ အမေ့မွေးနေ့။ တက်တူး ထိုးထားတဲ့ ယောကျ်ားလေးတွေ၊ မိန်းကလေး တွေကို သဘောကျတယ် ။ “ လို့ သူမရဲ့ လွတ်လပ် ပွင့်လင်းတဲ့ အမြင်လေးတွေကို ပရိသတ်ကြီး အတွက် ခုလို မျှဝေလိုက်ရ ပါတယ်နော် ။

source: myanmar Celebrity