မည္သူမွ ဆြမ္းဦး မကပ္ႏုိင္သည့္ စစ္ကိုင္းတုိင္းက ဆြမ္းဦးပုညရွင္ေစတီေတာ္

မည္သူမွ ဆြမ္းဦး မကပ္ႏုိင္သည့္ စစ္ကိုင္းတုိင္းက ဆြမ္းဦးပုညရွင္ေစတီေတာ္

ပင္းတယၿမိဳ႕ တစ္စီးရွင္ သီဟသူမင္းတရားႀကီးႏွင့္ ေနာင္အခါ စစ္ကိုင္းၿမိဳ႕တည္ အသခၤယာေစာယြန္းမင္းႀကီး၏ ေသနာပတိအမတ္ႀကီးျဖစ္သူ ဦးပုညက သကၠရာဇ္(674)ခုႏွစ္တြင္ ဤေစတီေတာ္ကို တည္သည္။ ပုညအမတ္ႀကီးက တည္ေသာေၾကာင့္ ပုညဘုရား ပုညေစတီဟု အစကနဦးက ေခၚၾကသည္။

မ်ားမၾကာမီ ဓာတ္ေတာ္ႏွစ္ဆူကို ခိုးယူမႈ အသိမေပးပဲ ဘုရားတည္မႈတို႕ေၾကာင့္ အသခၤယာေစာယြန္းမင္းႀကီးက ပုညအမတ္တို႕ကို စစ္ကိုင္းၿမိဳ႕တြင္ ေရခ်သတ္ေလသည္။ သို႔ေသာ္ အသက္မရွိသည့္ေရက အသက္ရွိသလိုျဖစ္ကာ ေရကေနာက္ဆုတ္ၿပီး ေဘးက၀န္းရံၿပီး ၿခံရံထားမႈေၾကာင့္ ေရမနစ္ပဲ ဦးပုညတို႕ အသက္ရွင္ၾကေလသည္။ ထိုအရပ္ကို ေရ၀န္းအရပ္ဟု ေခၚသည္။

အသခၤယာေစာယြန္းမင္းက ေရခ်သတ္ေသာ္လည္း ပုညအမတ္တို႕ မေသဘဲ ရွင္ၾကသျဖင့္ (ပုည ရွင္သတဲ့ ရွင္သတဲ့) ဆိုတဲ့စကားဟာ ၿမိဳ႕ထဲ အရပ္ထဲမွာ ေက်ာ္ၾကားသြားေလသည္။ ယင္းသို႔ ပုညရွင္ဆိုတဲ့ သတင္းကို ေက်ာ္ၾကားလာရာမွ ပုညရွင္ဘုရား ပုညရွင္ေစတီေတာ္ဟု ျဖစ္ေပၚလာသည္။

ေတာေစာင့္နတ္၊ ေတာင္ေစာင့္နတ္၊ သာသနာေတာ္ေစာင့္နတ္ တို႕က နံနက္အရုဏ္တက္တြင္ ဆြမ္းဦးကပ္လွဴေလ့ ရွိၾကသည္။ ထို႕အျပင္ ၀ါတြင္းသီတင္းစဥ္ ဘုရားပြဲေတာ္ႀကီးမ်ားတြင္ ပထမဆံုး ဆြမ္းဦးကြမ္းဦးပန္းဦး စသည္ အလွဴခံ ရသည္ ထိုသို႔ ဆြမ္းဦးကို အလွဴခံရေသာဘုရားျဖစ္ျခင္းေၾကာင့္ ဆြမ္းဦးပုညရွင္ဘုရား ဆြမ္းဦးပုညရွင္ေစတီေတာ္ဟု ေခၚတြင္လာၾကသည္။

ႏွစ္စဥ္ ၀ါဆိုလျပည့္ေန႕တိုင္းတြင္ ပ႒ာန္းရြတ္ဘာသ္ပူေဇာ္ပြဲ၊ သံဃဒါန ဆြမ္းေလာင္းပြဲႀကီးမ်ားႏွင့္ ယွဥ္တြဲၿပီး ဗုဒၶပူဇနိယ ဘုရားပြဲေတာ္ႀကီးကို စည္ကားသိုက္ၿမိဳက္စြာ ပူေဇာ္ၾကေလသည္။

Credit – Ko Tun Aung Kyaw (T.A.K)

Unicodeဖြင့်ဖတ်ရန်
★★★

မည်သူမှ ဆွမ်းဦး မကပ်နိုင်သည့် စစ်ကိုင်းတိုင်းက ဆွမ်းဦးပုညရှင်စေတီတော်

ပင်းတယမြို့ တစ်စီးရှင် သီဟသူမင်းတရားကြီးနှင့် နောင်အခါ စစ်ကိုင်းမြို့တည် အသင်္ခယာစောယွန်းမင်းကြီး၏ သေနာပတိအမတ်ကြီးဖြစ်သူ ဦးပုညက သက္ကရာဇ်(674)ခုနှစ်တွင် ဤစေတီတော်ကို တည်သည်။ ပုညအမတ်ကြီးက တည်သောကြောင့် ပုညဘုရား ပုညစေတီဟု အစကနဦးက ခေါ်ကြသည်။

များမကြာမီ ဓာတ်တော်နှစ်ဆူကို ခိုးယူမှု အသိမပေးပဲ ဘုရားတည်မှုတို့ကြောင့် အသင်္ခယာစောယွန်းမင်းကြီးက ပုညအမတ်တို့ကို စစ်ကိုင်းမြို့တွင် ရေချသတ်လေသည်။ သို့သော် အသက်မရှိသည့်ရေက အသက်ရှိသလိုဖြစ်ကာ ရေကနောက်ဆုတ်ပြီး ဘေးကဝန်းရံပြီး ခြံရံထားမှုကြောင့် ရေမနစ်ပဲ ဦးပုညတို့ အသက်ရှင်ကြလေသည်။ ထိုအရပ်ကို ရေဝန်းအရပ်ဟု ခေါ်သည်။

အသင်္ခယာစောယွန်းမင်းက ရေချသတ်သော်လည်း ပုညအမတ်တို့ မသေဘဲ ရှင်ကြသဖြင့် (ပုည ရှင်သတဲ့ ရှင်သတဲ့) ဆိုတဲ့စကားဟာ မြို့ထဲ အရပ်ထဲမှာ ကျော်ကြားသွားလေသည်။ ယင်းသို့ ပုညရှင်ဆိုတဲ့ သတင်းကို ကျော်ကြားလာရာမှ ပုညရှင်ဘုရား ပုညရှင်စေတီတော်ဟု ဖြစ်ပေါ်လာသည်။

တောစောင့်နတ်၊ တောင်စောင့်နတ်၊ သာသနာတော်စောင့်နတ် တို့က နံနက်အရုဏ်တက်တွင် ဆွမ်းဦးကပ်လှူလေ့ ရှိကြသည်။ ထို့အပြင် ဝါတွင်းသီတင်းစဉ် ဘုရားပွဲတော်ကြီးများတွင် ပထမဆုံး ဆွမ်းဦးကွမ်းဦးပန်းဦး စသည် အလှူခံ ရသည် ထိုသို့ ဆွမ်းဦးကို အလှူခံရသောဘုရားဖြစ်ခြင်းကြောင့် ဆွမ်းဦးပုညရှင်ဘုရား ဆွမ်းဦးပုညရှင်စေတီတော်ဟု ခေါ်တွင်လာကြသည်။

နှစ်စဉ် ဝါဆိုလပြည့်နေ့တိုင်းတွင် ပဋ္ဌာန်းရွတ်ဘာသ်ပူဇော်ပွဲ၊ သံဃဒါန ဆွမ်းလောင်းပွဲကြီးများနှင့် ယှဉ်တွဲပြီး ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ပူဇော်ကြလေသည်။

Credit – Ko Tun Aung Kyaw (T.A.K)