တိတ်တခိုး ချစ်ရတဲ့သူက အနုပညာလောကထဲကပါလို့ ရှက်စနိုးလေး ဝန်ခံလိုက်တဲ့ ကျော်ကျော်နန္ဒ

လတ်တလော လူမှုကွန်ယက်ပေါ်မှာ “ဆက်ပက်” ဆိုတဲ့ သင်္ကြန်သီချင်းလေးနဲ့ နာမည်ကြီးနေတဲ့ အဆိုတော် ကျော်ကျော်နန္ဒကတော့ တစ်မူထူးခြားတဲ့ ဖန်တီးမှုတွေနဲ့ ထိုးဖောက်လာသူတစ်ဦးမို့ အချိန်တိုအတွင်း ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အပြည့်အဝရရှိထားတာပါ။ လတ်တလောမှာတော့ ကျော်ကျော်နန္ဒက သူ့ရဲ့အချစ်ရေးအကြောင်းကို ထုတ်ပြောလာတာ တွေ့ရပါတယ်။ ကျော်ကျော်နန္ဒချစ်ရတဲ့သူက အနုပညာလောကထဲကလို့ ပြောတာမို့ ပရိသတ်တွေက ပိုပြီးတော့ စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် လက်ရှိ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ ကျော်ကျော်နန္ဒရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ကျော်ကျော်နန္ဒကတော့ ” အချစ်ရေးကတော့ ကိုယ်စိတ်ဝင်စားတဲ့သူကတော့ ရှိတာပေါ့နော် ကိုယ့်ကို စိတ်ဝင်စား မဝင်စားတော့ မသိဘူးပေါ့နော် ဒါပေမယ့် ကိုယ့်ရင်ထဲမှာပဲ ရှိတာ တစ်နေ့တစ်ချိန်တော့ ဖြစ်ပေါ်လာမှာပေါ့ ကိုယ်ချစ်ရတဲ့သူက အနုပညာလောကထဲကပါ” လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံသွားခဲ့တာပါ။

ကျော်ကျော်နန္ဒကတော့ လတ်တလောမှာ ရှေ့နေအလုပ်ကို ခဏနားထားပြီး အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတာ တွေ့ရပါတယ်။

ကျော်ကျော်နန္ဒရဲ့ဖက်ရှင်တွေကလည်း တစ်နေ့တစ်ခြား ဆန်းလာတာ တွေ့ရပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ဖွင့်ဟလာခဲ့တဲ့ ကျော်ကျော်နန္ဒရဲ့ဗီဒီယို

.

ကျော်ကျော်နန္ဒကတော့ အခုဆိုရင် အနုပညာသက်တမ်း ၁၀နှစ်ကျော်သွားပြီပဲ ဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ အနုပညာမောင်နှမတွေနဲ့ အနုပညာအလုပ်တွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာ တွေ့ရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တိတ်တခိုး ချစ်နေရတဲ့ ချစ်သူအကြောင်း ရှက်စဖွယ်လေး ဝန်ခံလာတဲ့ ကျော်ကျော်နန္ဒကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Momolay TV

Share From Lovely Myanmar