မောင်လေးတွေရဲ့ နှလုံးသားလမ်းကြောင်းကို တည့်မတ်အောင် သင်ကြားပေးမယ့် ဆရာမလေး နော်ဖောအယ်ထား





UNICODE

“Telenor Myanmar” နှင့် “Sunkist Myanmar” တို့မှာ Brand Ambassador အဖြစ် ခန့်အပ်ဂုဏ်ပြုခြင်းခံရတဲ့ မော်ဒယ်လ်သရုပ်ဆောင် နော်ဖောအယ်ထားဟာ အနုပညာအလုပ်တွေကို အစဉ်အမြဲလုပ်ကိုင်လျက်ရှိတာဖြစ်ပါတယ်…။ social media လောကတွင် ယောက်ျားလေး ပရိသတ် အများဆုံးရရှိထားပြီး ချစ်စရာအမူအရာလေးတွေနဲ့ သဘောကောင်းတဲ့ အတွက်ကြောင့်လည်း မိန်းကလေးပရိသတ်တွေကပါ ဝန်းရံအားပေးလျက်ရှိတာဖြစ်ပါတယ်….။ ခန္ဓာကိုယ်သွယ်လျပြီး ကယန်း တိုင်းရင်းသူလေးဖြစ်တဲ့ နော်ဖောအယ်ထားဟာ စိတ်ထားဖြူစင်သူ သမီးအလိမ္မာလေးတစ်ယောက်လည်းဖြစ်ပါတယ်….။

နော်ဖောအယ်ထားရဲ့ အနုပညာလှုပ်ရှားမှုတွေ ဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ကြော်ငြာမဂ္ဂဇင်းတွေလည်း လက်ခံရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်…။ သရုပ်ဆောင်ဇာတ်ကားတွေမှာလည်း ဇာတ်ရုပ်ပိုင်နိုင်စွာ သဘာဝကျကျ ပါဝင်သရုပ်ဆောင်ခဲ့တာကိုမြင်တွေ့ရမှာပါ…။ ခရီးသွား ဝါသနာပါသူဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ပျော်ရွင်စွာ ရိုက်ကူးခဲ့တဲ့ အမှတ်တရ ပုံရိပ်တွေကိုလည်း ရှုစားကြရမှာပါ…။ ပရိသတ်တွေ အတွက် အနုပညာအလုပ်တွေ ကြိုးစားလုပ်ကိုင်ရင်း ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာဖြစ်ပါတယ်…။

နော်ဖောအယ်ထားဟာ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာကို မြင်တွေ့ရမှာပါ…။ အခုတစ်ခါမှာဆိုရင်လည်း ကျောင်းစိမ်းဝတ်စုံ လေးဝတ်ပြီး ရိုက်ကွင်းပေါ်က အလှပုံရိပ်လေးတွေကို “လွမ်းမောဖွယ်ရာ ကျောင်းသူဘဝလေး (ခုတော့ဆရာမအရွယ်တောင်ရောက်ပေါ့)” ဆိုတဲ့ status လေးနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source Naw Phaw Eh Htar,CRD-Myanmar load

Share From Global Myanmar Media