ဗုဒၶဟူး
( For Zawgyi )
( For Unicode )
ဗုဒ္ဓဟူး သားသမီးများအတွက် (၁) နှစ်စာ ဟောစာတမ်း(၂၀၁၉)
သင်သည် ယခုနှစ်အတွင်း သင်တန်းတစ်ခုခု တက်ရခြင်း အဖွဲအစည်း တစ်ခုအတွင်း ဝင်ရောက်ရခြင်းများ ကြုံရတတ်၏ ။ နားချိန် မရလောက်အောင် အလုပ်ရှုပ်နေလိမ့်မည် ။ လွန်စွာ ပင်ပန်းလိမ့်မည် ။ကျန်းမာရေး ဂရုစိုက်သင့်သော ကာလဖြစ်သည် ။ မည်သည့် အစားအသောက်ပဲ စားစား အရသာမရှိ ဘဲ ဖြစ်နေတတ်၏…
ဤကာလတွင် အမွေရခြင်း (သို့) အမွေကဲ့သို့သော အမွေများ ပစ္စည်းများ ရခြင်း ကြုံရတက်၏ ။ ဤကာလအတွင်း လက်ခံလိုက်လျှင် အလဟသ ကုန်သွားတက်၏ ။ အထက်လူကြီး ကြီးကဲသူတို့က ကူညီမစ လိမ့်မည် ။ ဘာသာရေးနှင့် ပတ်သက်သော ပုံတော်များ ဝင်လာလိမ့်မည် ။ ပဉ္ဇင်းခံရတတ်ခြင်း ၊ သီလရှင် ဝတ်ရခြင်းများ ကြုံရတတ်၏…
အလုပ်တွင် မပျော်ပိုက်ဘဲ ဖြစ်နေတတ်၏ ။ ပြောင်းရန် စိတ်မကူးပါနှင့်ဦး ။ ပြောင်းလျှင်လဲ အဆင်မပြေနိုင်ပါ ။ ငွေဆုံးခြင်း ပျောက်ခြင်းများ ကြုံရတက်၏ ။ သူခိုး ခိုးခံရတတ်၏ ။ ရှိသော ပစ္စည်းများကို ထုခွဲရောင်းချ၍ ငွေအကုန်အကျ များတတ်၏ ။ ပြဿနာဟောင်းများ ရောဂါဟောင်းများ ပြန်ပေါ်ပေါက်တက်၏ ။ ဆွေမျိုးသားချင်းထဲမှ နာရေး ကြုံရတတ်၏…
အိမ်တွင် ကိုယ်ဝန်ဆောင်ရှိက ဆေးရုံသို့ ပို့ပါ ။ အိမ်၌ မီးဖွားလျျှင် အဆင်မပြေ ဖြစ်တတ်၏ ။ အိမ်ထောင်ရေး အဆင်မပြေမှုများ တန်းစီနေတတ်၏ ။ အလှူရက် မင်္ဂလာရက် ရက်ရွှေခြင်း ကြုံရတတ်၏ ။လူငယ် လူရွယ်များ မိန်းမခိုးခြင်း ယောကျ်ား နောက်လိုက်ခြင်းများလုပ်လျှင် ဆွေပျက် မျိုးပျက် ဖြစ်ကုန်တတ်သော ကာလဖြစ်ပါသည်…
နိုင်ငံရပ်ခြားနှင့် ဆက်သွယ်သော ကိစ္စများ လူမျိုးခြားနှင့်တွဲပီး လုပ်ရသော အလုပ်များ အောင်မြင်လိမ့်မည် ၊ သွေးအားနည်းခြင်း ၊ စိတ်ဓာတ်ကျခြင်း ၊ ခြေထောက် ၊ ခါး ၊ ကျန်းမာရေး ညံ့ခြင်းများ ကြုံရတတ်၏ ။ မကောင်းသော အတတ်များနှင့် နှောက်ယှက်ခြင်း ခံရတတ်၏ ။ ရွှေဝင်ခြင်း ထွက်နေသော ရတနာပစ္စည်းများ ပြန်ဝင်ခြင်းများ ကြုံရမည် ။ ရောဂါ ဖြစ်တတ်၏ ။ စိတ်ထောင်း ကိုယ်ကျေ ဖြစ်နေလိမ့်မည်…
” ယတြာ ”=== တန်ခိုးကြီးဘုရားတွင် ထီးဖြူကြီး လှူရင်း လိုရာဆုတောင်းပါ ။ ကံကော်ညွန့် ၊ သပြေညွန့် ၊ ခြေရင်း ထားအိပ်၍ ရေမျောပါ.. .. ..
CRD – ဆရာသူရိဇ ဗေဒင်နှင့်လက္ခဏာ