သင်္ကြန်အတွက် စုံတွဲပုံလေးတွေရိုက်နေရင်း အချင်းချင်းမျက်နှာပြောင်နေကြတဲ့ မင်းမျိုးနွယ်နဲ့ မိန်းမချော

ပရိသတ်ကြီးရေ ကျွန်မက မဟေသီ ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေကြားရေပန်းစားလာတဲ့ မင်းသမီးချောလေး သံသာမိုးသိမ့်ကတော့ အနုပညာရူးသွပ်သူဖြစ်လို့ ဘယ်လိုဇာတ်ရုပ်မျိုးကိုမဆို ပီပြင်ပိုင်နိုင်တဲ့ အိုင်တင်တွေနဲ့ သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေကို ဇာတ်ကားထဲမျောပါသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ အနုပညာမျိုးစက်သစ်တစ်ယောက်ဖြစ်ပါတယ်။သံသာမိုးသိမ့်ရဲ့ အနုပညာကို အရည်အချင်းကို ပရိသတ်တွေက ချီးကျူးကြပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားပါတယ်နော်။

Mrtv 4 က ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသားချော အောင်ရေချမ်းကတော့ ပျိုမဒီလေးတွေအသည်းစွဲဖြစ်ရတဲ့ ခန့်ညားတဲ့ မင်းသားတစ်လက်ပဲဖြစ်ပါတယ်။အောင်ရေချမ်းက တက်သစ်စအနုပညာရှင်တစ်ယောက်ဆိုပေမယ့် သူ့ရဲ့ အိုင်တင်တွေကတော့ ပရိသတ်တွေ အံ့သြမှင်သက်ရလောက်တဲ့အထိ သရုပ်ဆောင်စွမ်းရည်တွေရှိပါတယ်။အခုဆိုရင်လည်း ကျွန်မကမဟေသီ ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသားအဖြစ် ပိုင်နိုင်တိကျတဲ့ အိုင်တင်တွေနဲ့ ပရိသတ်တွေကို ဆွဲညို့ထားနိုင်ပါတယ်။

အနုပညာမောင်နှမတွေဟာဆိုရင် ဇာတ်ကားတစ်ကားရဲ့ ဇာတ်ရုပ်အလိုက်သာ ပြောင်းလဲသရုပ်ဆောင်နေရပေမယ့် အပြင်လောကမှာတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ခင်ကြပြီး စည်းလုံးကြကာ အချင်းချင်းဖေးမကူညီကြတဲ့ အနုပညာမောင်နှမတွေဖြစ်ပါတယ်။အခုဆိုရင်လည်း အောင်ရေချမ်းနဲ့ သံသာမိုးသိမ့်တို့က သင်္ကြန်အကြိုအတွက် စုံတွဲပုံလေးတွေ ရိုက်ကူးနေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

credit – myanmarload

Share From Lucky Myanmar