လူမင်းရဲ့ ချစ်ဇနီးလေးအတွက် တန်ဖိုးကြီး လက်ဝတ်ရတနာကို လက်ဆောင်ပေးခဲ့တဲ့ ကိုခန့် မခိုင်လေး မခိုင်ကြီး

ပရိသတ်ကြီးရေ အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ လူမင်းကတော့ အနုပညာအလုပ်တွေကို တစ်ခေတ်တစ်ခါတည်းက လုပ်ကိုင်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပြီး ယခုချိန်ထိ ကြိုးစားနေတာဖြစ်လို့ ဝါရင့်အနုပညာရှင်တစ်ယောက်လို့ ဆိုလို့ရနေပါပြီနော်။လူမင်းရဲ့ တမူထူးခြားတဲ့ အိုင်တင်သရုပ်ဆောင်ချက်တွေကလည်း ပရိသတ်ကို ဆွဲဆောင်နိုင်တာဖြစ်လို့ သူ့ရဲ့ ဇာတ်ကားတွေကို ဆိုရင်လည်း ပရိသတ်တွေက တစ်ခဲနက်အားပေးကြပါတယ်။

လူမင်းက သာယာပျော်ရွှင်ချမ်းမြေ့ရတဲ့ မိသားစုဝလေးကို ပိုင်ဆိုင်ထားပြီး မိသားစုအပေါ် တာဝန်ကျေပြွန်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဖြစ်ပါတယ်။ချစ်ဇနီးလေး ခင်စံပယ်ဦးကလည်း ခင်ပွန်းဖြစ်သူအပေါ် ဂရုစိုက်စောင့်ရှောက်ပြီး လိုလေသေးမရှိ လုပ်ဆောင်ပေးတဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်တဲ့အပြင် သားနဲ့သမီးအပေါ်ကိုလည်း နွေးထွေးစွာ ဂရုစိုက်ပေးတဲ့ မိခင်ကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။

ခင်စံပယ်ဦးက စိတ်ထားလေးကောင်းပြီး ဖြူစင်အေးချမ်းတဲ့သူတစ်ယောက်ဖြစ်လို့ လူချစ်လူခင်ပေါများကာ အပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေကလည်း သူမကို ခင်မင်ရင်းနှီးကြပါတယ်။အခုဆိုရင်တော့ မခိုင်လေး ကိုခန့် မခိုင်ကြီး တို့ တည်ထောင်ထားတဲ့ ခသုံးလုံး မိသားစုက လူမင်းရဲ့ ချစ်ဇနီးလေး ခင်စံပယ်ဦးအတွက် တန်ဖိုးကြီး လက်ဝတ်ရတနာတစ်ခုကို အမှတ်တရလက်ဆောင်အနေနဲ့ ပေးခဲ့ပါတယ်နော်။

credit – myanmarload

Share From Lucky Myanmar