သင်္ကြန်နှစ်ကူးအကြိုအနေနဲ့ မုန့်လုံးရေပေါ်တွေလုံးကူပြီး ရေသေနတ်တွေနဲ့ ဆော့နေကြတဲ့ ဖစ်ဖစ်နဲ့ချစ်ချစ်

ပရိသတ်ကြီးရေ အသံပါဝါအားကောင်းကောင်းနဲ့ ဘယ်တောမှ မရိုးနိုင်တဲ့ တေးသီချင်းလေးတွေကို သီဆိုတဲ့ အဆိုတော်အာဇာနည်ကတော့

အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။အခုချိန်ထိလည်း အာဇာနည်ရဲ့ သီချင်းတွေက

ပရိသတ်တွေ ကြိုက်နှစ်သက်နေဆဲဖြစ်ပြီး တေးသီချင်းအသစ်တွေကိုလည်း ပရိသတ်အတွက် အမြဲတမ်းကြိုးစားပေးနေတာပဲဖြစ်ပါတယ်။

အာဇာနည်က ချစ်စရာကောင်းပြီး သာယာချမ်းမြေ့တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး ချစ်ရတဲ့ ဇနီးရယ် သားလေးနှစ်ယောက်ရယ်နဲ့အတူ

အေးချမ်းတည်ငြိမ်စွာ ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။အာဇာနည်ရဲ့ သားကြီးလေး ဖစ်ဖစ်တုန်ကလည်း တော်ပြီးထက်မြတ်တဲ့ ကလေးလေးဖြစ်သလို သားငယ်လေး

ချစ်ချစ်တုန်လေးကလည်း မြင်သူတကာ ချစ်ချင်ရလောက်အောင် ချစ်စမွှေးပါတဲ့ အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးဖြစ်ပါတယ်။

ညီအစ်ကိုနှစ်ယောက်ကို တစ်ယောက်ကိုတစ်ယောက်အရမ်းချစ်ကြပြီး ဖစ်ဖစ်လေးကလည်း ညီလေးကို ဦးစားပေးပြီး အကိုကြီးပီသစွာ

နေထိုင်တတ်ပါတယ်နော်။အခုဆိုရင်တော့ အာဇာနည်တို့မိသားစုက သင်္ကြန်ရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ မုန့်လုံးရေပေါ်ကို နှစ်ကူးအကြိုအနေနဲ့ ပျော်ရွှင်စွာ

ပြုလုပ်နေကြပြီး ဖစ်ဖစ်နဲ့ချစ်ချစ် တို့ကလည်း ရေကစားနေကြတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Source:Phit Phit Chit Chit