မွေးရပ်မြေမာန်အောင်မြို့ကရန်ပုံငွေပွဲလေးမှာ ချစ်ပရိသတ်တွေကို အားပါးတရသီဆိုနေတဲ့ နှင်းဆီအဖွဲ့သားတွေ

မြန်မာနိုင်ငံရဲ့ လူကြိုက်အများဆုံး မင်းသားစာရင်းမှာ နံပါတ်တစ်နေရာကနေပါဝင်တဲ့ နေတိုးက အမာခံပရိသတ် မြောက်များစွာ ရရှိထားသူ ဖြစ်ပါတယ်။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာ ရိုက်ကူးအောင်မြင်နေတဲ့နေတိုးက အနုပညာလောကမှာ ထွန်းလင်းတောက်ပနေတဲ့ ကြယ်ပွင့်တစ်ပွင့်လဲဖြစ်ပါတယ်။

နေတိုးကတော့ ညီလေးမင်းသွေးနဲ့အတူတူတည်ထားတဲ့ ကြေးသွန်းဘုရားဟာ ထီးတင်ပြီး ရေစက်ချဖို့ရှိတာကြောင့် ယခုမှာ မွေးရပ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့လေးကို ရောက်ရှိနေကြပါတယ်။ နေတိုးနဲ့ အနပညာရှင်မောင်နမတွေ အတူ လိုက်လာခဲ့သလို မိသားစုလို ချစ်ခင်ရတဲ့ နှင်းဆီအဖွဲ့သားတွေလဲ အတူလိုက်လာခဲ့ပါတယ်။

ယနေ့မှာတော့ နှင်းဆီအဖွဲ့သားတွေဟာ မာန်အောင်မြို့ သံကျောက်တောင်ရှိ”မဟာဇေယျသိဒ္ဓိ မဟာမုနိ ရှင်တော်မြတ်ဘုရား”လမ်းတံတားဖောက်လုပ် ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေပွဲမှာ ပရိသတ်တွေကို အားပါးတရသီဆိုဖျော်ဖြေနေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် နှင်းဆီအဖွဲ့သားတွေရဲ့ ချစ်စရာပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

source: နှင်းဆီရင်ခွင် လူမှုကူညီရေးဖောင်ဒေးရှင်း

crd- myanmarload