အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတွေကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ရဲ့အိမ်ဂေဟာလေးကတော့ အမြဲလိုလို ရယ်မောသံတွေနဲ့ ဆူညံနေရတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေချစ်သုဝေက သီချင်းသွားဆိုခါနီး သမီးလေးနှစ်ယောက်ကို မေးနေတဲ့ ချစ်စရာ ဗီဒီယိုလေးကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ သီချင်းသွားမဆိုခိုင်းတဲ့သူနဲ့ သွားဆိုလို့ ပြောတဲ့သူနဲ့မို့ မေမေချစ်သုဝေတစ်ယောက် တော်တော်လေးသဘောကျနေကြတာပါ။
ချစ်ပရိသတ်တွေအတွက် မေမေချစ်သုဝေကိုချွဲနေကြတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
မေမေ ထရီဇာကတော့ “Khit lay vs Thit lay” ဆိုပြီး သီချင်းသွားဆိုခါနီး ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ အမြင်ကိုမေးနေတဲ့ အသည်းယားဖွယ် ဗီဒီယိုလေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
မေမေသီချင်းသွားမဆိုနဲ့ လို့ မပီ့တပီလေးပြောနေတဲ့ ခေတ်လေးရဲ့ ဗီဒီယို
မေမေသီချင်းသွားဆိုရင် ပေါင်မုန့်ဝယ်ခဲ့လို့ ချစ်စဖွယ်လေး ပူဆာနေတဲ့ သစ်လေးရဲ့ ဗီဒီယို
အိမ်ထောင်သက်တမ်း ၅နှစ်ကျော်ရှိသွားပြီဖြစ်တဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ တစ်နေ့တစ်ခြား ပိုပိုတိုးလာတဲ့ သံယောဇဉ်တွေနဲ့အတူ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ဖန်တီးပုံဖော်ထားကြတာပါ။ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ဦးကတော့ သမီးလေးတွေရဲ့နာမည်နဲ့လည်း ငွေကြေးမတတ်နိုင်တဲ့ ကလးငယ်တွေရဲ့ကျန်းမာရေးအတွက် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ထားပါသေးတယ်နော်။ ချစ်ပရိသတ်တွေလည်း အမေကို အရမ်းသိနေပြီဖြစ်တဲ့ ခေတ်နဲ့ သစ်လေးတို့ကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source : momolay
Share From swelsonenews