
(Zawgyi)
ခႏၲာကိုယ္ေပၚက အသားပိုေတြ ဖယ္ရွားနည္း
ခႏၲာကိုယ္အေရးျပားေပၚမွာ ေသးငယ္ၿပီး ေပ်ာ့အိတဲ့ အသားဖုေလးေတြ ထြက္ေပၚလာျခင္းကို အသားပိုလို႔ေခၚၿပီး ဒီအသားပိုေလးေတြကဟာ နာက်င္ေရာင္ရမ္းမႈ မရွိဘူးဆိုရင္ေတာ့ အႏၲရာယ္ မရွိပါဘူး။
ေသးငယ္တဲ့အသားပိုေလးေတြဟာ ခႏၲာကိုယ္ေနရာအႏွံ႔မွာ ထြက္ေလ့ရွိၿပီး တခ်ိဳ႕ အသားပိုဖုေတြေၾကာင့္ စိတ္အေႏွာက္ယွက္ ျဖစ္ရတာလည္းရွိပါတယ္။
(၁) က်န္းမာေရးအတြက္ေရာ အလွအပေရးရာအတြက္ပါ ပန္းသီးရွာလကာရွည္ဟာ အသားပိုေတြကိုဖယ္ရွာတဲ့ေနရာမွာလည္း အသုံးတည့္လွပါတယ္။ ပန္းသီးရွာလကာရွည္ အနည္းငယ္ကို ဂြမ္းစေလးနဲ႔ သုတ္ၿပီး အသားပို ျဖစ္ေပၚတဲ့ေနရာမွာ ကပ္ထားေပးပါ။ အခ်ိန္အနည္းငယ္ၾကာရင္ ဂြမ္းစေလးအေပၚကေန ပလာစတစ္ ကပ္ခြာကပ္ထားေပးျခင္းျဖင့္ ပုံမွန္ျပဳလုပ္ေပးမယ္ဆိုရင္ ေနာက္ပိုင္းသူ႔အလိုလို ေႂကြက်သြားမွာလည္းျဖစ္ပါတယ္။
(၂) သံပုရာရွည္ အနည္းငယ္ကို အသားပို ေနရာေပၚမွာ တစ္ေန႔ ႏွစ္ႀကိမ္ခန႔္ ပုံမွန္သုတ္လိမ္းေပးျခင္းအားျဖင့္ သံပုရာရွည္မွာ ပါဝင္တဲ့ Citric Acid ေၾကာင့္ ႏွစ္ပတ္အၾကာမွာ သူ႔အလိုလို ေျခာက္ၿပီး ကြာက်သြားတာကို ေတြ႕ျမင္ရမွာလည္းျဖစ္ပါတယ္။
(၃) ရွားေစာင္းလက္ပတ္ပင္ကရတဲ့ ရွားေစာင္းလက္ပတ္ ဂ်ယ္လ္အနည္းငယ္ကို အသားပိုေနရာမွာ တေန႔ႏွစ္ႀကိမ္ခန႔္ ပုံမွန္ ပြတ္လိမ္းေပး႐ုံနဲ႔ သိသာထူးျခားတဲ့ရလဒ္ကို ပိုင္ဆိုင္ႏိုင္မွာလည္းျဖစ္ပါတယ္။
(၄) ၾကက္သြန္ျဖဴကို ေထာင္းၿပီး ရလာတဲ့ ၾကက္သြန္ျဖဴသတၱဳရည္ကို အသားဖုေပၚ သုတ္လိမ္းေပးၿပီးေျခာက္သြားအခါ ေရခပ္ေႏြးေႏြးနဲ႔ ျပန္လည္ေဆးေၾကာေပးပါ။ ဒီနည္းလမ္းအတိုင္း ေန႔စဥ္ပုံမွန္ ျပဳလုပ္ေပးျခင္းျဖင့္ ေနာက္ပိုင္းတြင္ ေပ်ာက္ကင္းသြားမွာလည္းျဖစ္ပါတယ္။
(၅) ညအိပ္ယာဝင္ကာနီးတိုင္း ဌက္ေပ်ာခြံရဲ႕ အတြင္းသားကို အသားပိုေနရာေပၚမွာဖုံးအုပ္ၿပီး အိပ္စက္ေပးျခင္းအားျဖင့္ အသားပို အ႐ြယ္အစားေပၚမူတည္ၿပီး ေပ်ာက္ကင္းသြားတာကို ေတြ႕ျမင္ရမွာလည္းျဖစ္ပါတယ္။
Source – ဧရာဝတီ
Via: Health Products Directory
ခန္တာကိုယ်ပေါ်က အသားပိုတွေ ဖယ်ရှားနည်း
ခန္တာကိုယ်အရေးပြားပေါ်မှာ သေးငယ်ပြီး ပျော့အိတဲ့ အသားဖုလေးတွေ ထွက်ပေါ်လာခြင်းကို အသားပိုလို့ခေါ်ပြီး ဒီအသားပိုလေးတွေကဟာ နာကျင်ရောင်ရမ်းမှု မရှိဘူးဆိုရင်တော့ အန္တရာယ်မရှိပါဘူး။
သေးငယ်တဲ့အသားပိုလေးတွေဟာ ခန္တာကိုယ်နေရာအနှံ့မှာ ထွက်လေ့ရှိပြီး တချို့ အသားပိုဖုတွေကြောင့် စိတ်အနှောက်ယှက် ဖြစ်ရတာလည်းရှိပါတယ်။
(၁) ကျန်းမာရေးအတွက်ရော အလှအပရေးရာအတွက်ပါ ပန်းသီးရှာလကာရှည်ဟာ အသားပိုတွေကိုဖယ်ရှာတဲ့နေရာမှာလည်း အသုံးတည့်လှပါတယ်။ ပန်းသီးရှာလကာရှည် အနည်းငယ်ကို ဂွမ်းစလေးနဲ့ သုတ်ပြီး အသားပို ဖြစ်ပေါ်တဲ့နေရာမှာ ကပ်ထားပေးပါ။ အချိန်အနည်းငယ်ကြာရင် ဂွမ်းစလေးအပေါ်ကနေ ပလာစတစ် ကပ်ခွာကပ်ထားပေးခြင်းဖြင့် ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင် နောက်ပိုင်းသူ့အလိုလို ကြွေကျသွားမှာလည်းဖြစ်ပါတယ်။
(၂) သံပုရာရှည် အနည်းငယ်ကို အသားပို နေရာပေါ်မှာ တစ်နေ့ နှစ်ကြိမ်ခန့် ပုံမှန်သုတ်လိမ်းပေးခြင်းအားဖြင့် သံပုရာရှည်မှာ ပါဝင်တဲ့ Citric Acid ကြောင့် နှစ်ပတ်အကြာမှာ သူ့အလိုလို ခြောက်ပြီး ကွာကျသွားတာကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။
(၃) ရှားစောင်းလက်ပတ်ပင်ကရတဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်အနည်းငယ်ကို အသားပိုနေရာမှာ တနေ့နှစ်ကြိမ်ခန့် ပုံမှန် ပွတ်လိမ်းပေးရုံနဲ့ သိသာထူးခြားတဲ့ရလဒ်ကို ပိုင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။
(၄) ကြက်သွန်ဖြူကို ထောင်းပြီး ရလာတဲ့ ကြက်သွန်ဖြူသတ္တုရည်ကို အသားဖုပေါ် သုတ်လိမ်းပေးပြီးခြောက်သွားအခါ ရေခပ်နွေးနွေးနဲ့ ပြန်လည်ဆေးကြောပေးပါ။ ဒီနည်းလမ်းအတိုင်း နေ့စဉ်ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် နောက်ပိုင်းတွင် ပျောက်ကင်းသွားမှာလည်းဖြစ်ပါတယ်။
(၅) ညအိပ်ယာဝင်ကာနီးတိုင်း ဌက်ပျောခွံရဲ့ အတွင်းသားကို အသားပိုနေရာပေါ်မှာဖုံးအုပ်ပြီး အိပ်စက်ပေးခြင်းအားဖြင့် အသားပို အရွယ်အစားပေါ်မူတည်ပြီး ပျောက်ကင်းသွားတာကို တွေ့မြင်ရမှာလည်းဖြစ်ပါတယ်။
Source – ဧရာဝတီ
Via: Health Products Directory