ထွန်းထွန်းသီချင်းဆိုနေတာကို အနောက်ကနေ အားရပါးရ လိုက်ဆိုနေတဲ့ နေတိုးနဲ့မင်းမော်ကွန်းရဲ့ ဗီဒီယို

ပြီးခဲ့တဲ့ သင်္ကြန်လေးရက်တာ ကာလမှာတော့ နေတိုးတို့နှင်းဆီအဖွဲ့သားတွေက နေပြည်တော်မှာရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ နှင်းဆီအဖွဲ့သားတွေအားလုံးက နေပြည်တော်မှာရှိတဲ့ ”Skynet” မဏ္ဍပ်မှာ လူစုံတက်စုံနဲ့ ပါဝင်ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ နေတိုး၊မင်းမော်ကွန်း၊ကျော်ကျော်ဗိုလ်၊ထွန်းထွန်း၊မိုးယုစံနဲ့ မအေးသောင်းတို့က ပျော်ပျော်ပါးပါး ဖျော်ဖြေပေးခဲ့တာပဲ ဖြစ်ပါတယ်။

သင်္ကြန်နောက်ဆုံးနေ့မှာတော့ သူတို့အဖွဲ့သားတွေအားလုံးက ပရိသတ်တွေကို သီချင်းတွေနဲ့ဖျော်ဖြေပေးရုံသာမက ကိုယ်တိုင်ရေပက်ပြီး သင်္ကြန်ပွဲတော်ကြီးကို ပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့

နေတိုးတို့အဖွဲ့ရဲ့ပုံရိပ်လေးတွေကတော့ ပရိသတ်တွေကိုတောင် အပျော်တွေကူးစက်စေခဲ့ပါတယ်။ အခုလည်း နှင်းဆီအဖွဲ့က ထွန်းထွန်းရဲ့ဖျော်ဖြေမှုနောက်ကွယ်မှာ သီချင်းဆိုပြီး ပံ့ပိုးပေးနေတဲ့ နေတိုးနဲ့ မင်းမော်ကွန်းရဲ့ ဗီဒီယိုလေးကို တင်ပေးထားပါတယ်။

မဏ္ဍပ်ပေါ်မှာ ပရိသတ်တွေကို သီချင်းတွေသီဆိုဖျော်ဖြေပေးနေတဲ့ ထွန်းထွန်းရဲ့အနောက်ကနေ နေတိုးနဲ့ မင်းမော်ကွန်းက သီချင်းလိုက်ဆိုနေခဲ့တာ

ဖြစ်ပါတယ်။ အနောက်ကနေ တစ်ယောက်တစ်လှည့် သီချင်းတွေဆိုနေတဲ့ နေတိုးနဲ့မင်းမော်ကွန်းရဲ့ ဗီဒီယိုလေးကတော့ တကယ့်ကို ချစ်စရာကောင်းလှပါတယ်။ ကဲ

ချစ်ပရိသတ်တွေအတွက် ထွန်းထွန်းရဲ့အနောက်ကနေ သီချင်းတွေလိုက်ဆိုနေတဲ့ နေတိုးနဲ့ မင်းမော်ကွန်းရဲ့ ဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

ထွန်းထွန်း ကို ပံ့ပိုးကြသည်။