You are here
Home > အနုပညာ > ကွန်လွန်သွားပြီဖြစ်တဲ့ မောင်လေး ဂျွန်ဂိုအတွက် ရည်စူးပြီး အလှူတွေလုပ်ပေးခဲ့တဲ့ အစ်မဖြစ်သူ မြသင်းခြယ်

ကွန်လွန်သွားပြီဖြစ်တဲ့ မောင်လေး ဂျွန်ဂိုအတွက် ရည်စူးပြီး အလှူတွေလုပ်ပေးခဲ့တဲ့ အစ်မဖြစ်သူ မြသင်းခြယ်

ပရိသတ်တွေအရမ်းသဘောကျကြတဲ့ အက်ရှင်မင်းသားတစ်ဦးဖြစ်တဲ့ ဂျွန်ဂိုကတော့ ချစ်ရတဲ့ ပရိသတ်တွေကိုရော မိသားစုဝင်တွေကိုပါ စွန့်ခွာသွားခဲ့တာ အခုဆိုဆိုရင် ၅ နှစ်နီးပါးလောက် ရှိသွားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဂျွန်ဂိုရဲ့အမဖြစ်သူ မြသင်းခြယ်ကတော့ အမြဲလိုလို မောင်လေး ဂျွန်ဂိုအတွက် အလှူအတန်းတွေ ပြုလုပ်ပေးလေ့ရှိတာ တွေ့ရပါတယ်။ လတ်တလောမှာလည်း မြသင်းခြယ်က မောင်လေးကို သတိတရနဲ့ အလှူတွေ လုပ်ပေးခဲ့တဲ့အပြင် ဂျွန်ဂို သိပ်ချစ်တဲ့ ခွေးလေးတွေကိုလည်း အစာကျွေးပြီး လှူခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် ချစ်ရတဲ့မောင်လေးအတွက် ကုသိုလ်ပြုပေးနေတဲ့ မြသင်းခြယ်ရဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မြသင်းခြယ်ကတော့ “သူရှိစဉ်​က သူအမြဲသွားလှူခဲ့တဲ့ ဆု​တောင်းပြည့်​ပရဟိတ​ကျောင်းတိုက်​မှာ သူ့ကိုယ်​စားသူ့အတွက်​ရည်​စူးပြီးဆန်​(၁၀)အိတ်​ သင်္ကန်း နဲ့ဝထ္ထု​ငွေ တို့သွားလှူခဲ့တယ်​ သူသိပ်​ချစ်​သိပ်​သံ​ယောဇဉ်​ဖြစ်​တဲ့က​လေး​​တွေနဲ့သူသိပ်​ချစ်​တဲ့​ခွေး​လေး​တွေကိုလဲ သူ့ကိုယ်​စား​ကျွေးလှူခဲ့တယ်​ သူဆို​သော တဦးထဲ​သောချစ်​ရတဲ့​မောင်​​လေး ဂျွန်​ဂို​ရေ ​ရောက်​ရာဘုံဘဝမှသိနိုင်​မြင်​ကြားနိုင်​ပါ​စေ​နော်” ဆိုပြီး မောင်လေးအတွက် ကောင်းမှုကုသိုလ်တွေ လုပ်ပေးခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ တင်ထားတာပါ။

မကြာခဏဆိုသလို မောင်လေးကို သတိတရနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးနေတဲ့ မြသင်းခြယ်ကတော့ တကယ့်ကို အမကြီး ပီသပါပေတယ်နော်။

ဂျွန်ဂိုရဲ့အမိုက်စားအက်ရှင်ကားတွေကို ပရိသတ်တွေက အရမ်းနှစ်ခြိုက်ခဲ့ကြတာပါနော်။ ကွယ်လွန်သွားခဲ့တာ ၅ နှစ်တိတိပြည့်သွားပြီဖြစ်ပေမယ့် ပရိသတ်ရင်ထဲမှာ ရှင်သန်နေဆဲဖြစ်တဲ့ ဂျွန်ဂိုကတော့ အေးချမ်းတဲ့နေရာမှာ ရောက်ရှိနေလောက်ပါပြီ။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဂျွန်ဂိုတစ်ယောက် ကောင်းရာဘုံဘဝမှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ကြပါဦးနော်။ credit-momolay

Share From Lucky Myanmar

Top
//intorterraon.com/4/3018672