မေမြို့မှာ သရဲအခြောက်ခံလိုက်ရတဲ့ အကြောင်းပြောလာတဲ့ ဟိန်းဝေယံ

ပရိသတ်တွေရဲ့ အချစ်တော် မင်းသား၊ စကားသံခပ်ဝဲဝဲနဲ့ မိန်းကလေးပရိသတ်အများစုရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ နိုင်ငံကျော်ရုပ်ရှင်မင်းသား ဟိန်းဝေယံကတော့ သရဲတွေကို အရမ်းကြီး မကြောက်တတ်ဘူးဆိုပေမယ့် တကယ်တမ်းကြုံလာရင် နည်းနည်းတော့ကြောက်မယ်လို့ပြောခဲ့ပြီး မေမြို့မှာ ရုပ်ရှင်ရိုက်ရင်း သရဲခြောက်ခံရတဲ့ အဖြစ်အပျက်ကို Myanma Platform နဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

ဟိန်းဝေယံက “အဲ့လိုသရဲ အခြောက်ခံရတယ်ဆိုတဲ့ ပုံစံမျိုးတော့ ကြုံရဖူးတယ်ပေါ့နော် Hotel နာမည်တော့ ကျွန်တော်မပြောတော့ဘူး။ အဲ့တုန်းက မေမြို့မှာ ကားသွားရိုက်တာ ကားသွားရိုက်တဲ့အခါ ကျွန်တော်တို့ တည်းတဲ့ Hotel မှာ ဘန်ဂလိုရဲ့ အရှေ့မှာ ကျွန်တော် ဖုန်းထွက်ပြောတယ် ဖုန်းပြောနေတဲ့အချိန်မှာ အရိပ်တစ်ခုက ကျွန်တော်နားကို ကပ်လာတယ်။

မိုးလည်းချုပ်နေပြီ အချိန်က ကျွန်တော်ထင်တယ် ၉ နာရီခွဲလောက်တော့ရှိပြီ။ အရိပ်တစ်ခုကပ်လာတော့ ကျွန်တော်ထင်လိုက်တာက ဒီ Hotel ဝန်းထဲက လုံခြုံရေးတစ်ယောက်ယောက်ဖြစ်လိမ့်မယ်လို့ ထင်လိုက်တာ ဖုန်းဆက်ပြောနေတယ် အဲ့အချိန်မှာ အဲ့အရိပ်က ထပ်ကပ်လာတယ် ကပ်လာတဲ့အချိန်မှာ ကျွန်တော်ကလည်း ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့ အခါကျတော့ ဘယ်သူမှမရှိဘူး အဲ့မှာ လန့်သွားတယ်။

ဆိုလိုချင်တာက အရိပ်တစ်ခုက အဝေးကြီးက လာတဲ့ အရိပ်မဟုတ်ဘူး ကိုယ့်အနားကို လာနေတဲ့ အရိပ်သဘောမျိုး ဖြစ်နေတယ်။ အဲ့အခါကျတော့ ကျိန်းသေသွားပြီ ဘေးနားမှာလည်း လူမရှိတဲ့အခါကျတော့ တစ်ခုခုတော့ တစ်ခုခုပဲ Something တော့ Wrong နေပြီပေါ့နော်။ အဲ့တာနဲ့ မဖြစ်ဘူးဆိုပြီးတော့ အခန်းထဲပြန်ဝင်လိုက်တယ်။ တအားကြီး ကြောက်သွားတာတော့ မဟုတ်ဘူး သိတော့သိလိုက်တယ် ဒါကြီးက သဘာဝတော့ မကျဘူး အဲ့တစ်ခုတော့ ကြုံခဲ့ဖူးတယ်။

အဲ့ Hotel မှာပဲ အဲ့ညမှာပဲ အိပ်တဲ့အခါကျတော့ အနံ့တွေရတယ် အနံ့ဆိုတာ ဆေးရုံအနံ့လိုလို ပုပ်နံ့နံ့လိုလို အဲ့လိုမျိုးရတယ်။ ဆိုလိုတာက အခန်းထဲမှာလည်း ဘာမှလည်း ဘာမှမရှိဘူး။ ဒိလိုအဖြစ်တွေ ကြုံရတာမျိုးတော့ရှိတယ်။ သရဲခြောက်တာပဲလား ဘာလဲတော့ သေချာမသိဘူး ဒါပေမဲ့ ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်လေးတစ်ခုတော့ ကြုံခဲ့ဖူးပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

အဲ့လိုအချိန်မှာ တွေးလိုက်မိတာနဲ့ ပတ်သက်ပြီးတော့လည်း “စိတ်ခြောက်ခြားတယ် ဆိုတာထက်ကို ပထမစစချင်း တွေ့လိုက်တဲ့ အချိန်မှာ စဉ်းစားသွားတယ်ပေါ့နော်။ သတိထားလိုက်တယ် အရိပ်ကအနားမှာဆိုတော့ ပတ်ဝန်းကျင်မှာဘာများရှိတာလဲ ကိုယ်က သတိထားရမယ်လေ ပထမဦးဆုံးတော့ သတိထားဖြစ်တာ။ ပြီးတော့ အနားထပ်ကပ်လာတော့ ဘယ်လိုလဲပေါ့နော် ပတ်ဝန်းကျင်ကို လေ့လာဖြစ်တယ်။ ဒါပဲပေါ့နော် ကြောက်တဲ့စိတ်က အများကြီးတော့မဟုတ်ဘူး သတိထားဖြစ်တဲ့ စိတ်က ပိုများတယ်လို့ ပြောလို့ရတယ်။”လို့ ပြောသွားခဲ့ပါတယ်။

Share From nanmalgyi