“ကျွန်မကမဟေသီ” ဇာတ်လမ်းလေးရိုက်ပြီးတော့ စံမြန်းနဲ့အတူတူ ဖက်ပြီးငိုခဲ့တဲ့ မိန်းမချော

ပရိသတ်တွေ နေ့စဉ်စောင့်ကြည့်နေကြဖြစ်တဲ့ “ကျွန်မက မဟေသီ” ရုပ်ရှင်ဇာတ်ကားကြီးက အခုဆိုရင် ကောင်းခန်းရောက်ရှိနေပြီ ဖြစ်ပါတယ်။ သိမ်မွေ့နုနယ်ပြီး စိတ်ဓာတ်ပြတ်သားသူ စံမြန်းနဲ့ အတ္တကြီးပြီး ပိုက်ဆံတစ်မျက်နှာတည်းကြည့်သူ မိန်းမချောတို့ရဲ့ စိတ်ဝင်စားဖွယ် အားပြိုင်မှုကို တွေ့ရှိရမှာဖြစ်ပါတယ်။ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲက ဇာတ်လမ်းဇာတ်အိမ် ခိုင်မာကောင်းမွန်ရုံသာမက ပါဝင်တဲ့ သရုပ်ဆောင်တွေကလဲ သရုပ်ဆောင်ပီပြင်လွန်းတာကို တွေ့ရပါတယ်။

မနေ့က ညကတော့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲကြီး ဇာတ်သိမ်းခန်းကို ထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး ပရိသတ်တွေ ဖြစ်စေချင်တဲ့အတိုင်း မိန်းမချောက သူ့ရဲ့ လုပ်ရပ်တွေအတွက် နောင်တရခဲ့သလို မင်းမျိုးနွယ်နဲ့ စံမြန်းတို့ ဇနီးမောင်နှံကလဲ ပြန်လည်ပေါင်းဖက်နိုင်ခဲ့ပြီး အကုန်လုံး အဆင်ပြေပြေနဲ့ ပြီးဆံုးသွားခဲ့ပါတယ်။

ဒီဇာတ်လမ်းလေးရဲ့ ပဲ့ကိုင်ရှင် မိန်းမချောကလဲ “ဒီဇာတ်လမ်းတွဲလေးရိုက်ပြီးတော့လည်း ကျွန်မတို့နှစ်ယောက် မျက်ရည်ကျရတယ် ဒီဇာတ်လမ်းတွဲလေးပြီးတော့လည်း ရင်ထဲမာ ဟာ ကနဲကျန်ခဲ့တယ် ကျွန်မကမဟေသီ အောင်အောင်မြင်မြင်နဲ့ပြီးဆုံးပါပြီ ” ဆိုပြီး စံမြန်းနဲ့ ခွဲရလို့ ဝမ်းနည်းခဲ့ရကြောင်း ပြောပြထားပါတယ်။

ခွဲရမှာမို့ တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုနေကြတဲ့ စံမြန်းနဲ့ မိန်းမချော

သျှင်မရဲ့ ဝတ္ထုမှာတော့ နောက်ဆုံးဇာတ်သိမ်းပိုင်းမှာတော့ မိန်းမချောက အဖြစ်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဇာတ်လမ်းတွဲမှာတော့ မိန်းမချောက သူမရဲ့ အပြစ်တွေကို သိမြင်ပြီး နောင်တရကာ မိသားစုလေးနဲ့ ပျော်ပျော်ရွှင်ရွှင်နေပြီး ဇာတ်သိမ်းထားခဲ့ပါတယ်။ ပရိသတ်ကြီးလဲ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းပိုင်းကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source : momolay

MRTV-4 မှာ ထုတ်လွှင့်ပြသခဲ့တဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲလေးကတော့ အခုဆိုရင် ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း ဇာတ်သိမ်းသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ ကြည့်ရှုသူအများဆုံး ရရှိထားတဲ့ ဒီဇာတ်လမ်းတွဲလေးက ပရိသတ်တွေကို ပြသနေချိန်အတွင်းမှာ ရင်ခုန်စိတ်လှုပ်ရှားမှု အပြည့်အဝပေးခဲ့တဲ့ ဇာတ်လမ်းတွဲလေးလည်း ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဇာတ်လမ်းတွဲလေး ပြီးဆုံးသွားပြီဖြစ်တာကြောင့် အနုပညာရှင်တွေက နှုတ်ဆက်စကားဆိုထားကြပါတယ်။

ဒီဇာတ်လမ်းလေးထဲမှာတော့ မိန်းမချောနဲ့ စံမြန်းတို့နှစ်ယောက်က ရန်ဘက်တွေဖြစ်ကြပေမယ့် ရိုက်ကွင်းအပြင်ဘက်မှာတော့ သူမတို့နှစ်ယောက်က အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီဇာတ်လမ်းတွဲလေး ရိုက်ကူးပြီးစီးသွားချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် မလွှတ်တမ်းဖက်ပြီး အလွမ်းသယ်ခဲ့ကြပါတယ်။ အပြန်အလှန်ဖက်ပြီး နှစ်သိမ့်ပေးနေကြတဲ့ သူမတို့နှစ်ယောက်ရဲ့ဗီဒီယိုလေးကလည်း ပရိသတ်တွေရဲ့ရင်ကို ထိစေခဲ့ပါတယ်။

အခုလည်း မိန်းမချောက ” ဒီဇာတ်လမ်းတွဲလေးရိုက်ပြီးတော့လည်း ကျွန်မတို့နှစ်ယောက် မျက်ရည်ကျရတယ် ဒီဇာတ်လမ်းတွဲလေးပြီးတော့လည်း ရင်ထဲမာ ဟာကနဲကျန်ခဲ့တယ် ” ကျွန်မကမဟေသီ ” အောင်အောင်မြင်မြင်နဲ့ပြီးဆုံးပါပြီ” ဆိုပြီး သူမရဲ့ခံစားချက်လေးတွေကို ပြောပြပြီး ဗီဒီယိုလေးကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မိန်းမချောနဲ့ စံမြန်းရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Than Thar Moe Theint;

“Myanmarload’

Share From Lovely Myanmar