
ပရိသတ်ကြီးရေ MTRV – 4 ရုပ်သံဇာတ်လမ်းတွဲကနေပြသပြီး ဇာတ်သိမ်းသွားပြီဖြစ်တဲ့ “ကျွန်မက မဟေသီ” ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲလေးက ပရိသတ်တွေအားလုံးကို TV ရှေ့ကမခွာနိုင်အောင် ဆွဲဆောင်ထားနိုင်တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲနော်။ အဲ့ဒီအထဲမှာမှ ဗီလိန်ဇာတ်ရုပ်နေရာကနေ ပီပီပြင်ပြင်သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ပြစ်တင်မှုကိုလိမ့်နေအောင်ခံခဲ့ရတဲ့ ဇာတ်ကောင်နေရာကတော့ “မိန်းမချော” ဆိုတဲ့ ဇာတ်ကောင်နေရာပါပဲ။
ဇာတ်လမ်းအပိုင်းတွဲတစ်ခုပြီးတိုင်းပြီးတိုင်းမှာ ပရိသတ်တွေရဲ့ပြစ်တင်ပြောဆိုမှုတွေကိုခံရတဲ့ တကယ့်ကိုဗီလိန်နေရာ “မိန်းမချော” အဖြစ်သရုပ်ဆောင်ရသူကတော့ မင်းသမီးချောလေး သံသာမိုးသိမ့်ပါ။ သူမကတော့ အဲ့ဒီဇာတ်ကားရိုက်ကူးမှုအတွက် ကိုယ်တိုင်ပြန်မကြည့်ချင်လောက်အောင်ကို သူမကိုယ်တိုင်သူမရဲ့ဇာတ်ကောင်နေရာကို မုန်းတီးခဲ့သူပါ။ အခုလည်း ဒီဇာတ်ကောင်နဲ့ပတ်သက်ပြီး Troller တွေက “ဆယ်တန်းသာအောင်ရင် မြန်မာပြည်ပါရောင်းစားပစ်မယ့် ကမ္ဘာ့အမွှေနိုင်ဆုံး ဂြိုလ်သူမ” ဆိုပြီး သူမရဲ့ မိန်းမချောဇာတ်ရုပ်ပုံနဲ့ Troll ခဲ့တာပါ။
အနုပညာရှင်တစ်ဦးရဲ့ ကျရာဇာတ်ရုပ်အပေါ် အပီပြင်ဆုံးသရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်မှုအရ ဇာတ်လမ်းထဲမှာ ဘယ်လောက်ပဲမုန်းစရာနေရာကို ပီပြင်စွာသရုပ်ဆောင်ထားတယ်ဆိုပေမယ့် တကယ်တမ်းစိတ်ထားဖြူစင်လှပတဲ့သူမက Troller တွေကို အပြစ်မမြင်ဘဲ အဲ့ဒီပုံလေးကို save လုပ်ပြီး “ တကယ်ရောင်းလို့ရရင်ရောင်းပစ်မာနော်” လိုဆိုကာ သူမရဲ့ Facebook စာမျက်နှာမှာ စနောက်ပြီး ပြန်လည်မျှဝေခဲ့ပါသေးတယ်။
ပရိသတ်ကြီးရေ ဒီလိုချစ်စရာကောင်းတဲ့ စိတ်ထားလေးကြောင့်ပဲလား။ သူမရဲ့ကာရိုက်တာအရ သူမကို ဇာတ်လမ်းထဲမှာ ဘယ်လောက်မုန်းမုန်း အပြင်က သံသာမိုးသိမ့် ဆိုတဲ့သူမရဲ့အစစ်အမှန်ပုံစံလေးကိုတော့ ပရိသတ်တွေအားလုံးက သဘောကျနှစ်ခြိုက်နေကြတာပါ။ သူမရဲ့ ဗီလိန်ဇာတ်ကပဲ သူမကို ပရိသတ်တွေရဲ့ အချစ်တွေကို ဆွဲသိမ်းယူပေးလိုက်သလိုဖြစ်ခဲ့အောင် ချစ်စရာကောင်းတဲ့ မိန်းမချောပါပဲနော်။
အခုဆိုရင် “ကျွန်မက မဟေသီ” ဆိုတဲ့ ဇာတ်လမ်းတွဲလေးပြီးသွားတဲ့အတွက် သူမအနေနဲ့ ၀မ်းနည်းပက်လက်ဖြစ်နေရတာပါ။ ပရိသတ်တွေအားလုံးကလည်း မိန်းမချောဆိုတဲ့ ကောင်မလေးကို လွမ်းဆွတ်နေဦးမယ်လို့ ထင်ပါတယ်နော်။
ဗီလိန်တစ်ဦးအဖြစ် ဇာတ်ရှိန်မြင့်နေစဉ်အချိန်တုန်းကလည်း ပရိသတ်တွေရဲ့ အပြောတွေ၊ သူမကိုယ်တိုင်ခံစားရတဲ့ခံစားချက်တွေကြောင့် စိတ်တထင့်ထင့်နဲ့နေထိုင်ခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးပြီးသွားတော့လည်း စိတ်မကောင်းမှုတွေများစွာနဲ့အတူ သူမအပေါ်ထားရှိတဲ့ ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို မြင်တွေ့ရတော့လည်း ပျော်ရွှင်မှုတွေနဲ့ခွန်အားတွေဖြစ်စေရတဲ့ မိန်းမချောတစ်ဖြစ်လဲ သံသာမိုးသိမ့်ရဲ့ နောက်ထပ်မြင်တွေ့ရမယ့် အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း ပရိသတ်ကြီးက ဆက်လက်အားပေးကြဦးမယ်လို့ မျှော်လင့်ပါတယ်။ မိန်းမချောလေးကို လွမ်းတဲ့သူတွေရှိရင်လည်း ပြောခဲ့ပါဦးနော်။
Source – momolay
Share From swelsonenews